Monday, November 15, 2021

ကဲ ပြန်ရှင်းရအုံးမယ် ဗျာ


        မနက်က ပို့စ် နှစ်ခု တင်ပါတယ် ။ တခုက ဆိုင်ကယ် ပြဿနာ နောက်တခုက မဟန မဘသ ပြဿနာပါ ။ 

          ဆိုင်ကယ်ကိစ္စရေးတော့ မကွေးတိုင်း တာဝန်ရှိတဲ့ အသိုင်းအဝိုင်းက ဆက်သွယ်ပြီး ပြောလာပါတယ် ။ ဆိုင်ကယ်စီးခြင်းကို လုံခြုံရေးအရ ယခုလို ကန့်သတ်ဖို့ ဆွေးနွေးကြတော့ နှစ်ကြိမ်တိုင်တိုင် နယ်လုံဝန်ကြီးက ကန့်ကွက်ပါတယ် ။ 

      သို့သော် ယခုအမိန့်က ထွက်လာပါတယ် ။ မကွေး ဆင်တောင် ဆရာတော်ကြီးကိုယ်တိုင် ဒီ အမိန့်ကို သဘာဝမကျကြောင်း ချက်ခြင်း ပို့စ် တင်လိုက်ပါတယ် ။ ဒီတော့မှ နယ်လုံဝန်ကြီး သိသွားပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မဖမ်းဆီးရ ဆိုပြီး နေ့ခင်းမှာပဲ ချက်ခြင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ် ။ ဆရာတော်ကြီး ထံကိုလည်း သွားရောက် လျှောက်ထားခဲ့ကြပါတယ် ။ 

.....ထုတ်ပြန်တဲ့ အမိန့်ရဲ့ တာဝန်ခံကို ဘယ်သူလဲ လိုက်ရှာတော့ မြို့နယ် ထွေအုပ်တွေ ရူးချင်ယောင်ဆောင်နေပါတယ် ။ 

      သို့သော် ဤသို့ နယ်လုံဝန်ကြီး ထပ်မံထုတ်ပြန်သော ပယ်ဖျက်တဲ့ အမိန့်က ပြည်သူကြားမှာ သိသူ မရှိသလောက်နဲ့ မစီးရ ဆိုတဲ့ အမိန့်သာ တတိုင်းပြည်လုံး ပျံ့နှံ့သွားခြင်း ဖြစ်ပါတယ် ။ 

       ဒီတော့ မကွေးသားတွေ ယခင်ကလို နှစ်ယောက်စီးလို့ ရပါကြောင်း နဲ့ အရေးမယူဖို့ ညွှန်ကြားထားလို့ ဖမ်းဆီး အရေးယူခဲ့လျှင် သက်ဆိုင်ရာ နယ်လုံဝန်ကြီး နဲ့ ဝန်ကြီးချုပ်ထံ သွားရောက်ပြီး ဖမ်းဆီးသူအား ပြန်လည်တိုင်ကြားကြပါ ။ 

        အခြား ဒေသန္တရ အမိန့် ထုတ်ထားသော ဒေသများကိုတော့ ပြန်လည်သုံးသပ် ပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ် ။ 

       နောက်တခုက သံဃာတွေ အသတ်ခံရတာ နဲ့ ပတ်သက်ပြီး မဟန နဲ့ မဘသ ကို ဝေဖန်ခဲ့ပါတယ် ။ 

         ဝိနည်းတွေ ဘာတွေ အကြောင်းပြသူလည်း ရှိသလို မဘသ အနေနဲ့ ဝေဖန်ခံရတာ မနှစ်သက်သူတွေ လာမန့်ကြတာ ရှိပါတယ် ။ ကောင်းပြီ ဝေဖန်တာက မဘသကြီး အခုထိ အသက်ပြန်ဝင်အောင် မလုပ်သေးပဲ ငြိမ်နေတဲ့ အင်အားစုကြီးကို လှုံ့ဆော်တာ ဖြစ်ပါတယ် ။ 

        မဘသ ထိလို့ နာတယ်ဆိုတဲ့ လူတွေက ဘယ်မှာလဲ ခင်ဗျားပြောတဲ့ မဘသ ။ ခင်ဗျားတို့က ဘာမှ မရှိသေးတဲ့ အဖွဲ့အတွက် ဘာတွေ နာနေကြတာလည်း ။ အဲသလို ဝေဖန်တာ နာကြသလား OK ခင်ဗျားတို့ ပထမဆုံး မဘသ ဆိုတာကြီး ပြန်ပေါ်အောင် အရင်လုပ်ပြကြအုံး ပြီးမှ မျိုးဝင်းကို လာဆဲကြ ဟုတ်ပြီလား ။ 

      ကရင် မဘသ ကို ဝေဖန်ရဲသလား ဆိုပြီး မဆီမဆိုင် ရန်တိုက်ပေးတဲ့ သူကိုလည်း ပြောချင်ပါတယ် ။ မျိုးဝင်း အသက် ၅၀ ကျော်ပြီ ဘယ်သူ့မှ မကြောက်တတ်ပါဘူး ။ တိုင်းပြည် နဲ့ ဘာသာ သာသနာ အတွက် ပြောနေတာဖြစ်လို့ အခုသေသွားလည်း စောက်ဂရုစိုက်နေမှာ မဟုတ်ပါဘူး ။ 

     ကရင် မဘသ နဲ့ ခြိမ်းခြောက် ရန်တိုက်မနေနဲ့ မျိုးဝင်းက အာဏာသုံးရပ် ကိုင်ထားတဲ့ တပ်ချုပ်ကြီးလည်း ဝေဖန်တယ် ။ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လူယုတ်မာ PDF တွေလည်း ဒဲ့ ဆော်တယ် ဟုတ်ပြီလား လေ့လာကြည့်အုံး ။ 

      ဘာတဲ့ လိုင်းစုံ ဝေဖန်မနေတဲ့လား ။ အေး အဲသလို ဝေဖန်ထောက်ပြနိုင်အောင် မင်းအားထုတ်ကြည့်ပါအုံး ။ မျိုးဝင်း သိသလောက် လေ့လာဖူးသလောက် ဝေဖန်တာ မျိုးဝင်း အခွင့်အရေးပါ လာမပိတ်ပင်ပါနဲ့ ။ မင်းတတ်ရင် မင်းလည်း ရေးခွင့်ရှိပါတယ် ။ 

.....မျိုးဝင်းက သံဃာထု အတွက် ဝေဖန်ထောက်ပြတယ် ။ ခင်ဗျားတို့က မဖွဲ့ရသေးတဲ့ မဘသ အတွက် ဝင်ပြီး ဖင်ကြိမ်း​ပြနေတယ် ။ ဘယ်သူ ဘာဆိုတာ ဦးဏှောက်ရှိသူတွေ သိကြပါလိမ့်မယ် ။ 

        ကိုရွှေမျိုးဝင်း

(တခါတရံ ရက်စက်မှ အောင်မြင်တဲ့ သင်တန်းဆင်းပြီး တပ်သား ရတတ်တာ သိဖို့ ကောင်းတယ်)