Sunday, November 7, 2021

နဘမ်းပွဲ ၊ မွန်ဇတ် နဲ့ စစ်တပ်


မတွေ့တာ ကြာပြီဖြစ်တဲ့ ကိုစိုးနဲ့ အတူ လက်ဖက်ရည်ဆိုင် ချီတက် လေကန်ကြပါတယ် ။ ဆိုင်ထဲမှာ ရှိတဲ့ TV က ပထမ WWF နဘမ်းပွဲတွေ လာနေလေရဲ့ ။

အပြင်က ဝင်ထိုးကြ ၊ ခုံတွေ နဲ့ ရိုက်ကြ ၊ စင်အောက်ထိ ထိုးကြိတ် နောက်ဆုံး ဒိုင်လူကြီးပါ ကိုင်ပေါက် လုပ်နေပါရော ဒါနဲ့ ကိုစိုးက မေးလေရဲ့........

"ဟေ့ကောင် ငမျိုး ဒီလို စင်ပေါ်တက်ထိုးရတဲ့ ပွဲ ဒီလို ဗရုတ်သုတ်ခတွေ ဖြစ်နေတာ စည်းမျည်းမရှိဘူး လား ကွ ''

"အင်း...သူက မူလတုန်းကတော့ မောင်စကြ်ာဝဠာပြိုင်ပွဲဝင် အဟောင်း အသစ်တွေ ဝင်ငွေရအောင် အပျော်ထိုးသတ်ပြပြီး ငွေရှာကြတာ ဗျ ပထမဆုံး စည်းကမ်း အချို့တော့ လေ့လာဖူးတယ် ''

"အေးလုပ်စမ်းပါအုံး ''

"အောက်က ကျသွားတဲ့သူသည် အမှတ်စဥ်ရေတွက်စဥ် ကြမ်းပြင် နဲ့ ကျောနဲ့ ကွာသွားအောင် မရုန်းနိုင်ရင် ရှုံးပြီ ''

"အေး အပြင်ကလူတွေ ဝင်ထိုးကြတာရော ''

"သူက နှစ်ယောက်တွဲထိုးတဲ့ ပွဲတွေ ဗျ အပြင်က ရပ်စောင့်နေတဲ့ ကိုယ့်မိတ်ဖက် နဲ့ လက်ဝါးချင်း ပုတ်မိပြီးရင် ဝင်ထိုးလို့ရတယ် နှစ်ယောက်တယောက် ဖြစ်သွားရောပေါ့ ''

"ခုံတွေနဲ့ရိုက် ဒိုင်လူကြီးထိုးနဲ့ ကရော ''

"ကျနော်လည်း မသိတော့ဖူး အဲသလောက် ဝရုန်းသုံးကား ဗရုတ်ကျနေတာ စိတ်မဝင်စားလို့ ကြည့်ကို မကြည့်တော့ဘူး ''

အဲသလို ပြောနေတုန်း ဆိုင်ရှင်ရဲ့ သားလေးက လိုင်းပြောင်းလိုက်ပါရော ။ မြန်မာ့ရိုးရာ ဇာတ်ပွဲလာနေတယ်ဗျ ။ ဒါပေမယ့် ပြောနေတာက ကိုယ်နားမလည်တဲ့ ဘာသာစကားတွေပဲ ။

ကျနော်လည်း ကိုယ်နားမရှင်းတာလား ဆိုပြီး....

"ကိုစိုး အဲဒါ ဘယ်ဘာသာနဲ့ ပြောနေတာလည်း ဗျ ဗမာလိုလဲ မဟုတ်ဖူး ''

"အဲဒါ မွန်စကားကွ ဇာတ်ကလည်း မွန်ဇာတ်ပဲ ငါ မော်လမြိုင်ဖက် ရောက်တုန်းက ခဏခဏ တွေ့ဖူးလို့ သိတာကွ ''

"သြော် ရုတ်တရက်ဆိုတော့ ကြောင်သွားတယ် ဗျ ''

"အေးထားပါ ကွာ ငါ မေးမလို့ကွ အခု တပ်မတော်ရဲ့ လုပ်ကိုင်နေတာတွေ နဲ့ ပတ်သက်ပြီး အချက်တချက်မေးမလို့ ကွ ''

"ဘာလည်းဗျ ကိုကြီးစိုး ''

"အခုထိ PDF တွေ ငြိမ်သွားအောင် ဘာလို့ မလုပ်တာလဲ ဆိုတာပဲ ကွ ''

"အင်း ဟုတ်လည်း ဟုတ်တယ်ဗျ အရပ်ထဲမှာ PDF တွေ ခြိမ်းခြောက်ထားလို့ လူတွေ စိုးရိမ်နေကြတယ် ၊ ရဲ ကလည်း တာဝန်မယူဘူး ၊ စစ်တပ်ကလည်း ရူးချင်ယောင်ဆောင်နေတာ အမှန်ပဲ ဗျ ''

"ငါသိချင်တာ မလုပ်တတ်လောက်အောင် တိုင်းပြည်က ထိမ်းမရ သိမ်းမရ ဖြစ်နေပြီလား သိချင်တာ ကွ ''

"မဟုတ်ဖူးဗျ လုပ်ချင်ရင်တော့ ရပ်ကျေး အဆင့်တွေထိ ပြည်သူ့စစ်ဖွဲ့ ပြီး တင်းတင်းကျပ်ကျပ် ကိုချင် အလွယ်လေးပဲ ဧည့်စာရင်း ကိစ္စနဲ့တောင် ကိုင်လို့ရတာပဲ ဗျ ''

"ဒါဆိုရင် ဥပဒေအရ ဆိုတာက....''

"ကျနော်တို့ အစောက ကြည့်ထားတဲ့ နဘမ်းပွဲ လိုပဲ သူ့တို့စည်းမျဥ်းဥပဒေ က ငွေရဖို့ လုပ်ထားတဲ့ နဘမ်းဥပဒေ နဲ့ တူနေတာ အမှန်ပဲ တကယ့် ဗရုန်သုတ်ခ လုပ်ချင်တိုင်းလုပ်နေပြတာ မျက်မြင်ပဲလေ ''

"ဟိုက်.... အသာ လုပ်ပါ ဟ ငါကတော့ ၈၈ က တွေ့ဖူးတဲ့ စစ်တပ် နဲ့ အခု စစ်တပ် ယှဥ်ကြည့်တယ်ကွာ ခေတ်ကာလ ကွာတာ နားလည်ပေမယ့် အားမရဖူး ကွ ''

"အေးဗျ ခုနက မွန်ဇာတ်ကို ကြည့်လေ ယဥ်ကျေးမှုတူတော့ ဝတ်စားဆင်ယဥ်ပုံ နဲ့ ကပြပုံကတော့ ဆင်ဆင်တူနေတာပဲ စကားပြောတော့မှသာ နားမလည်တော့တဲ့ ပြဿနာ ဖြစ်ရတာကိုး ''

"အေး ဒီတော့.......''

"၈၈ လည်း ဒီစစ်တပ် ပဲ ၂၀၂၁ လည်း ဒီ စစ်တပ်ပဲ ဒါပေမယ့် အလုပ် လုပ်ပြတော့မှ ​ပြည်သူနားမလည်အောင် မထိရောက်တဲ့ အကွက်တွေ နဲ့ အုပ်ချုပ်ပြ​နေတာကွာသွားတော့တာပဲ ''

"အေး ဟ နားမလည်တာ အရေးမကြီးဘူး ရလာဒ်မကောင်းတာကတော့ ပြောစရာ ဖြစ်နေပြီ ကွ ''

"သိပ် သိတ်မပျက်ပါ နဲ့ ခဏစောင့် လွတ်လပ်ရေးနေ့မှာ ကြုံရအုံးမယ် ''

"ဘာကြုံရမှာလဲ ကွ ''

"ဘုရားဒကာကြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ နောက်ထပ် ဆူပွက်လာမယ့် အသံတွေလေ ''

"အေး ဟုတ်တယ်ဟေ့ ကောင်းပါတယ်ကွာ အပြင်မှာလည်း PDF တွေ အင်အားလျှော့နေတာ နဲ့ ကဲ ရှေ့ဆက်မေးရင် ငါလည်း ငပိကျော် စားရတော့မယ် ပြန်ကြစို့ကွာ ''

ကိုရွှေမျိုးဝင်း

(ကိုယ့်ဘာသာ ဘယ်လောက်ဖြောင့်ဖြောင့် အရိပ်ခံထားတဲ့ မျက်နှာပြင် မညီရင် အရိပ်ကြည့် ဆုံးဖြတ်ရမယ့်သူတွေက ကိုယ်ဖြောင့်တာ မသိနိုင်ဘူး ဆိုတာ သတိမထားပဲ ဖင်ခေါင်းကျယ်နေရင် ပုံရိပ်ဖျက်ခံနေရအုံးမှာပါ ပဲ)