Friday, November 19, 2021

တချို.နေရာတွေမှာ ပျော်လို့..ရွှင်လို့ဘုရားသွားကျောင်းတက်ကုသိုလ်ယူကြလို့..


တချို.နေရာတွေကတော့အကုသိုလ်
အမှောင်အမိုက်က ကြီးစိုးနေလို့

ညနေက..နပတကြီးမှာလမ်းလျှောက်ထွက်..
ဘုရားတွေဖူးကြလို့.ကုသိုလ်တွေယူနေကြလို.
ဘုရားမှာရေသက်ပယ်သူကပယ်..
တရားစာရွတ်ဖတ်ပူဇော်တဲ့သူကပူဇော်လို.

စိတ်ချမ်းသာစွာမြင်ခဲ့ရတဲ့မြင်ကွင်း

ဘုရားနဲ.မလှမ်းမကမ်းမှာစစ်ကား
Double cab တစ်စီးကတော့
Stand by လုံခြုံရေးတစ်စီးယူထားလို့..

တချို.နေရာတွေမှာတော့
မြို.အမည်ကိုထည့်မရေးချင်တော့ဘူး
ပညာရေးမှုးရုံးမှာတပ်စွဲထားတာကို..

ဗုံးသွားပစ်လို့..တဖက်ကလည်းပြန်ပစ်နဲ.
ကျည်ဆံသံတွေ လွှမ်းမိုးပြီး
တန်ဆောင်တိုင်လပြည့်နေ့ဟာ
အထီးကျန်သွားရပြီ.

အခါကြီးရက်ကြီးတောင်..ဥပုပ်
မစောင့်ကြတော့ဘူး ။

ဘာသာတရား အဆုံးအမတွေ..
အပယ်တွေ..ငရဲတွေ..ဆိုတာ
သူတို.တတွေမမြင်နိုင်မသိနိင်ကြတော့ဘူး..

ဘုန်းကြီးတောင်သတ်ရဲသေးတာ
သိပ်တော့ မအံ့သြတော့ပါဘူး။

လပြည့်နေ.မှာပဲ..ရန်ကုန်မြို.ရဲ.
PDF ခေါင်းဆောင်..
NLD..လွှတ်တော်အမတ်ဟောင်း
ဇေယျာ်သော်..ကလည်း မိပြန်လို့။

ဓမ္မတွေ..အဓမ္မတွေက.
ကိုယ်ယုံကြည်ရာနဲ.ဆုံးဖြတ်လို.မရပါဘူး..

လုပ်ရပ်နဲ.အချိန်အခါအကျိုးအကြောင်းအပေါ်မူတည်ပြီး လောကပါလတရားကြီးကဆုံးဖြတ်သွားကြတာ။
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေခင်ဗျ

လင်းနေ

Related Posts: