Monday, November 1, 2021

ဇာတ်တူသား.....


ဂျင်မီကိုဖမ်းမိပြီးနောက်
ဇာတ်တူသားစားကြပြီဆိုတဲ့စကားကို
သုံးနှုံးဖော်ပြကြသည်ကိုတွေ့ရသည်။

ဒီစကားကိုသုံးနှုန်းရမှာ
အင်မတန်ကြောက်ပါတယ်။

ဘာကြောင့်လဲ?
ဇာတ်တူသားစားကြတာ
နေရာတိုင်း/အဖွဲ့အစည်းတိုင်းမှာ
ရှိတတ်ကြပါတယ်။
(မစားလို့မရတော့ဒါကြောင့်လည်း
ပါပါလိမ့်မယ်။)

ဒီစကားအသုံးအနှုံးကို
ကြားလိုက်တာနဲ့
အိုးမလုံ အုံပွင့်တဲ့သူတွေရှိတတ်ကြပါတယ်။

ဒီအကောင် ငါ့များပြောတာလားပေါ့-
ဒါဆို အန္တရာယ်ရှိလာပါပြီ။
ဥပဒေနဲ့စနစ်တကျဖွဲ့စည်းမထားတဲ့
လက်နက်ကိုင်အဖွဲ့အစည်းဆိုလျင်
ပိုဆိုးပါတယ်။

တရားဥပဒေနဲ့
စနစ်တကျဖွဲ့စည်းအုပ်ချုပ်တဲ့
အသိုင်းအဝိုင်းမှာတောင်
သတိအင်မတန်ထားပြီး
နေရတဲ့အခြေအနေမှာ-

ဥပဒေမရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းထဲ
ရောက်ပြီဆိုရင်တော့
မလွဲမသွေကြုံရပါလိမ့်မယ်။

မြောက်ပိုင်းဖြစ်စဉ်ကို
သင်ခန်းစာယူနိုင်ဘို့
ရွှေသမင်အလိုက်မမှားစေဘို့
ကြုံဘူးသူတွေက
ရေးသားဖော်ပြ/တားဆီးခဲ့ပါသော်လည်း
ကိုယ်တွေ့ကြုံမှယုံမယ်ဆိုရင်
ဘယ်တတ်နိုင်မလဲ?

လူသိများတာက
ပါဂျောင်ဖြစ်စဉ်ဆိုပေမဲ့
၈၈နောက်ပိုင်း
တောခိုကြတဲ့လူငယ်တွေ
ဒီလိုဇာတ်တူသားစားတာမျိုးကို
တောတွင်းစခန်းတိုင်းလိုလိုကြုံခဲ့ကြတာပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ
ယုံကြည်ရတဲ့သူဘယိလောက်ရှိလို့လဲ?
ဥပဒေရှိတဲ့မြိုပေါ်မှာတောင်
သင့်ကို သင်္ကာမကင်းတဲ့မျက်လုံး/
သံသယမျက်လုံးတွေနဲ့
ကြည့်ခံနေရတာကို
သတိပြုမိကြမှာပါ။

ဥပဒေမရှိ စနစ်တကျဖွဲ့စည်းမထားတဲ့
အဖွဲ့အစည်းအသိုင်းအဝိုင်းမှာ
သံသယစိတ်တွေ ပိုများပါတယ်။
ဇာတ်တူသားကို မဖြစ်မနေ
စားကြပါလိမ့်မယ်။
 (ပြည်သူ)အခြားသူကို
အကာအကွယ်ပေးဘို့နေနေသာသာ
ကိုယ်တောင်ဇာတ်တူသားအစားမခံရရင်
အင်မတန် ကံကောင်းနေသေးတယ်လို့
မှတ်ယူရမှာပါ။

ဇာတ်တူသား အသုံးအနှုံးကို
ရည်ရွယ်ချက်တခုကြောင့်
သုံးနှုံးခဲ့ဘူးပေမဲ့
အိုးမလုံအုံပွင့်တဲ့လူကရှိနေတော့
ဒီသံသယကို ကြောက်လည်းကြောက်ပါတယ်။

ကြောက်ပေမဲ့
ထပ်ရေးလိုက်အုံးမယ်။
ဇာတ်တူသားစားတဲ့သူတွေ
ပိုများလာပါလိမ့်မယ်။
ကိုယ့်လိပ်ပြာ ကိုယ်လုံနိုင်ကြပါစေ။ ။

Credit


Related Posts:

  • ကလကာ နောက်ကွယ်မှာ   Gzမိန်းခလေးတွေဆိုတာကသူများCDMတော့cdmလိုက်လုပ်ကြတာနိုင်ငံရေးခံယူချက်ဆိုတာက ဗလာ!   အစိုးရက(၅၀၅)ထုပ်လိုက်တဲ့အခါသူတို့နာမည်တွေပါလာတယ်နောက်ကွယ်ကမြှောက်ပေးကြသူတွေကပြေးကြဖို့တိုက်တွန်းကြတဲ့အခါEAOsတွေဆီခေါ်ဆောင်တာပါသွားပြန်ရော   ရ… Read More
  • အင်ဒိုနီးရှားမှာ ဗုဒ္ဓဘာသာ ဘာလို့ ကွယ်ခဲ့ရသလဲ၁၉၆၅-ခုနှစ်၏ နေ့တနေ့ ရဲ့နံနက် ၆-နာရီတိတိ့ဝေလီဝေလင်းအချိန်ဗုဒ္ဓဘာသာဝင်တွေရဲ့ထုံးစံအတိုင်း တစ်ချို့က ဘုရားရှိခိုးနေကြတယ် တစ်ခ်ျူ့က တရားခွေတွေ ဖွင့်နေကြတယ်။ တစ်ချို့က ဓမ္မတေးတွေ ဖွင့်နေကြတယ်။ တစ်ချို့ကတော့ လုပ်ငန်းလုပ်ဖို့ ပြင်ဆ… Read More
  • #အစွန်းရောက်ဆိုတာ_ " အ "လွန်းတဲ့သူတွေ ..   တဖက် " စွန်း " ကို  ရောက်ရောက်သွားတတ်ကြလို့ " အစွန်းရောက် " လို့ ခေါ်တယ် ထင်ပါတယ် .. " အစွန်းရောက် " ရင် လမ်းပျောက်သွားတတ်တယ် .. " လမ်းမှန် " လျှောက်နိုင်ကြပါစေလို့ပဲ လေးနက်စွာ ဆန္ဒပြုပါတယ် .. အနုပညာရ… Read More
  • ဒေါ်စု ဘယ်သူလဲ ဘယ်သူ့အတွက်အလုပ်လုပ်ပေးနေလဲဒေါ်အောင်ဆန်းစုကြည်တွင်တော့ မေးစရာမေးခွန်းများ များလှနေပါ၏- အဘယ့်ကြောင့် ဆိုးရော့ (Soros) နှင့် ရင်းနှီးစွာ   ဆက်ဆံခဲ့ရပါသနည်း။- အဘယ့်ကြောင့် ဗြိသျှသံရုံးမှ ဂျိုးဖစ်ရှာကို နေရာပေးခဲ့   ပါသနည်း။- အဘယ့်ကြောင့် ရှောင်တာနယ်ကို စီ… Read More
  • ပြည်ထောင်စုရှေ့နေရုံးချုပ်အား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲစည်းရန်ကုန်၊ သြဂုတ် ၃၀နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရက ပြည်ထောင်စုရှေ့နေရုံးချုပ်အား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲစည်းကြောင်း အမိန့်အမှတ် ၁၇၆/၂၀၂၁ ကို ထုတ်ပြန်ထားသည်။ဥပဒေရေးရာဝန်ကြီးဌာန (Ministry of L… Read More