Tuesday, November 9, 2021

စေ့စေ့ကြည့်မှ ရေးရေးပေါ် သင်လူတော် မဟုတ်


      တခါတရံ နိုင်ငံရေး ပို့စ် တွေ ရေးတဲ့အခါ အယူအဆမတူရင် ငြင်းခုန်ကြရတာ ထုံးစံပါပဲလေ ။

      မနက်ကတောင် ပို့စ် တခုတွေ့လိုက်ပါရဲ့ ။ ဘာတဲ့ မျိုးဝင်း စာတွေ ဖတ်ပြီး လိုက်လုပ်မနေနဲ့ သေကုန်မယ်ဆိုတဲ့ သဘောပါပဲ ။ သူပြောချင်တာက အခု ကျောင်းဖွင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆိုလိုတာပါပဲ ။ 

       တခါတရံ ကျနော်တို့ဟာ မိမိလွန်ဆန်လို့ မရတဲ့ အခြေအနေမျိုးမှာ မိမိအခြေအနေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ လိုအပ်ပါတယ် ။ 

      ယခု နစက မှ ကျောင်းတွေ ဖွင့်ပြီ ။ ခင်ဗျားတို့ သားသမီးတွေ မထားဖူးလား ပြဿနာ မရှိဘူး သူကတော့ သူ့မူဝါဒ အရ ဖွင့်မှာပဲ ။ ဒီ နှစ် မထားဘူး နောက်နှစ်မှ ထားမယ် ဆိုပါတော့ ။ 

       ယခုနှစ် G 10 နော် ။ မထားရင် နောက်နှစ်လည်း G 10 ပဲ ။ 
ရိုးရိုးသာမန် G 10 မဟုတ်တော့ဖူး ။ တက္ကသိုလ်တက်ခွင့်ရဖို့ G 12 ထိ တက်ရမယ့် G 10 ပါ ။ 

          ဒီတော့ မထားခဲ့ရင် ဒီ နှစ်ကျမယ် ၊ နောက်ထပ် G 12 အထိ သင်ရမယ့် နှစ်က သုံးနှစ်ပါ ။ စုစုပေါင်း လေး နှစ် တိတိ တက္ကသိုလ် တက်ခွင့်ရဖို့ ကျိုးစားရတော့မယ် ။ 

         အသက်ကြီးသွားမယ့် ကလေးရဲ့ အချိန်တွေ ၊ လေးနှစ်စာ ကုန်ကျရမယ့် ပညာရေးစရိတ် ဒါတွေကော တွေးမိကြသလား ၊ သိကော သိကြရဲ့လားလို့ ကျနော် ပြန်မေးရင် စိတ်မဆိုးကြပါနဲ့ ။ 

        လုံခြုံရေး စိတ်မချတဲ့ အရပ်ဒေသတွေမှာ ဆရာ ဆရာမ တွေကိုတောင် သွားမတက်ဖို့ ကျနော်တို့ အကြံပြုခဲ့ပါသေးတယ် ။ ကျောင်းတက်သင့်တယ် ဆိုတာ အန္တရာယ် နည်းပါးတဲ့ ဒေသတွေက ကျောင်းသူ ကျောင်းသားတွေကို အကောင်းဆုံး ဖြစ်မယ့် အကြံပေးတာပါ ။ 

          ဆိုရှယ် မီဒီယာခေတ်မှာ သတင်းပေါက်ကွဲမှု မြန်ဆန်ပြီး အကြောက်လွန် စိုးရိမ်စိတ်တွေ နဲ့ ဖြန့်ချီနေလို့ ရောယောင် ကြောက်နေကြတာပါ ။ လိုင်းပေါ်မှာ ဖွသလောက် ကြောက်နေရရင်ဖြင့် ဒီကနေ့ အပြင်တောင် ထွက်ရဲ စရာ မရှိပါဘူး ။ 

         ကျောင်းတက်ခြင်း မတက်ခြင်းဟာ မိမိ အခြေအနေ နဲ့ မိမိဆုံးဖြတ်ရမယ့် ပြဿနာပဲ ဖြစ်ပါတယ် ။ ကိုယ်မတက်ရဲတာ နဲ့ မြေခွေးအမြှီးဖြတ်သလို သူတပါးတွေပါ မတက်ကြရအောင် ခြောက်လှန့်ပြနေတာ မဟုတ်သေးဘူးလို့ ယူဆပါတယ် ။ 

          ကိုယ်မတက်ရဲလို့ တက်နေသူတွေ စာမေးပွဲအောင်ပြီး ကိုယ့်ကလေး ကျန်နေမှာကြောင့် ကျောင်းမတက်ဖို့ လှုံ့ဆော်နေတာ ဆိုရင်တော့ PDF အကြိုက်ပဲပေါ့ ဗျာ ။ 

      ကိုယ်စွန့်စားပြီး မခူးရဲတဲ့ သစ်သီး စွန့်ဝံ့သူ ခူးစားနေတာကိုလည်း ချိုပါစေ ဆုတောင်းပေးမှ သူတော်ကောင်း ဗျ ။

         ကျောင်းတွေ ပိတ်ထားစေချင်သလား နစက ကို စိတ်ပြောင်းအောင် ကြိုးစား ဒါမှ မဟုတ် ကိုယ်တိုင် တပ်ချုပ်ကြီးဖြစ်အောင် ကျိုးစား အဲသလို မလုပ်နိုင်ဘူးလား အခြေအနေအရ အကောင်းဆုံး ဖြစ်အောင် ဆုံးဖြတ်ကြပေတော့ ။ သာမန်ပြည်သူတွေရဲ့ အနေအထားက အဲဒါ လက်ကုန်ပဲ ။

       ကိုယ့်အခြေအနေကိုယ် မသိပဲ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအပေါ် အခြေတည်ပြီး အကြောင်းအရာများအား လေ့လာသုံးသပ်ကြရာမှာ စေ့စေ့စပ်စပ် ကြည့်ရှု လေ့လာတာတောင် ခပ်ရေးရေးပဲ သဘောပေါက်ပါတယ် ဆိုရင်ဖြင့် လူတော်စာရင်း မဝင်နိုင်ပါဘူး ဗျာ ။ 

          ဒီမိုကရေစီ စနစ်မို့ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ် ။ မျိုးဝင်းသည် ငါ နဲ့ မတူ ငါ့ရန်သူ လုပ်နေတဲ့ ခွေးစိတ်ပေါက်နေသော PDF မဟုတ်ပါဘူး ။ 

     ကိုရွှေမျိုးဝင်း 

(ရည်ညွှန်းချက် ကောင်းသလို လုပ်ဆောင်ချက် ကောင်းဖို့လည်း လိုသဗျ)