ယခုဆိုရင် တိုင်းပြည်အနှံ့ ဗရုတ်သုတ်ခ ဖြစ်နေရတာ ကာလ အတန်ကြာခဲ့ပါပြီ ။ သို့သော် စစ်ကိုင်း ချင်း ကယား မှ အပ ကျန်ဒေသတွေမှာ ချောင်းမြောင်း လုပ်ကြံ ဖောက်ခွဲတဲ့ အဆင့်ပဲ ရှိပါတော့တယ် ။
ပြည်သူတွေကို တကယ် ဒုက္ခပေးနေတာက လုယက် ခိုးယူနေမှုတွေပဲ ဖြစ်ပါတယ် ။ အချို့ဒေသတွေမှာ ဆိုင်ကယ် တစီး လူ နှစ်ယောက် သွားတာတောင် မလုံခြုံတော့အောင် အလုယက်ခံနေကြရပါတယ် ။
အထူးသဖြင့် မန္တလေးလို မြို့ကြီးမှာ ဖြစ်နေတာ ပြည်သူ့ရဲတွေ ရှက်စရာကောင်းလှပါတယ် ။ တရားခံတွေ ကြည့်လိုမယ်ဆိုရင် အသက် ၁၈ နှစ် မပြည့်သူတွေ ဂိုဏ်းဖွဲ့ လုယက်နေတယ်လို့တောင် ဆိုကြပါတယ် ။
ကျနော်တို့ တိုင်းပြည်ဟာ နိုင်ငံတကာ အလိုကျ လိုက်လုပ်ကြရင်း ကလေးသူငယ် အခွင့်အရေး ဘာညာ နဲ့ လက်ထိပ်မခတ်ရ မချုပ်နှောင်ရ ထောင်မချရ ဆိုတဲ့ ရူးကြောင်ကြောင် ကန့်သတ်ချက်တွေ လိုက်နာပြရင်း ဥပဒေကိုယ်တိုင် အချုပ်အနှောင်ခံနေရတဲ့ သဘော ပြနေပါတယ် ။
အမှန်က ရာဇဝတ်ကျူးလွန်ရင် ထိရောက်စွာ အရေးယူရပါ့မယ် ။ ဒီမှာက သူခိုးဆိုရင် မိလည်း ထောင် တနှစ် ၊ နှစ် နှစ်လောက်ပဲ ကျပါတယ် ။ အမှုစစ်နေတာက ၈ လ လောက်ကြာပါတယ် ။ တကယ်ထောင်ကျသွားရင် လပိုင်း နဲ့ ပြန်လွတ်လာပြီး ပြန်ခိုးစားကြတာပါပဲ ။
လူ့အသိုင်းအဝိုင်း ဝန်းကျင် တခုမှာ လူသတ်သမား နဲ့ ဒမြလို လူစားကို အကြီးစား ရာဇဝတ်သားတွေ ထင်နေပြီး သူခိုးကို ပေါ့ပေါ့ တွက်နေတာကိုက လွဲနေပါပြီ ။
တွေးကြည့်ကြပါအုံး လူသတ်သမားက သူနဲ့ ရန်စရှိသူပဲ သတ်တာပါ ။ ဒမြကလည်း မိမိဝန်းကျင် မတိုက်ဖူး ရပ်ဝေးသွားတိုက်ကြတာပါ ။ သူခိုးဆိုတဲ့ အမျိုးကတော့ အိမ်နီးချင်းလည်း လစ်ရင် ခိုးမှာပါပဲ ။
ဂျပန်ခေတ်က သူခိုးဆိုရင် သူလျှိုနဲ့ ပြစ်ဒဏ် အတူပေးတယ် ။ တခါတည်း ပစ်သတ်လိုက်တာပဲ ။ ဒီကောင် ထောင်ချလည်း ပြန်ခိုးပြီး ပတ်ဝန်းကျင် ဒုက္ခပေးမှာ သိနေလို့ပါ ။
ယခုဆိုရင် ကလေးဆိုတဲ့ သေချင်းဆိုးလေးတွေက ဆေးချ အရက်သောက် ဖာလိုက်စား နဲ့ မမြင်ချင် အဆုံးပါပဲ ။ မိရင် ပြန်လွှတ်နေမှတော့ ဘယ်သူက ကြောက်မလဲ ဗျ ။
ကဲ အဲသလောက် အုပ်စုဖွဲ့ သောင်းကျန်းနေတဲ့ သူခိုးတွေကို ကိုရွှေရဲများက အလှကြည့်နေကြတာ ဝေစု ရနေလို့လားဆိုပြီး သံသယ ဝင်စရာ ဖြစ်နေပါပြီ ။
ဒေသအပိုင်ရဲတွေ အသွင်ယူ ဖမ်းမယ်ဆိုရင် မိတာပေါ့ ဗျာ ။ စောက်လုပ်မလုပ်လို့သာ သောင်းကျန်းရဲ နေကြတာပါ ။ ရဲ ပီပီပြင်ပြင် အသွင်ယူဖမ်းနေတာကတော့ မရှိလို့ လုပ်စားနေရတဲ့ ဖာသည်မလောက် လိုက်ဖမ်းနေတာ တွေ့ရတာပါပဲ ။
သူ့ကိုယ်သူ ရောင်းစားပြီး ဘယ်သူ့မှ ဒုက္ခမပေးတဲ့ ဖာသည်ပဲ အားထည်း ဖမ်းမနေပြပါနဲ့ ။ ဒုက္ခပေး လုယက် ခိုးယူနေတဲ့ လင်ဗျားတို့ မယားပါသားလေးတွေ ကို ဖမ်းကြပါအုံးဗျာ ။ အခုနေ အခွင့်ကောင်းရှိတာက မိရင် PDF တံဆိပ်ကပ်ပြီး တခါတည်း ရှင်းပစ်လိုက်ဗျာ ။ တိုင်းပြည်အတွက် အမှိုက်သရိုက်တွေပါ အသက်ကြီးလာလေ ပြည်သူကို ဒုက္ခပေးလေ ဖြစ်မယ့် အဆိပ်သီးတွေပါ ။
အစိုးရကလည်း ကိုယ့်တိုင်းပြည် အခြေအနေ ကိုယ့်ဘာသာ သိဖို့ ကောင်းပါပြီ ။ ကလေးသူငယ် အခွင့်အရေးတွေ ဘာတွေ လုပ်မနေနဲ့ဗျ ။ ဥပဒေရဲ့ ပြစ်မှု ပြစ်ဒဏ်တွေ အမြန်ပြင် အမြန် နှိမ်နင်းသင့်ပါပြီ ။ နိုင်ငံတကာအလိုက် ဖင်ပေးပေါင်းခဲ့ရတာလည်း ကြာပါပြီ ။ ခင်ဗျားတို့ကိုလည်း ဘယ်တုန်းကမှ အသိအမှတ်ပြု အကောင်း မပြောခဲ့ပါဘူး ။
ခေတ်ကိုက အလုပ်မရှိ ဝင်ငွေမရှိလို့ ခိုးကြတာပါ ဆိုတဲ့ သူတောင်ကြောင်များ ကိုယ့်ပစ္စည်း အခိုးမခံရသေးလို့ အဲလို ပြောနေကြတာပါ ။ အလုပ်မရှိလို့ ခိုးနေတာ ခွင့်လွှတ်တမ်းဆို တနိုင်ငံလုံး ခိုးစားကြမှာပေါ့ ဗျာ ။
ဒါက သူခိုး ကိစ္စပါ ။ နောက် ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်နေရတဲ့ ပြဿနာတခုက ပုဂ္ဂိလိက ကျောင်း ပြဿနာ ။
အခုထိ ကျောင်းပြန်မဖွင့်ဘူး ။ ကျောင်းထွက် လက်မှတ်လည်း တောင်းမရဘူး ။ အဲဒါကြောင့် မိဘတွေ နဲ့ ကျောင်းသားတွေ အခက်တွေ့နေကြရတယ် ။
ဘာကြောင့် မဖွင့်သလဲ ဆိုရင် ရှင်းတယ်.....
- နစက ကို ပုဂ္ဂိလိက CDM လုပ်နေကြတာ တချက်
- သွင်းပြီးသား ကျောင်းလခ တွေ ကို ဘုန်းချင်တာ တချက်
- PDF ထဲ ဝင်ပြီး သောင်းကျန်းရင်း သေသွားတာ နဲ့ ထောင်ကျနေကြတာ တချက်
အဲဒါတွေကြောင့် မဖွင့်ကြတာပါ ။ အရမ်းမစိုးရိမ်ကြပါနဲ့ ယခုဆိုရင် နိုင်ငံတော်အဆင့်မှ ဒီ ပြဿနာကို သိသွားပါပြီ ။ ပုဂ္ဂိလိကကျောင်းအပ်နှံထားပြီး အထက်ပါ ပြဿနာ တက်နေသူများ အတွက် အကောင်းဆုံး ဖြစ်အောင် မနစ်နာရအောင် ဆွေးနွေးနေပါပြီ ။ မကြာခင် သတင်းထုတ်ပြန်ပါလိမ့်မယ် ။
ဒါက ပညာရေး တောကြောင် ပြဿနာပါ ။ တောကြောင်တွေကို အမြန်ရှင်းနိုင်မှ ပြည်သူတွေအတွက် မြွေပူရာ ကင်းမှောက် မဖြစ်ကြမှာပါ ။
ပြည်ထဲရေးရဲ့ တာဝန်တွေ ဖြစ်တဲ့အတွက် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ စကားအရ အဟုတ်မဖြစ်သေးတာ ရဲ တွေ တကယ်မလုပ်လို့ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါပြီ ။ ကိုယ့်တာဝန်ကို ကျေပွန်ဖို့ ကောင်းပါပြီ ဗျာ ။
ကိုရွှေမျိုးဝင်း
(ကိုလိုနီခေတ်ကတည်းက ကောင်းနိုး ကောင်းနိုး စောင့်လာရတာပါဗျာ )