Monday, November 22, 2021

#နွေရူးပန်းကဗျာ!


#နင်လားဟဲ့!---တော်လှန်ရေး။
နွေဦးမိုးဦး
ဆောင်းပါကူးလို့
သေမထူးနေမထူး
ခွေးရူးမြိုင်ထ
အူလိုက်ကြတာ
"ကမ္ဘာမကြေဘူး"
"ကမ္ဘာမကြေဘူး"
"မခိုးဘူး၊မခိုးဘူး
 မဲမခိုးဘူး"
"အူး ဝူး. ဝူး"
"အူး ဝူး. ဝူး"
သွက်သွက်ခါရူးလို့။

#နင်လားဟဲ့!---တော်လှန်ရေး။
ခဏလေး တောင့်ခံပေးတဲ့
"နက်ဖြန်အောင်မည်၊
သန်ဘက်ခါအောင်မည်"။
"(72)နာရီ၊(24)နာရီ"။
"သုံးလကြာမည်၊
လေးလကြာမည်"။
"ဟိုမြို့သိမ်းမည်၊
ဒီမြို့သိမ်းပြီ"။
"တစ်နိုင်ငံလုံးသိမ်းမည်၊
မကြာမီသိမ်းမည်"။
"အောင်ရမည် အောင်ရမည်၊
အောင်ကိုအောင်ရမည်"။
လျှာခလုတ်တိုက်
ခွေးထက်မိုက်တို့
ရှူးကိုက်နေကြပုံများ
ကဲ!---ခုတော့
"ဘယ်ဘုရားမှ မဟောနိုင်ပြန်ဘူး"တဲ့။
ဖာကောင်တွေလဲကွ
အံ့ဩရ-အံ့ဩပ။

#နင်လားဟဲ့!---တော်လှန်ရေး။
အလှူခံလေးရသမျှ
ဘိန်းရှူဆေးချ
ပုလင်းထောင်ပျော်ကြလို့
ဖင်ပြောင်ကြီး ဖွေးဖွေးလှ
"ကြယ်စင်တွေမြေခ" သတဲ့။
ေဩာ်!---အာကာသတွင်းနက်
ကြယ်လေးတွေခုန်ထွက်တော့
မြန်မာပြည်ရောက်လို့ပျော်
ဟိုတယ်ပေါ်တက်ဆော်ကြ။
အချို့လည်းအငန်းမရ
တောမြိုင်အလယ် တွန်းလှန်ခွသတဲ့
ဟန်ကိုကျသပနော်။

#နင်လားဟဲ့!---တော်လှန်ရေး။
"ကဝေမ" ထမိန်အောက်
ခေါင်းဝှေ့ဆောင့်
"ထန်"ရည်သောက်လို့
ဘုန်းတန်းခိုးတောက်နေကြ။
အဟင်-အဟင်--ဟင်!
အဖက်ယုတ်မှ လူရာဝင်
ရောင်မတူ ရန်သူမြင်ကာသနဲ့
"ကိုယ့်ယီးကိုယ်မြွေထင်" သူတို့
အငုံကြောက်စိတ်
လူမရိပ်ရအောင်
ချောင်ပိတ်ခွေးဘဝ
တွေ့ရာခဲကြလို့
ရဟန်းရှင်လူ
ပြည်သူကိုသတ်နိုင်သမျှ
အောင်ပွဲတွေလှသတဲ့လေ။

#နင်လားဟဲ့!---တော်လှန်ရေး။
မာန်ကတော့ မသေးဘူး
"ချောင်း-ပစ်-ပြေး"လောက်နဲ့
အွန်လိုင်းပေါ်မှာထိုးစစ်ဆင်
Screen ပေါ်ကမုန့်ဟင်းခါး
ပွဲရေများလှပေါ့။
ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ
ဓာတ်ပုံမှတ်တမ်းလည်းမရှိ
မြေပြင်ပေါ်အမှန်ကြည့်တော့
အလိုဗျာ!---
ဒေါင်းလဒသေ
ပေါင်းသမျှ ရေမတွက်နိုင်ဘု။
အော်!--အခေါင်းလည်းမပါကြတော့
ဒေါင်းမသာချ လူအမြင်မလှပေဘူး။

#နင်လားဟဲ့!---တော်လှန်ရေး။
ဒီမိုကရေစီ ချူသံတေးနဲ့
ကျောင်းမတက်ဖို့ရာဇသံပေး
ဘာတဲ့!----
"ခင်ဗျားတို့ကလေးတွေ
ခြေပြတ်လက်ပြတ်
ကံမကောင်းရင်
အသက်ပါပေးရမတဲ့"။
ထွီး!!!!!----မိုက်ရိုင်းထွားကြိုင်းသကွာ။
ဗုံးခွဲမိုင်းဖောက်
သေနတ်သံတွေတတောက်တောက်
ပြည်သူကိုခြောက်လို့
ဆေးမထိုးအခွန်မဆောင်
ဘုရားဖူးတောင်ချမ်းသာမပေး
အပျော်ခရီးဆိုဝေးစွ
မြင်မြင်သမျှ သုတ်သင်ကြမယ်တဲ့
ဟိန်းဟောက်ချက်လျှံ
ဆိုးယုတ်ဥာဏ်ကိုယ်စီ
NLD/NUG/PDF
စကောလောက်မှဇောက်မနက်
တိုင်းဖျက်လို့ပြည်ဆူ
ခွေးရူးသို့လူကို
ကလူကြမြှုကြ ဂုဏ်တင်"သ"မှ
ဒလံမဖြစ် ရှင်ကျန်ရစ်မယ်တဲ့။

#ေဩာ်!----ဒီတိုင်းပြည်တစ်ခွင်
ကံဆိုးချင်တော့
ကြောင်ခံတွင်းပျက်နှင့်
ဇရက်တောင်ပံကျိုး
တည့်တည့်ကြီးတိုးကြ။
နိုင်ငံရေးနောက်မီးလင်း
မုဆိုးမကြီး ဖင်ကမြှင်းသမျှ
ပြည်နာလှ။
ဂွေးတက်စင်ကျိုး
ကြပ်မပြည့်လူနုံမျိုးလည်း
အသက်တွေပေးရ များပါကြ။
မျောက်ပြဆန်တောင်း
သူဌေးလောင်းတို့
အွန်လိုင်းပေါ်ကမြှောက်
အလှူငွေ သယ့်သယ့်ကောက်လို့
စည်းစိမ်တွေလည်း မောက်ပါကြ။

#ကယ်---ကယ်---ကယ်
ခုတော့ -- တော်လောက်ပြီ။
ဆင့်ယီးခွေးမျှော် 
မိထွေးတော်
ပြန်ပေါ်မည်မဟုတ်။
လေထိုးလေလျော်
ငြာသံပေးအော်ရုံနဲ့
တော်လှန်ပြေးတို့ 
နိုင်မည်မဟုတ်။
မြောက်ပြန်လေဖြူး
ဆောင်းအကူးမှာ
မိုက်ဇတ်တွေကိုရပ်
ပြစ်မှုကြွေး ချွေးနှင့်ဆပ်လို့
မှားခဲ့သမျှပြည်သူအပေါ်
ကြေပါစေ စိတ်သဒ္ဓါလောင်း
ပြီးသမျှအဟောင်းကိုချန်
အသစ်တစ်ဖန်
အစစ်အမှန်ပေါ်လျှောက်ကာလှမ်း
ကိုယ့်ပြည်ရွာ သာနန်းဖို့
နိုင်ရာဝန် ကြိုးကာထမ်းပါမှ
အမောင်အမယ်မင်းတို့ရယ်က
မြတ် ထိုက် ရတနာ ပန်း။

🇲🇲သက်နိုင်ဦး(ကျည်ကာ)🇲🇲 
(20-11-2021)(22:16)hr