Friday, November 5, 2021

လက်ရှိအခြေအနေတွေနဲ့ပတ်တတ်ပြီး ဘာမှ စိတ်ပူစရာ မလိုဘူးဗျ !


ကဲ !
ပထမဆုံးစပြီး တိုက်ပွဲဖြစ်ခဲ့တဲ့
ကချင်ပြည်နယ် တာဝါတိုင်ကုန်းတိုက်ပွဲ
တပ်မတော်ကဘဲ အောင်လံစိုက်ခဲ့တာဗျ👌

ချင်းပြည်နယ်
မင်းတပ်မှာလည်း လိုင်းပေါ်မှာတော့
CNF ,CDF တွေက မြို့ကိုသိမ်းလိုက်ပြီအော်ခဲ့ပေမယ့် ၊ နောက်ဆုံးမှာတော့ တပ်မတော်ကဘဲ
အောင်လံစိုက်ခဲ့တာဘဲလေဗျာ👌

ကယားပြည်နယ်မှာလည်း
လိုင်းပေါ်မှာတော့ ဒီမော့ဆိုးရဲစခန်းကြီးကို
PDF နဲ့ ကယန်းသူပုန်တွေက သိမ်းလိုက်ပြီဆိုပြီး
လော်ခဲ့ကြပေမယ့် တကယ့်မြေပြင်မှာတော့
ခြံစည်းရိုးတောင် မဖောက်နိုင်ခဲ့ကြဘူးဗျ👌

ပြည်ပအရေးနဲ့ပတ်တတ်ပြီးလည်း
ဘာပူစရာလိုသေးလည်းဗျာ

R2P တွေ ၊ နေတိုးတွေ ၊ UN တွေ
လာဖို့နေနေသာသာ ၊ အခုဆိုရင် အသံတောင်
မထွက်ကြတော့ဘူးဗျ👌

အာဆီယံတွေ ဘာတွေညာတွေ ဖျင်လာမယားနဲ့
ဒေသတွင်းလောက်ကိုမပြောသေးဘူး
USတောင် စစ်မခင်းရဲလို့ အရှက်ပြေ ရေခဲရေကို
မှုတ်သောက်နေရပြီဗျ👌

လိုင်းပေါ်ကနေ လုပ်ကြံခံရတဲ့သတင်းတွေလား?
၅၀/၅၀ ဘဲ ရှိတာဗျ👌
အချင်းချင်း အဝေမတည့်လို့ဗျင်းကြတာက ၅၀
တချိန်ကရန်ငြိုကြောင့် ဆော်ကြတာက ၃၀
ဒလန်အစွပ်ခံရတာ ၂၀

ဒီ ၂၀ ထဲ ကိုယ်မပါဖို့အရေးကြီးတယ်👌

ဘယ်မီဒီယာတွေရဲ့သတင်းတွေကိုမှ မယုံကြနဲ့ 
ဒီမီဒီယာတွေ သတင်းတွေသာမှန်ကန်ခဲ့ရင်
အခုချိန် US စစ်တပ်ကြီး မြန်မာ့မြေပေါ်မှာရောက်နေမှာပေါ့ဗျာ☺

အာဏာထိန်းပြီး ၇၂ နာရီအကြာကတဲ့က လာနေတဲ့
ပြည်ပတပ်တွေ😂

ဒီတော့ဗျာ
ရာသီဥတုအကူးအပြောင်းမှာ ကျန်းမာရေးကို
အရင်ကထက်ပိုပြီး ဂရုစိုက်ကြပါလို့ ပြောပါရစေ😘

  သေရွာပြန်
     ဖိုးမှန်