ရုပ်သေးရုပ်နိုဘယ်ဆုရှင်အမေစုကို အသုံးချလို့မရတော့အခါ.... အမေရိကန်သံအမတ်ဟောင်းကိုလွှတ်ပြီး သူ့နိုင်ငံသားသတင်းထောက်ဒန်နီရယ်ကို လွှတ်ဖို့ညှိတယ်။ မညှိနိုင်ရင်လည်း အမေရိကန်လွှတ်တော်အမတ်တွေက ပွစိပွစိလုပ်မယ်.... အန်ကယ်ဂျော့ခ်ျဆိုးရော့စ်ကြီးကပါ သူမွေးထားတဲ့သူမို့ ဖြစ်နိုင်ပါတယ်.... အမေရိကန်နိုင်ငံသားဖြစ်ရတာ ဒီတစ်ခုတော့ကောင်းသလိုလိုရှိတယ်...
ဂျပန်ကြီးကိုအမြန်စေလွှတ်ပြီး ပြည်တွင်းတည်ငြိမ်စေကြောင်း.... အချိုးကျစနစ်လက်ခံဖို့.... ပြည်နယ်တွေကိုကူညီပေးဖို့တွေဆွယ်လိုက်ပြီး ပေါက်ဖော်တရုတ်ကြီးမလုပ်ပေးနိုင်သေးတဲ့ လက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးကို ဂျပန်ကဦးဆောင်ပြတော့မယ်ပေါ့.... တောင်ကိုရီးယားကလည်း အမေရိကန်ရဲ့အလိုတော်အတိုင်း ရင်းနှီးမြှုပ်နှံမှုဝင်ဖို့တာစူပြနေတယ်....
အမေရိကန်ဆိုတာက မျက်နှာနှစ်ဖက်ရှိတဲ့အင်အားကြီးနိုင်ငံ.... CIA က တစ်မျိုးမွှေတယ်... အိမ်ဖြူတော်အစိုးရတစ်မျိုးမွှေတယ်... တစ်ခါတစ်လေ လွှတ်တော်အမတ်တွေကပါမွှေချင်ရင်မွှေသေးတာ...
မြန်မာကို အပိုင်ချုပ်မရတဲ့အတူတူ.... တရုတ်ကြီးလည်းမပိုင်ရအောင်.... ထန်းလျှက်ခဲကိုခွေးတွေဝိုင်းယက်သလို.... လုံးပါး ပါးအောင်လုပ်နေတာလို့မြင်တယ်....
တကယ်သာမြန်မာကို အမေရိကန်ကမျက်နှာသာပေးချင်ရင်.... စီးပွားရေးပိတ်ဆို့မှုအကုန်ဖွင့်.... အခွန်ကင်းလွတ်နဲ့ကုန်ပစ္စည်းတင်ပို့ခွင့်တွေပေး.... အမေရိကန်ကကုမ္ပဏီကြီးတွေဝင်လာစေပြီးပြီ။....
အာရပ်နိုင်ငံတွေကအာဏာရှင်တွေပါပဲ.... အမေရိကန်ကသူ့အတွက်အကျိုးရှိရင်... ဒီမိုကရေစီမဖြစ်လည်း မျက်နှာသာပေးနေခဲ့တာပဲ။
တရုတ်ဘာလို့တိုးတက်လာလဲမေးရင်.... တစ်ပါတီအာဏာရှင်စနစ်.... နိုင်ငံရေးဝင်မရှုပ်နဲ့... စီးပွားရေးကိုပဲဖွင့်ပေးထားတာ။ လုပ်သားအင်အားစျေးပေါတယ်.... ပညာရှင်လိုသလောက်ရတယ်.... တည်ငြိမ်အေးချမ်းမှုရှိအောင်... စစ်တပ်ကအင်အားကြီးတယ်.... သူဌေးတွေကလည်း မတည်ငြိမ်တဲ့နိုင်ငံမှာ သူတို့ရဲ့ငွေတွေလာရောက်ရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး....
အခုရွှေ့နေတဲ့အမေရိကန်အကွက်တွေက မသိရင်..... NUG နဲ့ PDF တွေကို မထောက်ခံတော့လို့... အမေရိကန်သံရုံးနားတစ်ဝိုက် ဗုံးတွေကွဲတယ်ပေါ့...
မယုံနိုင်ဘူး... အမေရိကန်သံအမတ်စီးတဲ့ကားကို ဗုံးခွဲခံရတယ်ဆိုရင်တော့ နည်းနည်းယုံချင်မိမယ်...
ဘယ်လိုပဲဖြစ်ဖြစ်.... အမေရိကန်လိုချင်တာက မြန်မာပြည်ကို တရုတ်တို့ခြေမချနိုင်ရေး....
OIC နဲ့ ကစ္စတန်....နီးရှားနိုင်ငံတွေလိုချင်တာက မြန်မာပြည်မှာ ဘင်္ဂလီတွေကို အခြေချနိုင်ရေး...
ကြားထဲကအမြတ်ထွက်သွားတာကရုရှား....
ရုရှားရဲ့ပစိဖိတ်ရေတပ်အတွက်... အဝေးရောက်ဆိပ်ကမ်းကြီး တစ်ခုအဖြစ် အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ဆောက်လာနိုင်တော့မှာမို့ပဲ....
ဒီပွဲမှာ.... မြန်မာက အမြတ်မထွက်ဘဲ အိတ်ထဲကပါပေးလိုက်ရတာ.... PDF တွေပေါ်ပေါက်လာပြီး စိတ်ဝမ်းကွဲစေခဲ့လို့....
တရုတ်က အရင်းထဲမပါသေးဘဲ... အမြတ်ထဲကပေးလိုက်ရတယ်....
အမေရိကန်အတွက်က မြန်မာပြည်အစိတ်စိတ်အမွှာမွှာမပြိုမကွဲသရွေ့.... ပုံအောပြီး လောင်းနေဦးမယ်ဆိုတာ အသေအချာပဲ....
အမေရိကန်ကိုယ်တိုင်.... ခွေးဖြစ်မှ.... မြန်မာပြည်သက်သာမယ်.... မဟုတ်ရင်... ဝိုင်းအယက်ခံရတာနဲ့... ထန်းလျှက်ခဲလိုဖြစ်နေပြီ.....
တရုတ်ကြီးက အင်အားကြီးလာပြီး.... အမေရိကန်ကိုအလဲထိုးသိပ်နိုင်တဲ့နေ့အထိ... တောင့်ထားနိုင်ရင်တော့.... မြန်မာပြည်မြေပုံအသစ်မဆွဲရသေးပါဘူး...
စီးပွားရေးပြိုလဲမှုဒဏ်ကိုတော့.... အလူးအလဲခံပေရဦးမှာပေါ့.... ကြပ်တည်းမှုကို... ချွေတာမှုနဲ့ပဲ ကျော်ဖြတ်နိုင်ပါစေ.....
#MarioMoeset