Sunday, August 22, 2021

စစ်တပ်ကိုမုန်းတဲ့ကောင်တွေဖတ်ဖို့ ( ပထမပိုင်း )


ဒီစာစုလေးထဲမှာ
ကျွန်တော့်ရဲ့စာအရေးအသားတွေဟာ
နည်းနည်းလေးတော့
ကြမ်းတမ်းချင်ကြမ်းတမ်း
ရင့်သီးချင်ရင့်သီးနေပါလိမ့်မယ်

လူတစ်ယောက်မှာခံနိုင်ရည်
ခံနိုင်စွမ်းဆိုတာရှိပါတယ်
ခံနိုင်ရည်ကိုကျော်လွန်လာပြီဆိုရင်တော့
ယဉ်ကျေးခြင်းတွေ
​ကြောက်ရွံ့ခြင်းတွေ
လွင့်ပါးပျောက်ကွယ်ကုန်ပြီး
ရိုင်းစိုင်းလာကြ
ရဲ့ရင့်လာကြ
ကြမ်းတမ်းလာတတ်ကြပါတယ်

နိုင်ငံရေးလုပ်တယ်ဆိုတာ
အင်မတန်မှမွန်မြတ်တဲ့အလုပ်တစ်ခုပါ
နိုင်ငံသားတိုင်းကလည်းနိုင်ငံရေးလုပ်ဖို့လိုအပ်ပါတယ်

နိုင်ငံရေးဆိုတာတိုင်းပြည်အတွင်းမှာ
မှီတင်းနေထိုင်ကြတဲ့ကျားမ မရွေး
လူကြီးလူငယ်မရွေးလုပ်ကိုလုပ်ကြရမယ့်
မွေးရာပါတာဝန်တစ်ခုပါ 

တစ်ခုရှိတာက
နိုင်ငံရေးလုပ်တော့မယ်ဆိုရင်
ကိုယ့်နိုင်ငံကိုယ်လူမျိုး
ကိုယ့်တိုင်းပြည်ကိုယ့်ဒေသ
ကိုယ့်ယဉ်ကျေးမှုကိုယ့်တပ်မတော်အစရှိတဲ့

အခြေအနေအဖွဲ့အစည်းတွေရဲ့
နောက်ခံအခင်းအကျင်းတွေကိုအကြောင်းတွေကိုတော့
ပြည့်ပြည့်စုံစုံတိတိကျကျ
သေသေချာချာရေရေရာရာသိထားကြဖို့လိုအပ်ပါတယ်

လိုအပ်တာမှအရေးတကြီးကို
မဖြစ်မနေကိုလိုအပ်လှတာပါ

ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး
ကိုယ့်ဒေသကိုယ့်ယဉ်ကျေးမှု
ကိုယ့်တပ်မတော်အစရှိတဲ့
ကိုယ့်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့
နောက်ခံလူမျိုးအဖွဲ့အစည်းတွေရဲ့
အခင်းအကျင်းတွေရဲ့
သမိုင်းအချက်အလက်အမှန်ကိုတောင်သိမထားကြပဲ

ဟိုလူပြောတဲ့စကားဟုတ်နိုးနိုး
ဒီလူပြောတဲ့စကားမှန်နိုးနိုးနဲ့
နိုင်ငံရေးလုပ်ကြမယ်ဆိုရင်တော့လကွယ်ညမှာ
မျက်လုံးကိုအဝတ်နက်စီးကတ္တရာယာလမ်းမကြီးပေါ်မှာ
သွက်သွက်ခါအောင်ရူးရင်း
လမ်းလျှောက်နေသလိုမျိုးပဲဖြစ်နေကြပါလိမ့်မယ်

မင်းတို့တွေက
စစ်တပ်ကိုမုန်းကြတယ်ဆိုတာမနေ့တနေ့ကမှာပါကွာ
ငါတို့တစ်တွေက
စစ်တပ်ကိုမုန်းလာခဲ့တာ၁၉၈၈ခုနှစ်ကတည်းကပါ

မင်းတို့ခေတ်မှာ
စစ်တပ်ကိုမုန်းတဲ့အကြောင်းပြောလို့ရတယ်
ရေးလို့ရတယ်
နံရံပေါ်မှာစာကပ်လို့ရတယ်
လမ်းမကြီးတွေပေါ်မှာစာရေးလို့ရတယ်
အင်္ကျီပေါ်မှာတံဆိပ်ရိုက်ပြီးမုန်းလို့ရတယ်

မင်းတို့ခေတ်မှာ
စစ်တပ်အပေါ်မုန်းရုံသာမုန်းလို့ကတော့
အန္တရာယ်ကင်းဘေးရှင်းရှင်းနဲ့
စည်းမဲ့ကမ်းမဲ့တောင်မုန်းလို့ရပါသေးတယ်ကွာ

ငါတို့ခေတ်တုန်းက
စစ်တပ်ကိုမုန်းတာတောင်
မင်းတို့လိုမျိုးစည်းမဲ့ကမ်းမဲ့ဗရမ်းဗတာနဲ့
မုန်းချင်တဲ့နေရာမှာမုန်းချင်တဲ့စာသားရေးပြီး
မုန်းချင်တိုင်းမုန်းလို့ရခဲ့တာမျိုးမဟုတ်ဘူးကွ

စစ်တပ်ကိုမုန်းတဲ့အကြောင်း
လူကြားထဲမှာပြောဖို့ဆိုတာ
စစ်တပ်ကိုမုန်းတဲ့အကြောင်း
စာမျက်နှာတွေအပေါ်ရေးဖို့ဆိုတာ
စစ်တပ်ကိုမုန်းတဲ့ကြောင်း
တိုက်နံရံကြီးတွေအပေါ်မှာစာလုံးအကြီးကြီးတွေနဲ့
လျှောက်ရေးကြဖို့ဆိုတာ
စစ်တပ်ကိုမုန်းတဲ့အကြောင်း
အများပြည်သူသွားလာလှုပ်ရှားနေကြရတဲ့
လမ်းမကြီးတွေကိုပိတ်ပြီးစာရေးဖို့ဆိုတာ
စစ်တပ်ကိုမုန်းတဲ့အကြောင်း
ဝတ်ထားတဲ့င်္အကျီတွေအပေါ်မှာဒီဇိုင်းပေါင်းစုံ
စာသားပေါင်းစုံရေးကြဆွဲကြပြီး
ဝတ်ပြဖို့ဆိုတာ

မင်းတို့ခေတ်ကျမှမင်းတို့မုန်းတဲ့စစ်တပ်က
မင်းတို့ကိုကြောက်လွန်းလှတာကြောင့်
ခွင့်ပြုပေးထားတာဖြစ်မယ်ထင်ပါရဲ့

ငါတို့တုန်းကတော့
စစ်တပ်ကိုမကြည့်ချင်လောက်အောင်
မုန်းတီးနေပေမယ့်လည်းမင်းတို့တွေမုန်းပြသလိုမုန်းပြဖို့
လူ့အခွင့်အရေးတွေ
ဒီမိုကရေစီတွေ
နိုင်ငံတကာစံနှုန်းတွေမရှိခဲ့ကြတာကြောင့်
ကိုယ့်ရင်ထဲမှာပဲကိုယ်ကြိတ်ပြီးတော့စစ်တပ်အပေါ်မှာ
တိတ်တိတ်ကလေးကြိတ်မုန်းခဲ့ရတာကွ

စစ်တပ်အပေါ်မှာဘယ်လောက်အထိတောင်
ရွံရှာမုန်းတီးခဲ့သလဲဆိုရင်
ငါဝါသနာပါလွန်းလှတဲ့
စစ်တက္ကသိုလ်ကျောင်းသားဘဝကိုတောင်
တက်ရောက်ခွင့်မရနိုင်အောင်ငါ့ပညာရေးကို
ငါကိုယ်တိုင်ဖျက်စီးပြစ်ခဲ့တဲ့အထိပဲပေါ့

အခုမင်းတို့တစ်တွေ
အော်နေပြောနေကြတဲ့စစ်ကျွန်ပညာရေးအလိုမရှိဆိုတဲ့စကားလုံးကိုငါ့ပါးစပ်ကမအော်ပဲ
လက်တွေ့တကယ်လုပ်ခဲ့တာကြောင့်
ငါဆယ်တန်းစာမေးပွဲပြန်ဖြေလို့အောင်တဲ့အချိန်မှာ
ငါ့ရဲကျောင်းနေဖက်သူငယ်ချင်းတွေအကုန်လုံး
ဘွဲ့ရလို့အလုပ်တွေတောင်ကိုယ်စီကိုယ်ငှရနေကြပြီကွ

၁၉၈၈ခုနှစ်က
စစ်တပ်အပေါ်မှာဘာအကြောင်းတွေကြောင့်
တူးတူးခါးခါးရွံရှာမုန်းတီးခဲ့ရသလဲဆိုရင်

ဘီဘီစီကနားထောင်ခဲ့ရတဲ့သတင်းတွေ
ဗီအိုအေကလွှင့်တဲ့သတင်းတွေကို
နားထောင်ပြီးနားယောင်ပြီးရွံရှာမုန်းတီးခဲ့ရတာပေါ့

စစ်တပ်ကဘယ်မြို့မှာတော့
ဘယ်ကောင်မလေးကိုမုဒိန်းကျင့်လိုက်ပြန်ပြီ
စစ်တပ်ကဘယ်မြို့မှာတော့အပြစ်မရှိတဲ့
ကိုးတန်းကျောင်းသားလေးဘယ်သူ့ကို
ပစ်သတ်လိုက်ပြန်ပြီ

စစ်သားတွေနဲ့လုံထိန်းတွေကအင်းစိန်ထောင်ထဲမှာ
ဖမ်းထားတဲ့ကျောင်းသူလေးတွေနဲ့
တက္ကသိုလ်ကျောင်းသူတွေကိုညဖက်မှာ
စစ်ကြောရေးလုပ်ကြရင်းအကြိမ်ကြိမ်အခါခါ
မုဒိန်းကျင့်ကြတယ်ဆိုတဲ့သိတင်းတွေကို

တစ်ညတစ်မျိုးမရိုးကြရလေအောင်ကြားနေရတော့
အာဏာသိမ်းထားတဲ့စစ်တပ်ပေါ်မှာပိုပြီးတော့
မုန်းတီးလာသလိုရွံရှာစက်ဆုတ်တဲ့ခံစားချက်တွေကိုလဲ
ခံစားလာခဲ့ကြရတာပေါ့

အဲ့ဒီတော့လည်း
ရင်ထဲမှာကြိတ်မနိုင်ခဲ့မရပိုဖြစ်လာရတာပေါ့
အဲ့ဒီလိုပိုဖြစ်လာလေစစ်တပ်အပေါ်ပိုပြီးတော့
ရွံရှာမုန်းတီးလာလေပေါ့ကွာ

ဒါပေမယ့်အဲ့ဒီအချိန်မှာ
ငါသတိမထားမိတာကစစ်တပ်ကနေ
အကြောင်းမဲ့ပစ်သတ်လို့ငါတို့ဘိုလေးမြို့မှာ
ဘယ်ကျောင်းသူကျောင်းသားမှမသေဘူးဆိုတာရယ်

အောင်င်္စကြာဘုရားလမ်းမှာတော့
စစ်တပ်ကိုအိမ်ဘေးနားကနေဂျင်ကလိနဲ့
ချောင်းပစ်တာကြောင့်စစ်တပ်ကပြန်ပစ်တာမို့
အိမ်ထဲမှာဘုရားရှိခိုးနေတဲ့အဖွားကြီးကိုမှန်ပြီး
သေသွားတဲ့ဖြစ်စဉ်တစ်ခုတော့ဖြစ်ခဲ့ပါတယ်

သေချာတာကတော့
အဲ့ဒီအချိန်မှာငါတို့မြို့လေးကို
ထိန်းသိမ်းအုပ်ချုပ်ထားတဲ့စစ်တပ်ကစစ်သားတွေဟာ
ငါ့အစ်မနှစ်ယောက်ကိုမုဒိန်းမကျင့်ခဲ့သလို
ငါတို့ဘိုကလေးမြို့ကဘယ်ဘိုကလေးသူကိုမှလည်း
မုဒိန်းမကျင့်ခဲ့ကြပါဘူး

ပြီးတော့လည်း
ဘယ်ဘိုကလေးသားကိုမှလည်းအကြောင်းမဲ့သက်သက်
ပစ်မသတ်ခဲ့ကြပါဘူး

ဒါပေမယ့်ငါကတော့အဲ့ဒီအချိန်မှာ
အဲ့ဒီအကြောင်းတွေကိုသေသေချာချာလေ့လာဝေဖန်
မသုံးသပ်ကြည့်မိပဲစစ်တပ်အပေါ်အမုန်းကြီးမုန်း
အရွံကြီးရွံ
အနာကြီးနာနေခဲ့တာပေါ့

ဒီမိုကရေစီနဲ့ပတ်သက်လို့ငါ့ဖက်က
ဘယ်လောက်အထိစိတ်ဝင်စားလှုပ်ရှားတက်ကြွခဲ့သလဲဆို

၈၈၈၈ ခုနှစ်မှာငါတို့ကျောင်းက
ဆန္ဒပြဖို့ပထမဆုံးထွက်တဲ့ကျောင်းသားဟာငါပဲ

အသေခံတပ်သားရွေးတဲ့အခါမှာလည်း
အောင်တော်မူတန်စောင်းဝန်းထဲမှာရှိတဲ့
အသေခံတပ်သားရွေးချယ်တဲ့စင်မြင့်ပေါ်ကို
အသေခံတပ်သားတစ်ယောက်အဖြစ်အရွေးချယ်ခံဖို့
ပထမဦးဆုံးတက်သွားခဲ့လည်း 
ငါပါပဲ

စစ်တပ်နဲ့နဝတအပေါ်မှာ
ဘယ်လောက်အထိတောင်ရွံရှာမုန်းတီးနာကျဉ်းခဲ့သလဲဆို

မြန်မာတစ်ပြည်လုံးမှာ
ကြံ့ခိုင်ရေးအသင်းတွေဖွဲ့
ကြံ့ခိုင်ရေးရုံးတွေဖွင့်
ကြံ့ခိုင်ရေးဆိုင်းဘုတ်တွေထောင်တဲ့အချိန်မှာ

မြန်မာတစ်ပြည်လုံးမှာ
ကြံ့ခိုင်ရေးဆိုင်းဘုတ်တွေစိုက်ထူထားတဲ့
မြို့တွေနယ်တွေရွာတွေအများကြီးရှိပေမယ့်လည်း
ငါတို့မြို့မှာစိုက်ထူးထားတဲ့

ဆေးရုံဝန်းအတွင်း
ရင်ခွဲရုံအဟောင်းကိုဖျက်ပြီး
အသစ်ဆောက်ထားတဲ့အဆောက်အဦးအရှေ့က
ကြံ့ခိုင်ရေးဆိုင်းဘုတ်တစ်ခုထဲကိုပဲ
ဆေးအမည်းနဲ့ကြက်ခြေခတ်အသုတ်ခံလိုက်ရတာပါ

အဲ့ဒီဖြစ်စဉ်နဲ့အဲ့ဒီအဖြစ်အပျက်ကို
မယုံဘူးမသိဘူးမကြားဖူးကြဘူးဆိုရင်
အဲ့ဒီအချိန်တုန်းကဘိုကလေးမြို့မှာတာဝန်ကျခဲ့တဲ့
ရဲတွေကိုမေးကြည့်ရင်သိနိုင်ပါလိမ့်မယ်
ထောက်လှန်းရေးတွေ
SBတွေကိုမေးကြည့်ရင်လည်းသိနိုင်ကြပါလိမ့်မယ်

ဘာကြောင့်အဲ့ဒိလိုမျိုးလုပ်ခဲ့ရသလဲဆိုရင်
စစ်တပ်ကိုမုန်းလို့စစ်တပ်ကဖွဲ့စည်းတည်ဆောက်ထားတဲ့အဖွဲ့အစည်းကိုမုန်းလို့ပေါ့ကွာ

ဘာကြောင့်များစစ်တပ်ကို
အဲ့ဒီလောက်အထိတူးတူးခါးခါးမုန်းတီးခဲ့ရသလဲဆိုရင်

ဘီဘီစီတို့ဘီအိုအေတို့ကလွင့်တဲ့သတင်းတွေကို
နားထောင်ခဲ့ရတဲ့အကျိုးဆကိတွေကြောင့်ပေါ့ကွာ

နုနယ်ဖြူစင်နေသေးတဲ့
ကျောင်းသားအရွယ်လေးတွေ
လူငယ်လေးတွေကို
အသိမှား
အမြင်မှား
အတွေးမှား
အယူအဆမှား
ယုံကြည်ချက်မှားအောင်
အမှန်တကယ်မဟုတ်တဲ့သတင်းတွေနဲ့
မှိုင်းတိုက်သွေးခွဲပေးရတာက
နိုင်ငံခြားသတင်းဌာနတွေရဲ့အဓိကအလုပ်ပဲပေါ့

အဲ့ဒီတော့လည်း
ကိုယ်မမြင်ကိုယ်မကြားရကိုယ်မသိရတဲ့
အခြေနေအဖြစ်ပျက်တွေကို
နိုင်ငံခြားသိတင်းဌာနတွေကတစ်ဖက်စောင်းနင်း
ထုတ်လွှင့်ကြတဲ့သိတင်းတွေကိုနားထောင်ရင်း
စစ်တပ်အပေါ်ပြည်သူအတော်များများက
အမုန်းကြီးမုန်းခဲ့ကြတာပေါ့

ငါဆိုရင်လည်း
မင်းတို့တစ်တွေကြွေးကြော်သလို
စစ်ကျွန်ပညာရေးအလိုမရှိလို့
တရားဝင်ကြွေးကြော်ခွင့်မရတာကြောင့်
မကြွေးကြော်ခဲ့ရပေမယ့်စစ်တပ်ကိုမုန်းလွန်းလှတာကြောင့်သန်းရွှေလက်အောက်မှာတော့
သူပေးတဲ့ပညာရေးလည်းမသင်ဘူး
အဲ့ဒီပညာရေးနဲ့လည်းလုပ်မစားဘူးလို့ဆုံးဖြတ်ပြီး

ဖဲရိုက်လိုက်လူရိုက်လိုက်အရက်သောက်လိုက်နဲ့
ဖဲရိုက်ပြီးတော့ပဲစီးပွါးရှာစားနေပါတော့တယ်
စစ်တပ်အပေါ်ဘယ်လောက်အထိတောင်မုန်းသလဲဆိုရင်
ဦးသန်းရွှေရဲ့လက်ထက်မှာ
စာသင်ကျောင်းတိုင်းစာသင်ကျောင်းတိုင်းမှာ
ဆိုင်းဘုတ်ကလေးတွေကိုမဖြစ်မနေစိုက်ထူကြရပါတယ်

အဲ့ဒီဆိုင်းဘုတ်ကလေးတွေက
အစိမ်းရောင်အပေါ်မှာအဖြူရောင်
စာသားလေးတွေရေးထားတာပါ

စာသားလေးတွေကတော့
ဒါသင့်ကျောင်း
သန့်ရှင်းရမည်
သပ်ရပ်ရမည်
လှပရမည်
စည်းကမ်းသေဝပ်ရမည်လို့ရေးထားတဲ့
ဆိုင်းဘုတ်ကလေးတွေပါ

ဆိုင်းဘုတ်ကလေးမှာပါတဲ့စာသားလေးတွေရဲ့
အနက်သဘောကတအားကြီးကောင်းနေပေမယ့်လည်း
စစ်တပ်အလိုကျစိုက်ထူးထားရတဲ့
ဆိုင်းဘုတ်တွေဖြစ်နေလေတော့
စစ်တပ်ကိုမုန်းတဲ့အရှိန်နဲ့
ကောင်းမွန်တဲ့အနက်အဓိပါယ်ဆောင်တဲ့
ဆိုင်းဘုတ်ကလေးတွေကိုပါအလိုလိုနေရင်း
မုန်းလာမိတဲ့အထိပါ

ကျွန်တော်တို့မြို့ကလေးအနီးနားတစ်ဝိုက်မှာ
စစ်တပ်ရဲ့စော်ကားနှိပ်စက်မှုကိုမခံခဲ့ရပေမယ့်လည်း
ညဖက်ညဖက်ခိုးခိုးနားထောင်ရတဲ့
နိုင်ငံခြားသတင်းဌာနတွေရဲ့
မဟုတ်တမ်းတရားလမ်ခြုတ်သတင်းတွေကိုယုံပြီး
စစ်တပ်အပေါ်ကိုကိုယ့်မြို့အပေါ်မှာ
ဘာတစ်ခုမှမကောင်းတာမလုပ်ပေမယ့်လည်း
စစ်တပ်အပေါ်မှာတော့
အလိုလိုနေရင်းကိုမုန်းတီးနေမိတော့တာပါ

ကိုယ့်အမြင်
ကိုယ့်အကြား
ကိုယ့်အသိနဲ့မဟုတ်ပဲသတင်းဌာနတွေရဲ့
သွေးထိုးလှို့ဆော်ပေးကြတဲ့သတင်းအမှားတွေပေါ်မှာပဲ
စုံလုံးကန်းနေခဲ့တာပါ

စစ်တပ်လုပ်သမျှအပြစ်မြင်ခဲ့ကြတာ
စစ်တပ်အပေါ်အလိုလိုနေရင်းမုန်းတီးနေခဲ့ကြတာ
စစ်တပ်ကိုမကောင်းမြင်မကောင်းထင်ခဲ့ကြတဲ့
ရောဂါဟာအဲ့ဒီအချိန်တည်းကမြန်မာပြည်ထဲကို
နိုင်ငံခြားသိတင်းဌာနတွေဆီကတစ်ဆင့်
မျိုးစေ့ချပြီးအမုန်းတွေကြီးသထက်ကြီးလာအောင်
တစ်နေ့ထက်တစ်နေ့ပိုပိုအားစိုက်ပြီးတော့
အသင်းအဖွဲ့တစ်ခုခုက
အဖွဲ့အစည်းတစ်ခုခုက
တိုင်းပြည်အတော်များများရဲ့အစိုးရတွေကစနစ်တကျနဲ့အချိန်ယူပြီးတော့မှ ပြင်ဆင်လာခဲ့ကြတာပါ

ကျွန်တော်တို့မြန်မာပြည်မှာလည်း
တပ်မတော်ကြီးအပေါပြည်သူတွေကမုန်းတီးလာဖို့ဘယ်ကောင်တွေက
ဘယ်သူတွေဆီကနေ
ပိုက်ဆံဘယ်လောက်ယူပြီးတိုင်းပြည်နဲ့လူမျိုးအပေါ်သစ္စာမဲ့ခဲ့ကြတယ်ဆိုတာကိုဒုတိယပိုင်းမှာဆက်လက်ရေးပြပါ့မယ်

ဆက်ရန်