Monday, November 15, 2021

ယနေ့ သတင်းများ


          ထန်းတပင် ရဲကင်း ပစ်ခတ်မှု ရဲ နှစ်ဦးကျဆုံး တဦးဒဏ်ရာပြင်းထန် ၊ အရပ်သား နှစ်ဦးထိ ။ 

(PDF နီပိတ်တွေ ပြောသလို အရပ်သား ကလေးမထိ​အောင်ရှောင်ပစ် ဆိုတာ မဟုတ်သလို အရပ်သားချည်း မှန်တယ်ဆိုတဲ့ ဒီဖက် သတင်းလည်း မမှန်ပါ)

         သံလျှင်ပစ်ခတ်မှု မိန်းကလေး နှစ်ဦးဖမ်းဆီးရမိ ။ စည်ပင်ဝန်ထမ်း ဒဏ်ရာရ ။ 

(မိန်းကလေး နှစ်ဦး ကားနဲ့လာပစ်ခတ်တာ မှိုင်းဝနေတဲ့ လက္ခဏာမို့ မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေခြင်း အပေါ် ဆင်ခြင်သင့်ပါပြီ) 

          အိန္ဒိယ မြန်မာ နယ်စပ် ခြုံခိုတိုက်ခိုက်ခံရ၍ အိန္ဒိယဗိုလ်မှူးကြီး နဲ့ ဇနီး ရဲဘော်လေးဦး ကျဆုံး ။ မြန်မာ့တပ်မတော် နဲ့ အိန္ဒိယ တပ်မတော် ပူးပေါင်းပြီး နှစ်နိုင်ငံ နယ်စပ်ရှိ အိန္ဒိယ သူပုန် နဲ့ PDF တွေကို ရှင်းလင်းဖို့ အလားအလာရှိကြောင်း အိန္ဒိယမှ ထုတ်ပြန် ။

(ဒီသတင်းက သတင်းကောင်းပါပဲ ။ PDF တွေ အတွက်တော့ သတင်းဆိုးပါပဲ)  

          သံဃာတပါးအား PDF များမှ လည်ပင်း ဒါးဖြင့် ထိုးသတ် ။

(နောက်နောင် ဆက်တိုက် ကြားနေရဖွယ် ရှိတဲ့ သတင်းမျိုးဖြစ်ပါတယ် ။ ပြန့်ကျဲနေတဲ့ သံဃာများအား လုံခြုံမှု ပေးနိုင်ဖို့ အခက်အခဲ ဖြစ်နေသော တပ်မတော်အား ထိုင်ဆဲနေရုံမျှဖြင့် ပြီးသွားမယ့် ပြဿနာ မဟုတ်ပါဘူး ။ မဘသ လို ခိုင်မာတောင့်တင်းတဲ့ အသင်းကြီးများ ခေါင်းထောင် ဖွဲ့စည်းပြီး ယခင်က တိုက်ပွဲတွေ လုပ်ခဲ့သလို စုစည်းမှု အင်အားဖြင့် ဦးဆောင်ပြုလုပ်ဖို့ တိုက်တွန်းရေးသား ခဲ့တာကိုပဲ ဖြတ် ညှပ် ကပ် လိုရာတွေး ရန်ပြုမှုတွေနဲ့ တုန့်ပြန်နေသော ပုဂ္ဂိုလ်များ ကျန်းမာကြပါစေဗျာ) 

         ပြစ်ဒဏ် ၁၁ နှစ် ချမှတ်ထားသော အမေရိကန် နိုင်ငံသားအား ယနေ့ ပြည်နှင်ဒဏ် အဖြစ် ဖြေလျော့ပေး၍ ပြန်လွှတ် ။

(လွတ်မယ်ဆိုတာ တွက်ဆလို့ရပြီးသားမို့ ကြိုတင်ရေးသားခဲ့ဖူးပါတယ် ။ မြန်မာခေါင်းဆောင်တွေဟာ အကျိုးမရှိပဲ အဆဲခံရုံ သက်သက် လွတ်ပေးမှာ မဟုတ်ပါဘူး ။ ယနေ့ နေ့ခြင်း ညခြင်း ပြောင်းလဲနေတဲ့ နိုင်ငံတကာ ဆက်ဆံရေးသည် အလဟဿ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး )

          ရေစကြို ကိစ္စ ရှင်းလင်းရေး ဆောင်ရွက်နေပါပြီ ။ ရေစကြို နဲ့ ချင်းတွင်းမြစ်ပဲ မဲမနေသင့်ပါဘူး ။ 

(ချင်းတွင်း နဲ့ ဧရာဝတီမြစ် ကြားထဲက ကိုကြီးကျော် နတ်နန်းဒေသ တလျှောက်လုံး ရှင်းလင်းမှသာ မန္တလေး ၊ စစ်ကိုင်း ၊ မကွေး တိုင်းသုံးတိုင်း အတွင်း လှည့်ပတ်မွှေနှောက်နေသော PDF များကို အမြစ်ဖြတ်နိုင်မှာပါ ။ တိုင်းမကျော်ရ ဆိုတဲ့ အူကြောင်ကြောင် နယ်နမိတ်သတ်မှတ်ချက်ကို ခေတ္တမေ့ထားမှသာ အဆိုပါ ဒေသ ငြိမ်းချမ်းပါမယ် ။ ချင်းတွင်း ၊ ဧရာဝတီ မြစ်နှစ်စင်း ဆုံရာ ဒေသ တိုင်း သုံးတိုင်း နယ်နမိတ်အစပ်ဒေသမို့ စုပေါင်းနှိမ်နင်းမှ ရပါ့မယ် )

          တာဝန်ကျ လုံခြုံရေး ဝန်ထမ်းများ ဖုန်းပွတ်နေခြင်း ၊ သေနတ်တခြား လူတခြား ဖြစ်နေခြင်းအပေါ် အမြန်ဆုံး သုံးသပ်ပြုပြင်ကြရပါမယ် ။ တာဝန်ချိန် အလွန်များလွန်းနေရင် ဤသို့ ဖြစ်တတ်ပါတယ် ။ 

         ဂျူတီတခါချထားလျှင် လေးနာရီထက် ပိုမချသင့်ပါဘူး ။ လေးနာရီ အတွင်း သတိဝိရိယ နဲ့ အမြဲအဆင်သင့် ပြင်ထားကြဖို့ လိုပါမယ် ။ ပင်ပန်းလွန်းလျှင် သတိအမြဲမထားနိုင်တော့တာ လူ့သဘာဝပါပဲ ။ 

        ကိုရွှေမျိုးဝင်း