Friday, November 5, 2021

သူ တစိမ်း ချစ်တယ်ဆိုတာ ဆွေမျိုး မုန်းသလောက်ပဲ ရှိပါတယ်


ဘာသာမတူ လူမျိုးမတူ ယဥ်ကျေးမှု ဓလေ့စရိုက်မတူကြတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်က သူတို့ လစာ နဲ့ သူတို့နိုင်ငံ အကျိုးကလွဲပြီး ငါတို့လူမျိုးနဲ့ ငါတို့တိုင်းပြည်ကို ချစ်ပါတယ်ဆိုတာ သင်တို့ ယုံကြည်နိုင်ကြပါသလားးး

မဟောသဓာ သားတရားစီရင်ခန်းကို ပြန်လည်လေ့လာ သုံးသပ်ကြပါ အမျိုးတို့ရေ

ကလေးရဲ့ ငိုသံကို မကြားရက်နိုင်လို့ မိခင်ရင်းက ဘီလူးမလက်ထဲကို ထည့်ပေးလိုက်ရတာ
       မဟောသဓာ လိုပညာရှိတရားသူကြီး ရှိလို့သာ သူ့ကလေးကို ပြန်ရ တာနော်
        အခု ဘီးလူးမက ဇာတ်တော်ထဲက ဘီလူးမထက် ပိုပြီး အပြောကောင်း မျက်ရည်ခြူတတ်တယ်နော် သတိထား ဆင်ခြင် သုံးသပ် ဆုံဖြတ်နိုင်ကြပါစေ

ခုခေတ် ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံမှာ မဟောသဓာ လိုတရားသူကြီးမျိုး မရှိတော့ပါဘူး

၂၀၁၅ တုန်းက သားငယ်ငိုသံ နားမခံရက်နိုင်လို့ ငါတို့ မိဘက ဘီလူးမလက်ထဲကို တစ်ကြိမ်ထည့်ပေးလိုက်ရတယ် အခွင့်မသာသေးလို့သာ ငါတို့ ဘီလူးမ အစာမဖြစ်ခဲ့ကြတာ 

ဒီတစ်ခါဆိုရင်တော့ အရိုးပါမကျန် သေချာပေါက် အစားခံရလိမ့်မယ် လူမျိုးကော ဘာသာတရားကော ယဥ်ကျေးမှု ဓလေ့တွေကော အကုန်လုံး အစားခံရမှာ အသိဉာဏ် ရင့်သန်၍ ဆင်ခြင်နိုင်ကြပါစေဗျာ ။

Credit