Oo Oo Aung ACC. အကြောင်း ကြားရတာ စိတ်မကောင်းစရာပါပဲ ။ ကျနော် နဲ့ fri မဟုတ်ပါဘူး အရင်က ဖြစ်ခဲ့ဖူးရင်တော့ မသိပါဘူး ။
သူက မူလတုန်းကတော့ တပ်မတော် ထောက်ခံသူအမှန်ပါတဲ့ ။ နောက်တော့ မျိုးချစ်ပြည်သူတွေ အသတ်ခံရမှု အပေါ် စိတ်ခံစားမှု များသွားပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရင်း လက်ရှိ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ နဲ့ အခြေအတင် ဖြစ်လာရသတဲ့ ။
အဲဒါနဲ့ မန္တလေးသား ကိုချစ်ကိုက သူ့ကို မိတ်ဆွေချင်း ထိမ်းတဲ့ အနေနဲ့ ဝင်ပြီး ဆဲဆို ထိမ်းတယ်လို့ ကြားရပါတယ် ။ ဒါနဲ့ သူက ကိုယ့်အချင်းချင်း စိတ်နာပြီး သူနဲ့ ရင်းနှီးတဲ့ မျိုးချစ် အချို့ရဲ့ ကိုယ်ရေးအချက်တွေကို PDF တွေဆီ ပေးပို့ပြီး ခြောက်ချခဲ့သတဲ့ ။
အဲဒါကို ဖမ်းမိတဲ့ PDF တွေ ရဲ့ ဖုန်းတွေကို စီစစ်ရင်း တွေ့ရှိသွားပြီး သူ့ကိုပါ အကြမ်းဖက် အားပေးအဖြစ် အရေးယူခဲ့ပါသတဲ့ ။
ဒီဖြစ်စဥ်ကိုကြည့်ရတာ စိတ်မကောင်းစရာပါပဲ ။ ကျနော်တို့ အချင်းချင်း စိတ်သဘောထားတွေ တထပ်ထဲ ဘယ်ကျပါ့မလဲ ။ အဲဒါကို စိတ်ဆိုးလို့ ဘယ်ရမလဲဗျာ ၊ အလွန်ဆုံး စိတ်ဆိုးလည်း ပြန်ဆဲပေါ့ဗျာ ဒီလို သူတဖက်သား အသက်အန္တရာယ်ရှိအောင် ပြုမူတယ် ဆောင်ရွက်တယ် ဆိုတာကတော့ အတော်ဆိုးဝါးတဲ့ အပြုအမူလို့ ယူဆကြရမှာပါပဲ ။
ကျနော်တို့လည်း မကြာခဏ ငြိကြတာပါပဲ ။ ဘာဆန်းတာ မှတ်လို့ဗျာ ၊ ကိုယ့်အယူအဆ သူ့အယူအဆ ငြင်းခုန်းပြီးရင် တော်ရောပေါ့ ဗျာ ။
ဟိုတလောတုန်းက ကျနော်လည်း နိုင်ငံရေးပါရဂူကြီးနဲ့ အနည်းငယ် ငြိခဲ့တာပဲ ။ သူနောက်ဆုံးရေးတဲ့ ပို့စ် တောင် မိတ်ဆွေတွေက messenger ကနေ ပို့ပေးပါသေးတယ် ။
ကိုယ့်ကို block သွားတဲ့ နောက်မှာတော့ ကျနော်ပြန်ပြောစရာ မလိုတော့ပါဘူးဗျာ ။ ဘာပဲပြောပြော NLD မုန်းတာနဲ့တင် ကျေအေးပေးဖို့ ထိုက်တန်နေပါပြီ ။
အခု ပြဿနာက တပ်မတော်ရဲ့ အားမရဖွယ် ဆောင်ရွက်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သူ နဲ့ ထိမ်းထိမ်းသိမ်းသိမ်း ဝေဖန်သူအကြား မျှခြေပျက်သွားပြီး နားလည်မှု မပေးနိုင်ပဲ ရန်ဘက်အသွင် ဆောင်သွားလို့ မှားသွားတာပါ ။
စိတ်မကောင်း ဖြစ်ကြရပေမယ့် ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ သင်ခန်းစာယူယုံမှ အပါး ဘာမှ မတတ်နိုင်တော့ပါဘူး ။
အကောင်းဆုံးကူညီဖို့ကတော့ တချိန်က သူရေးခဲ့ တပ်မတော် ကောင်းကျိုးလိုလားတဲ့ ပို့စ် တွေကို စုဆောင်း သိမ်းဆည်းထားပြီး တရားရုံးမှာ သက်သေထွက်ဆိုပေးဖို့ပဲ ရှိပါတော့တယ် ။ ဒါမှသာ အသက်သာဆုံး ပြစ်ဒဏ် ခံရမှာ ဖြစ်ပါတယ် ။
လူ့သဘောအရ ဖြစ်တတ်တဲ့သဘောရှိတာမို့ ကိုချစ်ကိုတို့ကလည်း စိတ်မကောင်းဖြစ်နေကြတယ်လို့ ကြားသိရပါတယ် ။ ကျန်ရစ်တဲ့ သမီးလေးကို အပြင်ကနေ ကူညီအားပေးရင်း ကျနော်တို့ အယူအဆတွေ ဘယ်လောက် ကွဲကွဲ NLD ကို မုန်းတီးနေရင် လက်တွဲဖော်လို့ သတိရပြီး အမုန်းလက်စ ဖြတ်တောက်ကြပါစို့ဗျာ ။
ကိုရွှေမျိုးဝင်း
(ရန်သူရဲ့ အင်အားချိနဲ့ပြိုကွဲချိန်မှာ မိမိအာအားကို စုစည်းကြရပါမယ်...)