Friday, November 5, 2021

အဓိပ္ပါယ်မရှိသော ဝါဒဖြန့်ချိရေးများသာလုပ်နေရပြီး တပ်မတော်စစ်ကြောင်းများနှင့်တွေ့လျှင်ပြေးနေရသောကြောင့် တောတွင်းရောက်လူငယ်များ စိတ်ဓါတ်ကျဆင်းလျှက်ရှိ။

##############################################
မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်အကြမ်းဘက် တိုက်ခိုက်ခြင်းမှလွဲပြီး အခြားရွေးစရာမရှိဟု အာဏာလက်လွှတ်လိုက်ရသော NLD ပါတီခေါင်းဆောင်များနှင့် NLD ပါတီအာဏာရစဥ်က ကြီးပွားချမ်းသာခဲ့ကြသူများ၏ ဖြားယောင်းသွေးဆောင်မှုကြောင့် တောတွင်းလက်နက်ကိုင် သောင်းကြမ်းသူများထံ ရောက်ရှိနေကြတဲ့ လူငယ်အများစုဟာ စိတ်ဓါတ်ကျဆင်းလျှက်ရှိတယ်လို့သိရပါတယ် ၊ 
တောတွင်းရောက်လူငယ်အများစုဟာ (၂၀၂၁)အရေးအခင်းကာလအတွင်းက မြို့ပေါ်တွေမှာ မင်းမဲ့စရိုက်ကျူးလွန်ခဲ့ကြသူအများစုဖြစ်ပြီး တပ်မတော်က တိုင်းပြည်အေးချမ်းသာယာရေးအတွက် ဝင်ရောက်ထိမ်းသိမ်းစဥ်မှာ မိမိတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု့များမှလွတ်မြောက်ရန်အတွက် တောတွင်ရှိ လက်နက်ကိုင် အကြမ်းဖက်သမားများထံ ထွက်ပြေးသွားသူတွေဖြစ်ကြပါတယ်၊
တောတွင်းရောက် ပြစ်မှု့ကျူးလွန်ခဲ့သူ လူငယ်အများစုဟာ NLD ခေါင်းဆောင်တွေရဲ့ ပံ့ပိုးကူညီမှု့နဲ့ PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တပ်မတော်ကို ပြန်လည်တိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမဲ့ ပြည်ပရောက် NLD ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးရှာမှု့ကြောင့် တောထဲမှာ ငတ်တလှည့် ပြတ်တလှည့်နေထိုင်ကြရပြီး နေ့စဥ်ဝါဒဖြန့် ဗီဒီယိုများသာရိုက်ကူးနေရတာကြောင့် စိတ်ဓါတ်ကျဆင်းလျှက်ရှိတယ်လို့သိရပါတယ် ၊
တောတွင်းရောက်လူငယ်အများစုဟာ တောတွင်းလက်နက်ကိုင် သောင်းကြမ်းသူတွေရဲ့ နိုင့်ထက်စီးနင်းပြုမှုတာကိုလည်း နေ့စဥ်ခံနေကြရပြီး တပ်မတော်စစ်ကြောင်းများနှင့်တွေလျှင်လည်း ၎င်းတို့ကိုသာ ရှေ့တန်းတင်အသေခံခိုင်းတာကြောင့် လူငယ်တချို့က တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ တောတွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေနဲ့ သီးခြားစီရပ်တည်ဖို့ စီစဥ်တာကို တောတွင်းလက်နက်ကိုင်အဖွဲ့တွေက ရိပ်မိသွားပြီး လူငယ်ခေါင်းဆောင် အောင်အောင်ကျော်ကို ဖမ်းဆီးထိမ်းသိမ်းမှု့တွေလည်းလုပ်ခဲ့ဘူးပါတယ်၊
မြို့ပေါ်ရောက် အလှူငွေကောက်ခံသူအများစုကလည်း ကိုယ်ရကိုယ်ယူ စနစ်ကိုသာကျင့်သုံးနေတာကြောင့် ကောက်ခံရရှိတဲ့ အလှူငွေတွေဟာ တောတွင်းကလူငယ်တွေထံ ရောက်သင့်သလောက်မရောက်ရှိဘူးလို့လည်းသိရပါတယ်၊
အခုချိန်မှာတော့ တောတွင်းရောက်လူငယ်အများစုဟာ စိတ်ဓါတ်အလွန်ကျဆင်းနေပြီး အများစုဟာ ထိုင်းနိူင်ငံထဲကို တောလမ်းကတဆင့်ထွက်ပြေးနေကြကြောင်းတင်ပြလိုက်ရပါတယ်။
#MHTNews

##############################################
အခုချိန်မှာတော့ တောတွင်းရောက်လူငယ်အများစုဟာ စိတ်ဓါတ်အလွန်ကျဆင်းနေပြီး အများစုဟာ ထိုင်းနိုင်ငံထဲကို တောလမ်းကတဆင့်ထွက်ပြေးနေကြကြောင်းတင်ပြလိုက်ရပါတယ်။
#MHTNews