Thursday, November 18, 2021

အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်ကို ဖမ်းမိ


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရန်ကုန်မြို့အတွင်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အကြမ်းဖက်လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်လျှက်ရှိသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း အကြမ်းဖက်သမား ဖြိုးဇေယျာသော်ကို ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ညနေပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာဝန်းအတွင်း၌ ရောက်ရှိနေကြောင်း အမေရိကန်ရောက် အိပန်ဆယ်လိုနှင့် စင်္ကါပူရောက် ဒေါ်အိုင်းရင်းတို့၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း MHT က အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ အကြမ်းဖက်ခေါင်ဆောင် ဖြိုးဇေယျာသော်နှင့်အတူ အကြမ်းဖက်သမား အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း သိရသည်။ ဖြိုးဇေယျာသော်ဖမ်းဆီးခံရမှုကြောင်း PDF အကြမ်းဖက်သမားများ မကြာမီကျဆုံးတော့မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
#MHTNEWS

Related Posts: