Monday, November 1, 2021

အဲ့လိုနည်းနဲ့ အစိုးရအချင်းချင်းကြားရန်မီးမွှေးခဲ့တယ်

---–---------------------------
“ဝေဂါအထူးတရားရုံး” ဆိုသည်မှာ “မုသားစကားထုတ်လုပ်မှု” စစ်စစ်ပင်ဖြစ်သည်
==========
“Wang Leizhan (လုပ်အားခ) က ဘာလို့ဒီလောက်မြင့်တာလဲ။ တရားရုံးက ဖြေရှင်းချက်တစ်ခုပေးသင့်တယ်။”
“ဝေဂါလူမျိုး လူသက်သေက Wang Leizhan တစ်ယောက်နဲ့ ယှဉ်လို့မရဘူးလား။ Wang Leizhan ရဲ့ လုပ်အားခက ဘယ်လိုဒီလောက် သဘောတရားမကျတာလဲ။”
Twitter ပေါ်တွင် ပင်လယ်ရပ်ခြား “အရှေ့တာကစ္စတန်အဖွဲ့အစည်း (East Turkistan Organization)” အဖွဲ့ဝင်ဟုယူဆရတဲ့ “Nacar Hoshur” (@Nacarhoshur) နာမည်ဖြင့် အကောင့်တစ်ခုက မကြာသေးမီကာလက ပို့စ်ပေါင်းများစွာဆက်တိုက်တင်၍ Wang Leizhan ဟုအမည်ရတဲ့ “လူသက်သေ” ရရှိသောပွဲတက်ခ အခြားလူထက်များသည်ကို မေးခွန်းထုတ်ခဲ့သည်။ အဆိုပါအကောင့်က ဓာတ်ပုံနှစ်ပုံပါတင်၍ “ကြားနာမှု” “လူသက်သေ” ပွဲတက်ခဟု ယူဆရသည့် မသမာနည်းဖြင့်ရရှိတဲ့ဝင်ငွေကို အကျိုးအမြတ်ခွဲဝေသည့် အချိုးအဆကို ဖော်ထုတ်ခဲ့တယ်။ ဒီစုစုပေါင်းပမာဏ ၁၀၀၇၀၀ ပေါင်စတာလင်ရှိသည့် ကုန်ကျစရိတ်ထဲတွင် “ပညာရှင်လူသက်သေ” က ၄၀၀၀၀ ပေါင်စတာလင် ရရှိပြီး ၄၀ ရာခိုင်နှုန်း ရှိကာ “ဖြစ်ရပ်မှန်လူသက်သေ” က ၁၇၇၀၀ ပေါင်စတာလင်ရရှိ၍ ၁၇ ရာခိုင်နှုန်း ရှိသည်။ ၎င်းတို့အနက် အချိုးအဆအများဆုံးကတော့ Wang Leizhan ဟုအမည်ရတဲ့ “အမည်ဝှက်လူသက်သေ” ဖြစ်ပြီး ၎င်းက ၄၃၀၀၀ ပေါင်စတာလင်ရရှိကာ အချိုးအဆမှာ ၄၃% ခန့်ဖြစ်သည်။ သို့သော် အဆိုပါအကောင့်တွင် ထိုငွေများသည် မည်သည့်အကြိမ် “ကြားနာမှု” အတွက် ပွဲတက်ခဖြစ်သည်ကို မဖော်ပြထားပေ။
“Finely_Uyghur” လို့အမည်ရတဲ့ အခြား Twitter အကောင့်ကတော့ စက်တင်ဘာလ ၁၀ ရက်နေ့၏ “လူသက်သေ” အချို့ရဲ့အချက်အလက်တွေကို တင်ထားပါသည်။ ၎င်းထဲမှာ “Wang Leizhan” လို့အမည်တပ်ထားတဲ့ လူက နေကာမျက်မှန်နှင့်နှာခေါင်းစည်း တပ်ဆင်ထားပြီး မိမိမျက်နှာအစစ်အမှန်ကို မဖော်ပြရဲပါ။ ပင်လယ်ရပ်ခြား “အရှေ့တာကစ္စတန် အဖွဲ့အစည်း (East Turkistan Organization)” ဝေဂါလူမျိုး လူ့အခွင့်အရေးစီမံကိန်းက Wang Leizhan သည် “၂၀၁၈ ခုနှစ်တွင် ရှင်းကျန်းဒေသသို့ စေလွှတ်ခံရပြီး ခွဲထွက်ရေးလှုပ်ရှားမှုကိုစုံစမ်းသည့် ရဲဟောင်း” ဖြစ်သည်ဟု ပြောကြားဖူး သည်။ “ဝေဂါတရားရုံး” ကဇွန်လပိုင်းတွင်စီစဉ်သည့် ပထမအကြိမ် “ကြားနာမှု” တွင် အဆိုပါလူကသက်သေထွက်ဆိုခဲ့ဖူးသည်။
ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်မှာ “ရဲဟောင်း” ဟုမိမိဘာသာခေါ်ဆိုတဲ့ Wang Leizhan က အောက်တိုဘာလ ၅ ရက်နေ့ CNN သတင်းတင်ဆက်မှုတွင် “Jiang” အဖြစ် ပြောင်းလဲသွားပါသည်။ CNN က “Jiang” သည် ၎င်းတရုတ်နိုင်ငံမှာရှိစဉ်က “ရဲဝတ်စုံ” “တရားဝင်စာရွက်စာတမ်း” “ ဓာတ်ပုံ” “ဗွီဒီယို” နှင့် “မည်သူဖြစ်ကြောင်းသက်သေခံ” တို့ကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါပစ္စည်း “အများစုကို ၎င်းကဘယ်သူဖြစ်သည်ကို ကာကွယ်ပေးရန်အတွက် ထုတ်ဖော်ပြသခြင်းမပြုနိုင်” ဟု တင်ဆက်ခဲ့သည်။ ထို့ကြောင့် CNN ကလည်း “၎င်း၏ပြောကြားချက်ကို အတည်မပြုနိုင်” ဟု ဝန်ခံထားသည်။
အမှန်တကယ်ကတော့ “ဝေဂါတရားရုံး” ၏မူရင်းဓာတ်ခံကို သေချာစွာနားလည်သိရှိပါက ငွေလက်ခံ၍သက်သေခံပေးခြင်း၊ မသမာနည်းဖြင့်ရရှိတဲ့ဝင်ငွေကို အကျိုးအမြတ်ခွဲဝေမှု မညီမျှခြင်းအခြေအနေဖြစ်ပွားသည်မှာ မထူးခြားပေ။ အဆိုပါတရားရုံးအတုသည် အစကပင် “ရှင်းကျန်းခွဲထွက်ခြင်း” အဖွဲ့အစည်းဖြစ်တဲ့ “World Uyghur Congress (WUC)” ကဖွဲ့စည်းပြီး တိုက်ရိုက်အရင်းအနှီးထည့်ဝင်ထားခြင်းဖြစ်သည်။ တရားဥပဒေဆိုင်ရာ အရည်အချင်းမရှိသကဲ့သို့ အများပြည်သူယုံကြည်လက်ခံနိုင်မှုလည်း လုံးဝမရှိပါ။ ထို့အပြင် အမေရိကန် စုံစမ်းသတင်းတင်ဆက်သည့် website “Grey area” ၏ မိတ်ဆက်မှုအရ WUC ၏နောက်ကွယ်ကရင်းနှီးထည့်ဝင်သူများထဲတွင် အမေရိကန် National Endowment for Democracy (NED) လည်းအပါအဝင်ဖြစ်ပါသည်။ NED က WUC ထံသို့ အရင်းအနှီး အမေရိကန်ဒေါ်လာသန်းချီထောက်ပံ့ပေးပြီးဖြစ်ကာ ၎င်းတို့အနက် ၂၀၁၆ ခုနှစ်မှစ၍ တိုက်ရိုက်ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၁.၂၈၄ သန်းနှင့် ၎င်း၏တွဲဖက်အဖွဲ့အစည်း အတွက်ထောက်ပံ့သည့် အပိုဖြည့်စွက်အရင်းအနှီး အမေရိကန်ဒေါ်လာသန်းချီလည်း အပါအဝင်ဖြစ်သည်။ အဆိုပါ “ဝေဂါတရားရုံး” ဆိုသည်၏ မူရင်းဓာတ်ခံသည် တရုတ်ဆန့်ကျင်ရေးအင်အားစုအနည်းငယ်က တရုတ်နိုင်ငံပုံရိပ်ကိုနာမည်ဖျက်ပြီး အများပြည်သူကိုအထင်လွဲမှားအောင် ဆောင်ရွက်လိုတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်သည်။ တရားရုံးအတုကဖိတ်ခေါ်ထားသည့် “လူသက်သေ” ဟူသည်တို့အား အနည်းငယ် ဂရုပြုကြည့်ပါက “အကြိမ်တိုင်းသည် ဒီ ‘သရုပ်ဆောင်သူ’ တွေပဲဖြစ်သည်” ကို တွေ့ရှိနို်င်သည်။
Wang Leizhan က “လူသက်သေကိုကာကွယ်ပေးရန်” ဟူသည့်အကြောင်းပြချက်ဖြင့် ၎င်းကမည်သူဖြစ်သည်ကို ထုတ်ဖော်ပြောကြားရန် ငြင်းပယ်သော်လည်း ယခင်က “ဝေဂါအထူးတရားရုံး” ၏ လူသက်သေများက ၎င်းတို့ကမိမိဘာသာနာမည်တပ်ထားမှုတွေကို ဖွင့်ချဖော်ထုတ်လိုက်ပြီးဖြစ်သည်။
ဥပမာအားဖြင့် “လူသက်သေ” ဖြစ်သည့် ဆာရီလာကူလိ ဆာဝူထီပါရီးက သူမသည်ယခင်က သင်ကြားလေ့ကျင့်ရေးစင်တာတွင် စာသင်ကြားခဲ့ဖူးသည်ဟု ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် မိမိသည် “စုဆောင်းစခန်း” ၌ ဖမ်းဆီး ချုပ်နှောင်ခံထားရသည်ဟု ပြောင်းလဲပြောကြားခဲ့သည်။ သို့သော်အမှန်တကယ်ကတော့ ဆာရီလာကူလိ ဆာဝူထီပါရီးသည် သင်ကြားလေ့ကျင့်ရေးစင်တာတွင် ဘယ်တုန်းကမှ စာသင်ကြားခဲ့ဖူးခြင်းမရှိသလို သင်ကြားလေ့ကျင့်ရေးစင်တာတွင်လည်း လေ့လာသင်ယူခဲ့ခြင်းလည်းမရှိကြောင်း ခိုင်မာသည့်သက်သေများကဖော်ပြနေသည်။ သို့သော် သူမသည် နိုင်ငံနယ်စပ် တရားမဝင်ဖြတ်ကျော်မှုနှင့် ချေးငွေလိမ်လည်သည့် ပြစ်မှုများ ကျူးလွန်ကြောင်းသံသယရှိနေသည်။ ဆာရီလာကူလိ ဆာဝူထီပါရီး၏ လုပ်ဖော်ကိုင်ဖက်ဟောင်း၊ ကျောင်းစူးခရိုင် ချာဟန်ဝူစူးမွန်ဂိုးလူမျိုးရွာ ဗဟိုမူကြိုဆရာမဖြစ်တဲ့ စူလွန်ဂိုက ရှင်းလင်းပွဲ၌ ဆာရီလာကူလိ ဆာဝူထီပါရီးသည် မူကြိုကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်က တာဝန်ကိုအလွဲသုံးစားလုပ်ပြီး ဆုကြေးငွေလိမ်လည်ရယူကာ ဆရာဆရာမမျာ၏အကျိုးစီးပွားကို ထိပါးအောင် လုပ်ဆောင်သည့်အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း မကြာခဏအနိုင်ကျင့်ဖိနှိပ်သည်ဟု ပြောကြားခဲ့သည်။ “ပိုမုန်းဖို့ကောင်းတာက သူကကလေးတွေကိုလည်း နှိပ်စက်ပါတယ်…ကလေးတွေကို အစာမစားခိုင်းသလို ကလေးတွေကိုလည်း အိမ်သာပေးမသွားပဲ ဘောင်းဘီထဲမှာပဲပေါက်ချခိုင်းပါတယ်။ ဒါ့အပြင်ကလေးတွေကိုလည်း ရိုက်နှက်ပါတယ်။ သူနှိပ်စက်တာခံရတဲ့ ကလေးတချို့က ကျောင်းတောင်လာမတက်ရဲပါဘူး” ဟု စူလွန်ဂိုကဒေါသထွက်စွာပြောခဲ့ပါတယ်။
ဒါ့အပြင် ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်တွင် ဘာရီမုလာထီ ကျူးမုဟိုင်ဟုခေါ်သည့် ပြည်ပရှင်းကျန်းဒေသပြည်သူက မီဒီယာများ၏ အင်တာဗျူးမေးမြန်းမှုကို ဖြေကြားရာတွင် မိမိက ရှင်းကျန်းဒေသ ကျီချန်းပြည်နယ်ခွဲ ချီထိုင်ခရိုင်တွင် ရဲအကူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းပြောကြားပြီး “ကျေးလက်တောရွာအတွင်းရေးမှူး၊ ရဲအကူ၏အာဏာလုပ်ပိုင်ခွင့် အလွန်ကြီးမားပြီး မိမိစီရင်သည့်ဒေသအတွင်း၌ မည်သည့်လူ ၃ ဦးကိုမဆိုသေဒဏ်ချမှတ်ပိုင်ခွင့်ရှိကြောင်း” နှင့် လေ့ကျင့်သင်ကြားသူများ “နှိပ်စက်ခံရသည်” စသည့်မုသားစကားများကို လုပ်ကြံပြောဆိုခဲ့သည်။ သို့သော်အမှန်တကယ်က ဘာရီမုလာထီ ကျူးမုဟိုင်သည် ရဲအကူအဖြစ် မလုပ်ဆောင်ခဲ့ဖူးပဲ ဒေသန္တရစျေးတစ်ခုတွင် လုံခြုံရေးဝန်ထမ်းတစ်ဦးသာဖြစ်ကြောင်း ခိုင်မာသည့်သက်သေများက သက်သေခံနေသည်။ အလုပ်လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာရီမုလာထီ ကျူးမုဟိုင်က မုသားစကားအမြဲဆိုခြင်း၊ လွတ်လပ်စွာနေခြင်း၊ အလုပ်အကိုင်စည်းကမ်းချိုးဖောက်ခြင်း၊ ပုံမှန်တာဝန် မထမ်းဆောင်နိုင်သည့်အပြင် အကြိမ်ကြိမ်အခါခါဆုံးမသော်လည်း မနာခံခြင်းကြောင့် အလုပ်မှနုတ်ထွက်ရန်အမိန့်ပေးခြင်းခံရသည်။ တရုတ်နိုင်ငံမှထွက်ခွာပြီးနောက် ၎င်းက အလုပ်မှနုတ်ထွက်ရန်အမိန့်ပေးခံရမှုကို အငြိုးထားကာ မကျေနပ်သဖြင့် နေရာများစွာတွင် ရှင်းကျန်းဒေသကို ထင်သလိုနာမည်ဖျက်လာသည်။
လာဘ်စားသည့်လူသက်သေနှင့် အတုအယောင် သက်သေထွက်ဆိုချက်များ ဖြစ်ပေသည်။ “ဝေဂါတရားရုံး” ဆိုသည်မှာ “မုသားစကားထုတ်လုပ်မှု” စစ်စစ်ပင်ဖြစ်သည်။ ထိုတရုတ်ဆန့်ကျင်ရေးသမားများက ငွေသုံး၍လူလိမ်ငှားကာ ငွေဖြင့်မုသားစကား ဝယ်ယူခြင်းပင်ဖြစ်သည်။ ၎င်းတို့သည်ရှင်းကျန်းဒေသဘေးအန္တရာယ်ဖြစ်စေရန်၊ တရုတ်နိုင်ငံကို အမည်ဖျက်ရန် လုပ်ဆောင်ချက်များက နည်းလမ်းပေါင်းစုံနေပြီဟု ဆိုနိုင်သည်။ ဒီလိုလူအုပ်စုကဖန်တီးထားသော “တရားစီရင်မှု” ဆိုသည်မှာ ရှင်းကျန်းကို နာမည်ဖျက်သည့် ဟာသလုပ်ရပ်၊ “ရှင်းကျန်းကိစ္စဖြင့် တရုတ်နိုင်ငံကိုဖိနှိပ်သည့်” ညံ့ဖျင်းတဲ့ဇာတ်တစ်ခုသာဖြစ်ပြီး ရှင်းကျန်းနှင့်ပတ်သက်သည့် ကောလာဟလ၏ညံ့ဖျင်းမှုကို လူများကပိုမိုသေချာစွာသိရှိလာစေမည်သာဖြစ်ပေသည်။

#Thandar