Friday, November 19, 2021

နွားတွေသိရင်ကောင်းမယ်


DSA ကျောင်းဆင်း သမ္မတ ဖြစ်တာကျ ...
ခင်ဗျားတို့ မြင်တယ် ...။

DSA ကျောင်းဆင်း ကာချုပ်ဖြစ်တာကျ ...
ခင်ဗျားတို့ မြင်တယ် ...။

DSA ကျောင်းဆင်း လွှတ်တော် ဥက္ကဌ ဖြစ်တာကျ ...
ခင်ဗျားတို့ မြင်တယ် ...။

DSA ကျောင်းဆင်း ဝန်ကြီးရာထူးရ ...
လူနည်းစု ကောင်းစားတာကျ ...
ခင်ဗျားတို့မြင်တယ် ...။

DSA ကျောင်းဆင်း စစ်တက္ကသိုလ်မှာ ...
အရွယ်နဲ့ မလိုက်အောင် အဗျင်းခံခဲ့ရတာကျ ...
ခင်ဗျားတို့မမြင်ဘူး ...။

DSA ကျောင်းဆင်း တောထဲတောင်ထဲမှာပဲ ...
လူငယ်ဘဝဆုံးရှုံး အထီးကျန်လုံးလုံးဖြစ်ခဲ့တာကျ ... 
ခင်ဗျားတို့ မမြင်ဘူး ...။

DSA ကျောင်းဆင်း ငှက်ပျောအူစားပြီး ...
မြေခင်းခြုံ မိုးမလုံလေမလုံနေခဲ့ရတာ ...
ခင်ဗျားတို့ မမြင်ဘူး ...။

DSA ကျောင်းဆင်း ...
အကြိမ်ပေါင်းများစွာ သေခြင်းတရားနဲ့ ...
ထွေခင်းကစားခဲ့တာလည်း ... 
ခင်ဗျားတို့ မမြင်ဘူး ...။

DSA ကျောင်းဆင်း မိုင်းနင်းပြီး ...
ခြေတဖက်ဆုံး လူဖြစ်ရှုံးခဲ့တာလည်း ...
ခင်ဗျားတို့ မမြင်ဘူး ...။

DSA ကျောင်းဆင်း တိုင်းပြည်အတွက် အသက်စွန့် ...
တချက်ကလေးမှ နောက်မတွန့်ခဲ့တာလည်း ... 
ခင်ဗျားတို့ မမြင်ဘူး ...။

DSA ကျောင်းဆင်းတွေ ပေးဆပ်ခဲ့တာကျ ...
ခင်ဗျားတို့ ဘာကြောင့်မမြင်ရတာလဲ ...။

DSA ကျောင်းဆင်းတွေကို ... 
အမြဲမျက်စိကျိန်းနေတာ ...
ခင်ဗျားတို့ မျက်မှန်စိမ်းတွေ တပ်ကြည့်လို့ပါဗျာ ...။

တကယ်တော့ ...

DSA ကျောင်းဆင်း ဆိုတာ ...
စစ်တက္ကသိုလ် မှာ သတင်းပို့တဲ့ အချိန်ကစ ...
သမ္မတရာထူးရတဲ့အထိ ...
ဘာတခုမှ လွယ်လွယ်မရခဲ့တာလည်း ... 
ခင်ဗျားတို့ မသိကြလို့နေမှာပါ ...။

ထို့အပြင် ...
တပ်မတော်သားအားလုံး ပေးဆပ်ခဲ့ကြသည် ဆိုတာကို ...
သင်တို့ မမြင်မသိကြတာ အင်မတန်ရှက်စရာပါ ...။
#credit Su Lace Naing
Own writer Credit. Photo

Related Posts: