Thursday, November 11, 2021

🍁ကမ္ဘာ နဲ့ မြန်မာ 🍁


Nov 8ရက်နေ့ဟာ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မို့ ထူးခြားဖြစ်စဥ်ရှိလာနိုငိလို့ စောင့်ကြည့်နေခဲ့တာပါ

ထင်တဲ့အတိုင်း
UNSC ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး နှင့်လူ့အခွင့်ရေး တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်

🍁အဆိုပါပွဲမှာ
အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဒုဝန်ကြီး Erywan Yosof ပါတက်ရောက်ဆွေးနွေးခဲ့ပါတယ်

Feb1ရက်နေ့မှစလို့အစည်းဝေးများစွာခေါ်ယူဆွေးနွေးခဲ့ကြပေမယ့် နစကအစိုးရပေါ်မှာ တစုံတရာအရေးယူဆောငိရွက်ခွင့်မရခဲ့ပါဘူး

🍁 အထူးသဖြင့် CNNသတငိးထောကိသည်ပင်လျှင် မြန်မာပြည်လာရောက်သတငိးယူခဲ့ပေမယ့် ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံတွေပေါ်မှာရော လကိရှိအစိုးရပေါ်မှာပါ ဘာတစိခုမှ အရေးယူမှမလုပ်ဆောင်နိုင်ခဲ့ပါဘူး

အဖွဲ့ဝင်နိုင်ငံအားလုံးမပါဝင်တဲ့
UNSC တံခါးပိတ်ဆွေးနွေးပွဲဟာ
"တပ်မတော်အနေနဲ့
ပြည်သူလူထူဆန္ဒကိုအလေးနက်ထားဖို့တောင်းဆိုပါကြောင်း''
စာ တစောင်ပဲထွက်လာခဲ့ပါတယ်

🍁 အထူးကိုယ်စားလှယ် ကတော့ မြန်မာပြည်လာနိုင်ရေး ဘုံသဘောတူညီချကိ၅ရပ်ကို အကောင်ထည်ဖော်နိုင်ရေး သူ့အနေနဲ့ အပြင်းထန်ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ် ( အပြစ်ပေးအရေးယူဖို့နေနေသာသာ ​​မြန်မာပြည်လာဖို့ရာ အသည်းအသန်ကြိုးစားနေရတဲ့အခြေနေပါ)

ကုလသမဂ္ဂ
လူသားခြင်းစာနာမှု ဆိုင်ရာအကြီးအကဲ Martin Griffithsကတော့
မြန်မာနိုင်ငံမှာ အရေးပေါ်လူသားခြင်း စာနာမှု ဆိုင်ရာအထောက်အပံ့တွေလိုအပ်လို့ ကြံကြာမှုမရှိစေဘဲကူညီပေးနိုင်ဖို့ အတွက် ခွင့်ပြုပေးဖို့
နစကအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်

🍁ဘယ်သတင်း ၊ ဘယ်မီဒီယာ ၊ ဘယ် Social Influencerက ဘယ်လိုပင်အရေးတော်ပုံအောင်မည်ပြောပေမယ့် ဒါက ကမ္ဘာနဲ့ မြန်မာနဲ့ ပကတိအခြေနေ အရှိတရား နဲ့ အမှန်တရားပါပဲ
ဒါ့ကြောင့် US / UN / EU / HRW /IGO /INGO နဲ့ ASEAN ရဲ့ ဖိအားပေးမှုတွေ ဒီထက်ပိုမလာနိုင်တော့ဘူးလို့ပဲ
ပြောလိုက်ပါရစေ............။

#မပုတု


Related Posts: