Friday, November 5, 2021

ရုရှားရေတပ်က ဇီရာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်တွေကို အသုံးပြုနိုင်တော့မည်ဟု ဗလာဒီမာပူတင်ပြောကြား


ဟိုက်ပါဆောနစ်လက်နက်တွေဟာ အင်အားကြီးနိုင်ငံတွေကြား သူ့ထက်ငါအပြိုင်ဖြစ်လာနေတဲ့ လက်နက်အမျိုးအစားတစ်ခုဘဲဖြစ်ပါတယ်။ အဲဒီလက်နက်ကို အမေရီကန် တရုတ်နဲ့ ရုရှားတို့က လက်ရှိမှာပိုင်ဆိုင်ထားကြပြီး အနည်းဆုံးနိုင်ငံလေးခုထက်မနည်းကလည်း ဒီလက်နက်တွေရဘို့ အပြင်းအထန် ကြိုးစားလျက်ရှိပါတယ်။ ယခုအခါမှာ ရုရှားရေတပ်ကလည်း ဇီရာကွန်ဟိုက်ပါဆောနစ်မစ်ဇိုင်းလက်နက်တွေကို ၂၀၂၂အတွင်းမှာ စတင်တာဝမ်ထမ်းဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားအကြီးအကဲဖြစ်သူ ဗလာဒီမာပူတင်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် ရုရှားတပ်မတော်ဟာ ဟိုက်ပါဆောနစ်ဒုံးတွေကို မြေပြင် ရေပြင်နဲ့ ရေအောက်ကနေပါ ပစ်ခတ်တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်လာတော့မှာလို့ ဆိုရတော့မှာဖြစ်ပါတယ်။

လမင်းမောင် ✍️✍️✍️
၅-၁၁-၂၀၂၁ (သောကြာ)