Monday, November 1, 2021

သနားစရာ××× များ××× သတ္တဝါ


           တနေ့က ကျနော် တက္ကစီစီးတော့ ကားဆရာက လူငယ်တယောက်ပါပဲ ။ လမ်းမှာ လုံခြုံရေးကား ကင်းလှည့်နေတာ မြင်ရတော့ ....
  
"တွေ့လား ဗျ ဒီကောင်တွေ ကြောက်နေပြီ ကျီးကန်းတောမှောက် သလို ဟိုကြည့်ဒီကြည့် နဲ့ လန့်နေကြတာ ဒါကိုကြည့်ရင် PDF တွေ နိုင်မယ်ဆိုတာ သိသာတယ် ''

         ကျနော်ကတော့ Mask အောက်ကနေ သူ မမြင်ရတဲ့ ခနဲ့ပြုံးလေးနဲ့ပဲ ခေါင်းငြိမ့် တုန့်ပြန်လိုက်ပါတယ် ။ 

          နောက်မနေ့က အပျင်းပြေဆိုပြီး တပုဒ်တင်လိုက်တော့ အဲဒီထဲမှာလည်း ဝင်မန့်တယ် ဗျ ။ ဒီသဘောပါပဲ ။ တပ်မတော်က ဘယ်လိုကျဆုံးနေတာ ၊ PDF တွေကို ကြောက်လို့ မြို့ပေါ်မှာတောင် ယူနီဖောင်းဝတ်ပြီး အပြင်မထွက်ရဲဖူး ။ 

       ဒါမျိုးတွေ လာမန့် ကြပါတယ် ။ ဒီလိုတွေ ထင်မြင်ယူဆလာအောင် သွေးထိုးပေးနိုင်တဲ့ ရန်သူရဲ့ ဆိုက်ဝါး နဲ့ မီဒီယာကိုတော့ ချီးကျူးရမှာ အမှန်ပဲ ဗျ ။ အင်း ပြောလို့သာ ပြောနေရတာ သူတို့ ဘက်ဂရောင်းကလည်း ဆိုးရော့လို လူမျိုးကနေ ပညာရှင်ပေါင်းစုံနဲ့ ပံ့ပိုးပေးနေတာကိုး ။ 

        ကိုယ့်ဖက်က မီဒီယာ ပညာရှင်တွေ ကြည့်လိုက်လေ ။ မင်းတုန်းမင်း ဂွေးတန်းလန်း ဘဝက အတွေးအခေါ် နဲ့ စီမံခန့်ခွဲ နေမှတော့ ဘယ်လိုလုပ် ထိုးဖောက်နိုင်မလဲ ဗျာ ။ 

        မီဒီယာအကြောင်း ရေးနေရင် ပြီးမှာ မဟုတ်တော့ဖူး သီးသန့် ရေးမှ အဆင်ပြေမယ် အစောက ပြောတာ ပြန်ကောက်မယ် ဗျ ။

         စစ်သားတွေ ကင်းလှည့်တော့ ဟိုဟိုဒီဒီ ကြည့်ကြတာ ကြောက်လို့တဲ့ 😁😁 စစ်ရေးသတိ ဆိုတာ ကြောက်တာ မဟုတ်ဖူး နောက်ပြီး သူတို့က အမဲလိုက်နေတာ လေ ။ မသင်္ကာစရာကို မြို့ထဲ ပတ်ရှာနေကြတာ ကားပေါ်မှာ ဖုန်းပွတ်ပြီး HD ကြည့်လို့ ရမလား ဟ ။ 

      အဲလို ကြည့်နေခဲ့ဖူးတဲ့ ငစနူ လုံခြုံရေးတွေလည်း ခံခဲ့ရတာ မနည်းတော့ဖူးလေ ကွာ ။ ဒီတော့ လုံခြုံရေးကားတွေ သတိနဲ့ သွားလာနေတာ မြင်ရင် PDF ကို ကြောက်နေရလို့ မဟုတ်ဖူး သူ့အလုပ်သူ တာဝန်ကျေဖို့ ၊ တနည်း အမဲလိုက်ဖို့ သားကောင် ရှာနေတာလို့ သဘောပေါက်... ။

          တပ်မတော်သားတွေ ရဲတွေ ယူနီဖောင်းနဲ့ အပြင်မထွရဲဖူးတဲ့ ။ ခက်တော့နေပြီ အခုဖြစ်နေတာ ယူနီဖောင်းကိုယ်စီ နဲ့ ယောကျာ်းပီပီ တိုက်နေရတဲ့ ပွဲ မဟုတ်ဖူး ဟ ။ 

         စျေးခွေးသူခိုးလို အလစ် ခြေသလုံးဝင်ကိုက်နေတဲ့ ခွေးသခိုး စစ်ပွဲ နွဲနေရတာ စစ်ရေး အမြင် စစ်ရေး သတိ မိမိလုံခြုံရေး သတိထားရမှာပေါ့ ။ PDF ဆိုတာ ဂြိုလ်ပေါက်နေတဲ့ ထူးခြားမှု မှ မရှိတာလေ ။ လူယောင်ဆောင်ပြီး အလစ်အငိုက် ခွေးကျင့်ခွေးကြံ ကြံစည်နေတဲ့ လူယုတ်မာတွေလေ ။ 

        ဒါကိုပဲ စစ်ရေးအသိအမြင် မရှိပဲ ငါကွ ဆိုပြီး တပ်ပြင် ယူနီဖောင်းကြီး တကားကားနဲ့ သွားနေရအောင် ကြီးကြပ်နေတဲ့ အရာရှိတွေက PDF အရာရှိလို စည်ပင်က အမှိုက်ကောက်တဲ့ အဆင့် မဟုတ်ဖူးလေ ။ 

         နောက် ပြောပါသေးတယ် ဘာတဲ့ တပ်မတော်က ကျဆုံးမှုတွေ မြင်မကောင်းဘူး ဆိုပဲ ။ မဇ္ဇျိမ ၊ မြန်မာနောင်း ၊ ခေတ်သစ် ၊ ဧရာဝတီ ၊ DVB တို့လို မုသာဝါဒ ပုတ်လိုက်မျိုချ ထားတဲ့ အပေါစား မီဒီယာတွေ ပေါက်ကရရေးတာ ယုံပြီး ပြောနေကြတာ သနားစရာပါပဲ ။ 

       နောက် ငါတို့ နိုင်တော့မယ် ဆိုပြီး ပြည်ပ ထွက်ပြေးတဲ့ ဇော်ဝေစိုး ၊ ဆာဆာ ၊ မင်းကိုနိုင် ၊ မျိုးရန်နောင်သိန်း ၊ ပန်ဆယ်လို ၊ သရဝဏ် တို့လို စောက်ရူး လုပ်စားတွေ မြှောက်ပေးနေတာ ယုံနေရတဲ့ ဘဝတွေ သနားစရာ ပါပဲ ။ 

     နိုင်တော့မှာ သိနေရင် ထွက်ပြေးမလား ဟ ၂၁ ရာစု G LEE တွေရ ။ ပြောလိုက်ရင်ဖြင့် ကျုပ်တို့က ၈၈ လို မဟုတ်ဖူး ခေတ်မတူတော့ဘူး ။ အေး ဟုတ်တယ် ၈၈ နဲ့ မတူဘူး မင်းတို့က ပိုတုန်းတယ် ၊ ပိုယုတ်မာရိုင်းစိုင်းတယ် ၊ ဘုရား တရား သံဃာ ဆရာ မိဘ တောင် မသိတော့အောင် ကျက်သရေ အဖြာဖြာတုန်းတဲ့ G LEE တွေပဲ ။ 

           အခုဖြစ်နေတဲ့ PDF သောင်းကျန်းမှုကို တပ်မတော်က နှိမ်နင်းဖို့ နည်းလမ်းမရှိဖူး မသိဖူး မထင် နဲ့ ။ အခု တပ်ချုပ်ကြီးလောက် လည်တာ အခု တပ်ချုပ်ကြီးပဲ ရှိတယ် ။ ငါတို့ သူ့ကို ရံဖန်ရံခါ ဆဲနေကြတာ အဲလို လုပ်ပေါက်တွေကြောင့်ပဲ ။ 

         သာမန် ခံစားမှုနဲ့ ကြည့်ရင်တော့ အခု အသတ်ခံရတဲ့ အရပ်သား တပ်မတော်ခေါက်ခံသူတွေအတွက် အင်မတန် စိတ်နာစရာကောင်းပေါ့ ။ သို့သော် တိုင်းပြည်တခုရဲ့ အရွေ့အတွက် နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ နဲ့ အနာဂါတ်အတွက် ထည့်တွက်ပြီး ဒီကစားကွက်ကို တည်နေသလားလို့ ငါတို့ တွက်ဆနေရပြီ ။ 

        မင်းတို့ နားလည်အောင် ဥပမာ ပေးရရင် ဆေးရုံကဆရာဝန်တွေ ကြည့်လိုက်ပါ ။ လူနာတဦး ဆုံးပါးသွားတယ် ။ ဘယ်ဆရာဝန်မှ ဝမ်းနည်းလွန်းလို့ မစားနိုင် မသောက်နိုင် ငိုကြွေးမနေဖူး ။ သူ့အလုပ်သူ ဆက်လုပ်နေတာပဲ ။ 

     အဲဒါ သူ့မှာ စာနာမှု မရှိလို့ မဟုတ်ဖူး ။ သူ့အတွက် ဒါမျိုးက ရိုးနေပြီ ၊ ကာယကံရှင် ဆွေမျိုးသားချင်းတွေကသာ ဆုံးရှုံးမှုကြီး ကြီးမားနေတာလေ ။ ဆရာဝန်အတွက် နောက်ထပ် ကုသပေးရမယ့် လူနာအတွက်ပဲ အလုပ်ဆက်လုပ်လိမ့်မယ် ဒါ သူ့တာဝန် အစစ်ကိုး ။ 

        အခု တပ်ချုပ်ကြီးက သာမန် အရပ်သားတွေ အသတ်ခံနေရတာ သူသိတာပေါ့ ။ အခုဆို တထောင်ကျော်သွားပြီ ။ ဘာ့ကြောင့် PDF တွေကို ဆက်လက် လှုပ်ရှားခွင့် ပေးထားသလဲ ၊ တဆက်တည်း NLD ကို မဖျက်သိမ်းတာလည်းဆိုတာ တွေးဆကြည့်အုံးမယ် ။ 

      နိုင်ငံတကာ အခင်းအကျင်းမှာ မင်းတို့ PDF တွေရဲ့ ကမ္ဘာ့ အယုတ်မာဆုံး ၊ အရက်စက်ဆုံး ဘုရားမဲ့ တရားမဲ့ ပြုကျင့်မှုတွေကို လက်တွေ့ ချပြချင်လို့ တချက် ၊ နောက် အဲဒီလို ဖြစ်နေတဲ့ လူမဆန်သော ရက်စက်မှုကြီးရဲ့ နောက်ကွယ်ကနေ ထိမ်းချုပ်စေခိုင်းနေတာ NLD ပါတီပါ ဆိုတာကို လက်ညှိုးထိုး ပြစရာ ကျန်နေအောင် ပါတီကို မဖျက်သိမ်းသေးတာပဲ ။ 

       မျိုးချစ်ဆရာကြီးများ လော နေကြတာ အဲဒီ အကွက်ကို လျှမ်းကြည့်နေမိလို့ပဲ ။ NLD ကို ဖျက်လိုက်တာ UEC ကနေ A4 တရွက် အကုန်ခံတာနဲ့ ပျက်ပြီ အင်မတန် လွယ်တယ် ။ နိုင်ငံရေး ကစားကွက်အရ လိုအပ်နေသေးလို့ ချန်ထားတာပါ ။ 

         နောက် ပြည်သူတွေကို ချနင်းနေတာလား ဆိုရင် ဟုတ်တယ် လို့ပဲ ကျနော်ကတော့ မထောက်မညှာ ကျနော့်ယူဆချက်ကို ပြောပါတယ် ။ 

      သူက စာနာမှု မရှိဘူးလား မသနားဘူးလား ဆိုရင်တော့ အထက်က ဆရာဝန်ကို နမူနာပြန်ဖတ်ပေတော့ ဗျာ ။ သူကတော့ ပြည်သူထဲက ဘယ်သူဘယ်ဝါ သေပါစေဆိုပြီး ဘယ်ရည်ရွယ်မလဲဗျာ ။ ကံဆိုးသူမောင်ရှင်တွေ ခံကြရတာပေါ့ ။ 

           ကျနော်တို့ကလည်း သူလို ကိုယ်လို သာမန်ပြည်သူတွေ အသတ်ခံနေရတော့ တိုက်ရိုက် တရားခံ PDF နဲ့ သွယ်ဝှိက်တရားခံ တပ်ချုပ်ကြီးရဲ့ မူဝါဒ ဗျူဟာ အကြား လက်သီးဆုပ် အံကြိတ် ဆဲနေကြရုံပဲ ဖြစ်နေကြတာ လက်ရှိအနေအထားပါ ပဲ ။ 

          ၉ လ အတွင်း တထောင်ကျော် အသတ်ခံရလို့ ကျနော်တို့ ခံစားနေရတာ မှန်ပါတယ် ။ သို့သော် တနိုင်ငံလုံးမှာ ကား ဆိုင်ကယ် အက်စီးဒန့် နဲ့ သေနေကြတာ ၉ လ ဆိုရင် သောင်းဂဏန်း ကျော်မယ်ဗျ ။ ပြောချင်တာက နိုင်ငံရဲ့ ခေါင်းဆောင်အဆင့်အနေနဲ့ဆို လူသေတာက မဆန်းတော့ဘူး ။ 

       ဆေးရုံဆရာဝန်လို ဖြစ်သွားပြီ ။ တိုင်းပြည်အတွက် ၊ တပ်မတော်အတွက် ၊ သူ့ဗျူဟာအောင်မြင်ရေး အတွက်ပဲ သူစဉ်းစား လုပ်ဆောင်မှာ ဖြစ်တယ် ။

.......သို့သော် မကျေနပ်စရာ တကွက်ကတော့ ရှိနေပါသေးတယ် ။ နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ အပေါ် စာနာစကား နဲ့ ထောက်ပံ့အားပေးခြင်း မပြုသေးတာ ဖြစ်ပါတယ် ။ ဒီလိုမှ မလုပ်ပေးရင် တပ်ချုပ်ကြီးအတွက် ဖျက်မရတဲ့ သမိုင်းအမဲကွက် ကျန်သွားမှာပါပဲ ။ 

       ပြောရင်းနဲ့ ဆိုလိုရင်း ပျောက်သွားရပြန်ပါပြီ ။ ကျနော် PDF လေးတွေကို ပြောချင်တာက.....

၁ ။ နောက်ကမြှောက်ပေးနေတဲ့ ဇော်ဝေစိုး သားသမီးအရင်း PDF နဲ့ လက်တွဲ တိုက်နေသလား....

၂ ။ မင်းကိုနိုင် ပြောသွားတယ် သူက မိသားစု သံယောဇဉ်ကြောင့် လက်နက်မကိုင်တာတဲ့ ကဲ မင်းတို့ PDF တွေကရော တကောင်ကြွက် အထီးကျန်တွေချည်းလား...

၃ ။ ပန်ဆယ်လိုက သူပိုင်မှန်သမျှ အားလုံးသယ်သွားပြီး စွန့်လွှတ်ခဲ့ရလို့ ဘဝပျက်နေပြီ ဆိုပြီး အလှူခံစားနေတယ် သူ့အိမ် ချိတ်သွားပိတ်တော့ သူအပိုင်မဟုတ်ဖူးတဲ့ ပန်ဆယ်လိုပိုင်တာဆိုလို့ သူမြင်းစီးတုန်းက ချွတ်ထားတဲ့ အတွင်းခံတောင် မရလိုက်ဖူး သဘောပေါက်စမ်းပါ လူလည်မကွ... မင်းတို့သာ ဘဝတွေ အတုံးလိုက် အတစ်လိုက်ပျက်နေရတာ...

၄ ။ သရဝဏ်ဆို ကြည့်အုံး သူ့သား G LEE ကျတော့ အမေရိကန်မှာ ပညာသင်ဖို့ တပါတည်းခေါ်သွားပြီး ပြည်တွင်းက PDF တွေကျတော့ အသေခံကြတဲ့...

      အဲဒါ နမူနာနော် မင်းတို့ ကိုးကွယ်သင့်လား လူလိုတွေးကြည့်ကြ ။ နောက် တပ်မတော်ကို နိုင်မယ် ထင်နေသလား.....

       တပ်မတော်က ထမင်းချက်ချည်း အင်အားတောင် မင်းတို့ PDF ထက် များသေးတယ် ။ ဟိုက သူ့ဗျူဟာအတိုင်း မင်းတို့ကို သင်းသတ်နေလို့ အရှိန်ကျန်သေးတာ ။ အရင်လို ဝုန်းဒိုင်းကျဲလိုက်ရင် မင်းတို့ ထင်းပုံပေါ် ကားနေတာ ကြာပေါ့...... အခုက တပ်မတော်ရဲ့ နာမည်လည်းမပျက်အောင် မင်းတို့လည်း အမြစ်ကနေ အုံလိုက်ပါလာပြီး တခါတည်း စမုန်တုံး အကွက် ဖန်တီးနေလို့ ကြာနေတာလို့ သိဖို့ ကောင်းပြီ ။ 

      မြန်မာ့တပ်မတော်ဆိုတာ ဦးနေဝင်း လက်ထက်ကတည်းက အစ ဦးသန်းရွှေ အလယ် အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆုံး ကမ္ဘာကို မျက်လှည့်ပြပြီး ကိုယ့်အင်အားကို အဖျက်အမှောင့်တွေကြားထဲက ထူထောင်လာကြတဲ့ ပရိယာယ်ကို မြင်အောင်ကြည့် ။ 

       ဘယ်သူတွေ ဘယ်လောက် ခြောက်ခြောက် ၊ ဘယ်လောက်ဝေဖန် ဝေဖန် ဘယ်လောက် ဆဲဆဲ သူလုပ်စရာရှိတာ လုပ်ပြပြီး အားလုံး ပါးစပ်ပြဲ သွားအောင် စွမ်းဆောင်ပြခဲ့တာ အခု ရုရှား နဲ့ ပွဲကို နမူနာ ကြည့်ထား ။ 

     မနေ့ တနေ့ကမှ ဂယောင်ခြောက်ခြား ထဖွဲ့ထားတဲ့ PDF ကကျားသနားလို့ နွားချမ်းသာတာကို အဟုတ်မှတ်မနေနဲ့ အချိန်ကျရင် အမေတလည်း မင်းတို့ PDF လူယုတ်မာတွေ သေရမှာပါပဲ ။ 

       Crd; ကိုရွှေမျိုးဝင်း

(NUG ဆရာ နဲ့ PDF တပည့်)