နာဂတောင်တန်း-ကူးကီးရွာကြီးသည်
အိမ်ခြေ(၃၃၀)ကျော်ရှိတဲ့
၁၀၀%ခရစ်ယာန်တွေချည်းနေကြတဲ့
ရွာကြီးပါ။
ထိုကူးကီးရွာကြီးမှာ
ထေရဝါဒသာသနာပြုဖို့
တာဝန်ကျတဲ့ ရဟန်းတော်လေး
အရှင်ဓမ္မသာမိ-သည်
တနင်္သာရီတိုင်း မြိတ် ဒေသမှဖြစ်ပါသည်။
ထိုရဟန်းတော်လေး မြေပြန့်
အပြီးပြန်ကြွတော့တဲ့အခါမှာ
ခရစ်ယာန်တစ်ရွာလုံးက
ရှိုက်ကာငင်ကာနဲ့ ငိုကြပါတယ်။
ရဟန်းတော်လေးကို
နှမြောလို့ လွမ်းလို့ မပြောင်းသေးပါနဲ့
ရွာသူကြီး က အစ
တစ်ရွာလုံးက ပါ ဝိုင်းတားကြပါတယ်။
တစ်နှစ်လောက်ထပ်နေပေးဖို့
ဖြောင့်ဖြကြပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး
ဗုဒ္ဓဘာသာရဟန်းတော်လေး
ပြောင်းရွေ့သွားမှာကို
ဘာဖြစ်လို့ ငိုကြ
မပြောင်းဖို့တားကြရတာလဲဆိုရင်
ထိုရဟန်းတော်လေးသည်
ကူကီးနာဂတောင်ပေါ်ရွာ
ဗုဒ္ဓဘာသာ တစ်ဦးမှ မရှိလည်း
အားမငယ်ပဲ
ငါသည် တက္ကသိုလ်ကလာတာဖြစ်လို့
အင်္ဂလိပ်ဘာသာသင်တန်းတော့
ဖွင့်နိူင်ရမယ်လို့ အဓိဋ္ဌာန်လိုက်ပြီး
ကူကီးရွာကြီးမှာ
အင်္ဂလိပ်ဘာသာ သင်တန်းတွေ
ဖွင့်ပေးပါတယ်။
ထိုသင်တန်းကိုလည်း
ဗုဒ္ဓဘာသာကျောင်းမှာ
ဖွင့်တာမဟုတ်ပဲ
ခရစ်ယာန်ချက်စ်ကျောင်းမှာပဲ
သွားသင်ပြပေးတာ
စာဆို စာပဲသင်ပြပေးတာမျိုး
ဘာသာရေးအခန်းကဏ္ဍ
လုံးဝ မပြောပဲ သူတို့လေးတွေ
တိုးတက်ရေးကိုပဲ စေတနာ
မေတ္တာ ထားပြီး သင်ပေးတာပါ။
ထိုကျေးရွာကြီးမှာ လောကအလင်း
စာကြည့်ဆိုပြီး စာကြည့်တိုက်ဖွင့်ပေးပြီး
ရွာက လူငယ် လူရွယ်တွေကို
စာဖတ်တတ်အောင်လမ်းကြောင်းပြပြီး
စာဖတ်သူများအောင်လုပ်ပေးတယ်။
ထိုကူကီးရွာမှာပင်မကပဲ
တခြားကျေးရွာများအထိ
ခြေလျင်ကြွပြီး ခရစ်ယာန်
ချက်စ်ကျောင်းတွေမှာ
အင်္ဂလိပ်စာတွေ သင်တန်းဖွင့်ပြီး
လိုက်သင်ပြပေးပါတယ်။
ထိုရဟန်းတော်လေး
နေထိုင်-မကောင်းတဲ့အခါဆို
ကူကီးတစ်ရွာလုံးက ကျောင်းကိုလာပြီး
လိုအပ်တာတွေ ပြုစု ကူညီ
ပေးကြပါတယ်။
ကျောင်းမှာလာအိပ်ပြီး
ဝေယျာဝစ္စတွေပြုပေးကြပါတယ်။
ခရစ်ယာန်တွေဖြစ်ပေမယ့်
ဗုဒ္ဓဘာသာနဲ့ တသားတည်းကျသွားပြီး
တစ်ဦးအကျိုး တစ်ဦး လိုလိုလားလားနဲ့
မိသားစုစိတ်ဓာတ်နဲ့
အတူယှဉ်တွဲနေထိုင်ကြတာပေါ့။
ကူကီးရွာက လူငယ်များကိုလည်း
စည်လုံးညီညာ ချစ်ခင်မှုရှိအောင်
ဘောလုံး အားကစားတွေသင်ပြပြီး
ဘောလုံးအသင်(၇)သင်းဖွဲ့ပေးပြီး
ချစ်ကြည်-စည်လုံးအောင်
ဘောလုံးပြိုင်ပွဲတွေ လုပ်ပေးပါတယ်။
ထိုရဟန်းတော်လေး ဒီလို
ရပ်ရွာအကျိုးတွေ စေတနာ မေတ္တာ
အဖြာဖြာထားပြီး
အလုပ်တွေ လုပ်ပေးတော့
တစ်ရွာလုံး၏စိတ်နှလုံးကို
ဖမ်းစားထားသလိုဖြစ်တော့
ချက်စ်ကျောင်းက ပါစတာတွေကတောင်
မျက်ခုံးလှုပ်ကြတယ်လို့ သိရပါတယ်။
ထိုပါစတာများဖြင့်လည်း
ရင်းနှီးအကျွမ်းဝင်ရှာပါတယ်။
ဗုဒ္ဓဘာသာ-လို့ ဘာသာပြောင်း
အမည်မခံတာပဲရှိတယ်။
ဘုရားကန်တော့တာမလုပ်တာပဲရှိတယ်။
ဘုန်းကြီးကျောင်းလာရင်
အမျိုးသားအားလုံးကလည်း
တရိုတေသ ထိုင္လို့
အမျိုးသမီးအားလုံးကလည်း
တယဉ်တေက်း
လိမ္မာယဉ်ကျေးစွာ
တင်ပါးလွှဲလေးတွေထိုင်လို့
အပြီးပြန်ခါနီး-တနင်္ဂနွေနေ့မှာ
ဘောလုံးပြိုင်ပွဲကြီးလုပ်ပေးတော့
တစ်ရွာလုံး လူကြီး လူငယ်
အမျိုးသား အမျိုးသမီးပါမကျန်
မနက်အစောကြီးကနေ ညနေအထိ
တောင်ပေါ် ဘောလုံးကွင်းမှာ
တနေကုန် ရောက်နေကြတာ။
ဒီနေ့ တနင်္ဂနွေနေ့ ချက်စ်ကျောင်း
မတက်ကြဘူးလားမေးတော့
ဘုရားကျောင်း
တက်ပါတယ် အရှင်ဘုရား
မနက်အစောကြီးတက်
အစောကြီးပြီးအောင်လုပ်ပြီး
ဘောလုံးပွဲမှာရောက်နေကြတာပါ။
(အားလုံးကို သဘောကျမိသွားတယ်)
ဘောလုံးပွဲမှာလည်း
စည်းကမ်းတကျပါပဲ
အားပေးသူတွေကလည်း
အားပေးတဲ့ ဘောလုံးအသင်းကို
ကွန်ပျူတာစာစီထားတဲ့
စာရွက်ကိုယ်စီ ကိုင်လို့လို့
တီးမှုတ်လို့ ညာသံတွေပေးလို့။
ဘောလုံးတစ်လုံး ဂိုးသွားရင်လည်း
ဝှိုက်ဘုတ်မှာ ဂိုးအရေအတွက်ပါ
တန်းပြောင်းသွားတာမျိုးအထိ
အစီစဉ်တကျပါပဲ။
ပထမ ဒုတိယ တတိယ စတုတ္ထအပြင်
တခြားဆုတွေကလည်း အများကြီးနဲ့
ဝဝေဆောဆာပါပဲ။
ထိုဘောလုံးပွဲ အရှင်ကဝိ
သွားရောက်တော့လည်း
လူကြီးအားလုံးက
ထိုင်ရာမှထပြီး တန်းစီးလို့
တပည့်တော်က ဘယ်သူပါ စသည်ဖြင့်
လက်ဆွဲပြီး မိတ်ဆက်ကြပါတယ်။
(နိူင်ငံတော် လူကြီးလာတဲ့အတိုင်း
တလေးတစားရှိကြပုံက)
ထိုဘောလုံးပွဲမှာလည်း
ဆုတော်ငွေ(၁)သိန်းကျပ်
လွှဲအပ်ပေးခဲ့ပါတယ်။
ပြန်မည့်ရက်
ထိုရဟန်းတော်လေးကို
ဝင်ခေါ်တော့လည်း
တရွာလုံးက ဘုန်းကြီးကျောင်းမှာ
အပြည့် ငိုနေကြတာ
မျက်ရည်ကိုယ်စီနဲ့တွေ့လိုက်ရပါတယ်။
ပြန်ခါနီး အလွမ်းတွေကိုယ်စီနဲ့
ထိုရဟန်းတော်လေး
အရှင်ဓမ္မသာမိသည် မြေပြန့်မှာလည်းပညာရေးနဲ့ တခြားအလုပ်တွေအတွက်
ထိုကူကီးရွာကြီးမှ မပြန်ချင်ပဲ
ပြန်ကြွလာလိုက်ပါတယ်။
အားလုံး ငိုလို့မဆုံး
မြင်တွေ့လိုက်ရပါတယ်။
(ဒီရဟန်းတော်လေး
နောက်(၅)နှစ်သာ ထိုရွာမှာဆက်နေရင်
ကူကီးတစ်ရွာလုံးအတွက်ပါမက
ဘာသာ သာသနာပါ ထွန်းတောက်လာ
ဖို့ပဲ ရှိပါတယ်။
အရှိန်တက်နေချိန် တာဝန်ပြီးဆုံး
နောက်တစ်ပါး ပြောင်းရတော့
ထိုလာမည့် နောက်နောင်
အရှင်မြတ်တွေသည်လည်း
အရှင်ဓမ္မသာမိ ကဲ့သို့
ထမ်းဆောင်နိူင်ရင်
အလွန့်အလွန်ကောင်းမြတ်လှပေမည်
ထို့အတွက်
ဆုတောင်း မိပါတော့သည်)
ကောင်းသောခွဲခွာခြင်းပါ
************************
တကယ်ပြန်ရမယ့်အချိန်ရောက်လာတော့လည်း
ရင်ထဲမချိလှပါ။ ၂ နှစ်တာဆိုပေမဲ့ နှစ်၂၀နီးပါးလောက်ကျင်လည်ခဲ့သလိုခံစားရတယ်။ ပျော်တိုင်းမနေတတ်တာ ကိုယ့်ခံယူချက်ကြောင့် တော်ရာကိုပဲ
လျှောက်လှမ်းဖို့ဆုံးဖြတ်ခဲ့တယ်။
ဘုန်းဘုန်းဒီမှာပဲအမြဲနေပါလား....?
နောက် ၁နှစ်လောက်ဆက်နေလို့မရဘူးလား...?
အဆင်ပြေရင်အလည်ပြန်လာခဲ့နော်.....စတာတွေပြောလာတဲ့အခါ ရင်ထဲဟာတာတာနဲ့ စကားလုံးရှာမရဖြစ်ရတယ်။
ဘာသာမတူပေမဲ့ ဆရာဆိုတဲ့အသိရယ် အပြန်အလှန်ကူညီစောင့်ရှောက်ခဲ့တဲ့အနေထားတွေကြောင့် ခွဲခွာရမဲ့အချိန်တွေကို ရင်ဆိုင်ဖို့ခွန်းအားမရှိဘူးဆိုတာ မျက်ရည်မိုးတွေနဲ့သက်သေပြခဲ့ကြတယ်။ သို့သော်လဲ.....ကွေကွင်းရခြင်းကိုတော့
မလွန်ဆန်နိုင်ကြဘူး....။
လိမ္မာယဉ်ကျေးစွာနေထိုင်ပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစားကြဖို့ရယ်၊ အခွင့်ခါသင့်ရင် ပြန်လာခဲ့မယ်ဆိုတာရယ်၊ အမြဲဆုံးမနေကြဖြစ်တဲ့....
Smile Smile Ever smile
Cry Cry Never Cry
You can do it because you are strong.....စာပိုက်လေးဆိုပြကာ နှုတ်ဆက်ထွက်ခွာခဲ့ရတယ်....။
ဘာပဲဖြစ်ဖြစ်ပါ ကလေးတို့ရေ.....
အခုဘုန်းဘုန်းတို့ခွဲခွာခြင်းဟာ
ကောင်းသောခွဲခွာခြင်းလို့ပဲဆိုချင်တော့တယ်။
ဘဝကျောင်းသား
၁၆.၁၁.၂၀၂၁.အင်ဂါနေ့
ကူကီးသာသနာပြုဌာန လေရှီးမြို့နယ်၊
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
စစ်ကိုင်းတိုင်းဒေသကြီး။
အရှင်ဉာဏောဘာသ ခရမ်း