Tuesday, November 9, 2021

တော်ဝင်နှင်းဆီ ဟူသည်


            မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ကန်တော်ကြီး နဲ့ ၁၂ မိုင် အကွာမှာ အင်းထိပ်ဦး ဆိုတဲ့ ကျေးရွာ ရှိပါတယ် ။ 

       အဲဒီရွာမှာ ၁၂၅ ဧက ကျယ်ဝန်းတဲ့ နှင်းဆီခြံကြီး တခုရှိပါတယ် ။ သူက အင်္ဂလိပ်လက်ထက်ကတည်းက ၅၂ ဧက အမည်ပေါက်ခဲ့ပြီး ဦးနေဝင်းလက်ထက်မှာ ၈၅ အထိ တိုးချဲ့ အမည်ဖောက်ခဲ့ပါတယ် ( ဘယ်ကာလမှာ ရမှန်းတော့ မသိရပါ)

      အဲဒီနောက် ဧက ၄၀ ကို ဆက်စပ်ဝယ်ယူလိုက်လို့ ယခု ၁၂၅ ဧက ဖြစ်သွားပါတယ် ။ 

      နှင်းဆီပန်းတရစ် စိုက်ပျိုးရင် အရင်း သိန်း ၄၀၀၀ ကုန်ကျပါတယ် ။ အဲဒီထဲမှာ တပင်ကို သိန်း ၅၀ တန်တဲ့ နှင်းဆီပင်တွေ ရှိနေပါသေးတယ် ။ 

   ရွာတွေကို တော်ဝင်နှင်းဆီမှ ရေမီးရအောင် စီစဉ်ပေးထားပါတယ် ။ အာဏာပိုင်တွေနဲ့ ရင်းနှီးပြီး ခြံထဲက တရုတ်တွေက ၂၀၁၈ မှာ ကားနဲ့ တိုက်သတ်တဲ့ လူသတ်မှုတောင် အမှုကစ ဖျောက်ဖျက်ပစ်နိုင်တာ ကြည့်ပါ ။

      ခြံအဝ နဲ့ အိမ်နဲ့က မိုင်ဝက်ဝေးပြီး အိမ်ဆီကို ရောက်ဖို့ တံခါး နှစ်ဆင့်တောင် ထပ်မံထားရှိပါတယ် ။ ဝင်ဝင်ခြင်း ဘယ်ဖက်ခြမ်းမှာ အယောင်ပြ အဆောက်အဦးတလုံး တွေ့ရမှာပါ ။ 

         ခြံနဲ့ ဆက်စပ်နေတဲ့ တောင်ကုန်းထိပ်မှာ ဘန်ဂလို တခုရှိပါတယ် ။ ရေကန်လည်း တခုရှိပါတယ် ။ အဲဒီကို သွားလို့ရသလို ၁၀ ဆင့်ရေတံခွန်ဆီကို ဆက်စပ်ထားတဲ့ လမ်းလည်း ရှိပါတယ် ။ 

         တိရိစ္ဆာန် ဥယျာဉ်အသေးလေး ရှိပါတယ် ။ ဝန်ထမ်းအင်အား ၁၅ ယောက်ခန့် ထားရှိတယ်လို့ သိရပါတယ် ။ 

        နောက်ပြီး ၂၅ ဧက ကို သီးသန့် ခြံခတ်ထားပါတယ် ။ အုတ်အနီရောင်လေးတွေ နဲ့ လမ်းခင်းထားပြီး စတီးတံခါးကို တပ်ဆင်ကာ ကိုက် ၃၀၀ ခန့်မှာ အဆောက်အဦးတွေ ရှိပါတယ် ။ 

       တော်ဝင်နှင်းဆီုခြံထဲမှာ လုံးဝသီးသန့် ၁၅ ဧက ရှိနေပါသေးတယ် ။ အဲဒီထဲမှာတော့ မည်သူမျှ ထိတို့ခွင့် မရတဲ့ အထူးနှင်းဆီပင် ၂၀၀၀၀ ရှိပါတယ် ။ ပီကင်းကနေ တကူးတက မျိုးစိတ်သစ် ဖောက်ပြီး အထူးလက်ဆောင်ပေးအပ်ထားတဲ့ အပင် ၂၀၀၀၀ ဖြစ်ပါတယ် ။ တပင်ခြင်းဆီမှာ ကုဒ်နံပါတ်တွေနဲ့ စနစ်တကျ တပ်ဆင် ထိမ်းသိမ်းထားပါတယ် ။ 

     တခြံလုံးမှာ အလုပ်သမား ၅၀ ခန့်ရှိပါတယ် ။ ရေခဲသေတ္တာတွေမှာ ကမ္ဘာအရပ်ရပ်က အသားမျိုးစုံကို အမြဲဖြည့့်ထားကြပါတယ် ။ 

      စိတ်ဝင်စားစရာ တော်ဝင်နှင်းဆီခြံကြီးကို အဓိကအုပ်ချုပ်နေတာက NLD ဦးစိုးညွှန့် ရဲ့ သား ကိုစိုးလင်းထွန်း ဖြစ်ပါတယ် ။ ၂၀၀၁. ၂၀၀၂ လောက်တုန်းက သေပြီလို့ လူသိများခဲ့တဲ့ ကိုစိုးလင်းထွန်းဟာ လှို့ဝှက်စွာပဲ တန်ဖိုးကြီး နှင်းဆီခြံကြီးကို ကြီးကြပ်နေရပါတယ် ။ 

      ပိုပြီးထူးဆန်းတာက သူ့ဇနီး ဒေါ်သန္တာလင်းပါပဲ ။ ရန်ကန် သာကေတသူ ဒေါ်သန္တာလင်းဟာ မေမြို့က တော်ဝင်နှင်းဆီခြံကြီးရဲ့ အကြီးဆုံးတာဝန်ရှိသူနဲ့. လင်မယားပေမယ့် ခြံထဲမှာ မနေပါဘူး ။ 

    သူမဟာ ဗိုလ်ချုပ်ရဲမြင့်ရဲ့ ခြံကြီးနဲ့ မျက်နှာခြင်းဆိုင် ခြံကြီးမှာ နေပါတယ် ။ တော်ဝင်နှင်းဆီရဲ့ လှို့ဝှက်ချက်တွေက ဒေါ်သန္တာလင်းဆီမှာ အများအပြား သိုဝှက်ထားပါတယ် ။ 

     ပိုပြီး ထူးဆန်းတာက သူမအဖေ က သူမ နဲ့ အတူ မနေပဲ တော်ဝင်နှင်းဆီခြံ နဲ့ ကိုက် ၅၀၀ အကွာမှာ သီးခြား ခြံခြင်းကပ်အဖြစ် နေထိုင်တာပါပဲ ။ 

     ဒေါ်သန္တာလင်းရဲ့ အဖေက်ို မိတ်ဆွေတွေ ဆဝါးမိအောင် ဆက်စပ်ပြရမယ်ဆိုရင် ပဲခူးက နာမည်ကျော် ဂျမား ရဲ့ အမေရဲ့ ဘာညာ ဘာညာ ပါ ဗျာ ။ 

     တော်ဝင်နှင်းဆီခြံကြီးထဲမှာ အင်မတန် တန်ဖိုးကြီးတဲ့ ခွေးကြီးတွေကို အဲယားကွန်းတပ် အိမ်ကြီးတွေနဲ့ ထားပါတယ် ။ ခွေးပိုင်ရှင်က စိတိဝင်စားစရာ နာမည်ကျော် မိုက်ကယ်မိုးမြင့် ပါခင်ဗျ ။ 

      ခြံထဲက အဆောက်အဦးတွေမှာ အနားယူဖို့ စနစ်တကျ ဘယ်သူလာရင် ဘယ်အခန်းဆိုတာ အမည်နဲ့တကွ သီးသန့် ထားရှိပါတယ် ။ 

      ပြေတီဦးတောင် ဘိလိယက် မကြာခဏ လာပြီး ထိုးလေ့ရှိပါတယ် ။ 

      ပီကင်းက တကူးတက မျိုးစပ်ပြီး ပေးထားခဲ့တဲ့ တန်ဖိုးကြီး နှင်းဆီပင် ၂၀၀၀၀ ရဲ့ နာမည်က ဒေါ်အောင်ဆန်းစုကြည် တဲ့ ။ 

      အထူးဧည့်သည်တွေ အနားယူဖို့ အမည်နဲ့ တကွ သီးသန်းထားရတဲ့ အခန်းတွေက တံခါးဝရှိ နာမည်တွေက 

ဒေါ်အောင်းဆန်းစုကြည် 
ဦးဝင်းမြင့် 
ဇော်မြင့်မောင် 
ဦးဝင်းထိန်.........

    အစရှိသဖြင့်ပေါ့ လေ ။ 

       လူသူမသိတဲ့ အဲဒီခြံကျယ်ကြီးထဲမှာ CRPH က ပုဂ္ဂလ်တွေ နဲ့ မင်းသား မင်းသမီး မော်ဒယ်တွေ ရှိနေနိုင်ပါတယ် ။ ရှာဖွေစစ်ဆေးဖို့ လိုအပ်တဲ့ နေရာအဖြစ် သတင်းပေးချင်ပါတယ် ဗျာ ။ အင်းထိပ်ဦး ဥက္ကဌဟာ သူတို့ခိုင်းဖတ်အဆင့်မို့ သူ့ကို စစ်ဆေးရင် အတော်အတန် သိနိုင်ပါတယ် ။ 

      ကို​ရွှေမျိုးဝင်း

(မှတ်မှတ်ရရ 12-3-2021 နေ့က တင်ခဲ့တဲ့ ပို့စ် လေးပါ ။ နိုင်ငံတော်က သိမ်းရင်လည်း ဒီလို တိတိကျကျ သတင်းပေးခဲ့တဲ့ မျိုးဝင်းကို ဆုကြေးပေးသင့်တယ် နော် အခုထိ ယောက္ခမအိမ် ကပ်နေရတုံး နစကကြီး သိဖို့......)