Tuesday, August 31, 2021

အသက်နဲ့ရင်း ကာကွယ်ခဲ့ရတဲ့ ဗီယက်နမ်တို့ရဲ့ ဗုဒ္ဓဘာသာ


    ၁၉၆၃-ခုနှစ် မတိုင်မီက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ရဲ့ခြယ်လှယ်မှုကြောင့် တောင်၊ မြောက် နှစ်ခြမ်းကွဲနေချိန် တောင်ဗီယက်နမ်မှာ အာဏာရ သမ္မတဖြစ်လာသူဟာ ကတ်သလစ် ခရစ်ယန်ဘာသာဝင် "Diem"ပါ။ သူဟာ အမေရိကန် အားပေးထောက်ခံမှုနဲ့ တောင်ဗီယက်နမ်မှာ ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့တယ်။

 ဗုဒ္ဓဘာသာအမည်ခံ တစ်နပ်စားတွေကလည်း သမ္မတခိုင်းသမျှ အကုန်လိုက်နာခဲ့ကြတယ်။

 

     ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အခွင့်အရေးသမား တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ၊

 အထူးသဖြင့် သာသနာချစ်စိတ် ပြင်းထန်တဲ့ ရဟန်းသံဃာတွေကို အမျိုးမျိုးအပြစ်ရှာ ဖမ်းဆီး ထောင်ချခဲ့တယ်။ 

ဆန္ဒပြသူတွေကို ဖမ်းဆီး ထောင်ချ ပစ်သတ်ခဲ့တယ်။

 အစိုးရကျောင်းတွေမှာ ခရစ်ယန်ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ဗုဒ္ဓဘာသာဝင်ကလေးတွေကို ဝတ်ပြုစေတယ်။

 ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေကို ဖျက်ဆီးတယ်။

 ဗုဒ္ဓဘာသာအခမ်းအနားတွေကို တားမြစ်တယ်။ မြို့ရွာတိုင်းမှာ ခရစ်ယန်အသင်းဖွဲ့တယ်။

 အနှစ်ချုပ်ရင်တော့ ခရစ်ယန်ဘာသာဝင် သမ္မတနဲ့ အာဏာရူး ငွေမက် တစ်နပ်စား ဗုဒ္ဓဘာသာဝင် ဝန်ကြီးတွေ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာကို နှိပ်ကွက် ဖျက်ဆီးပြီး ခရစ်ယန်ဘာသာ ထွန်းကားဖို့ အထူးကြိုးစားခဲ့ကြတယ်

။ ဒါကြောင့် ဗီယက်နမ် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတွေဟာ အသက်တွေ ဘဝတွေကို စတေးပြီး အစိုးရကို အကြီးအကျယ် ဆန့်ကျင်ခဲ့ကြတယ်။ အစိုးရကလည်း အကြီးအကျယ် နှိပ်ကွက်ခဲ့တယ်။

 ဒီလိုနဲ့ တောင်ဗီယက်နမ်နိုင်ငံအနှံ့မှာ သွေးချောင်း စီးနေပါတော့တယ်။ 

     ဒီအချိန်မှာ ဘုရားလောင်းဆုပန် "Thích Quang Duc"(တိကျောင်းဒိ)ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ကိုယ်သူ စတေးပြီး ဗီယက်နမ်နိုင်ငံရဲ့ ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 ဘုရားလောင်းကျင့်စဉ်ထဲမှာ "အင်္ဂပရိစ္စာဂ- ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စွန့်လှူတာ

။ ဇီဝိတ ပရိစ္စာဂ၊ အသက်ကို စွန့်လှူတာတွေ ပါပါတယ်။ ဘုရားလောင်းယုန်မင်း မီးပုံထဲ ခုန်ဆင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး အသက်ကို လှူခဲ့သလို ကိုယ့်ကိုယ်ကို မီးရှိုးပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်။

 သူ့အကြံအစည်ကို သံဃာအား လျှောက်ထားခဲ့သလို အစိုးရကိုလည်း အဆုံးစီရင်ခွင့်ပြုဖို့ စာရေးပြီး တရားဝင် ခွင့်တောင်းခဲ့ပါတယ်။

အားလုံးသူတွေဆီက အဆုံးစီရင်ခွင့် ရတဲ့အခါ သူဟာ (၇)ရက်တိုင်တိုင် မနားတမ်း တရားထိုင်ပါတယ်။ အရင်ကလည်း ပုံမှန် တရားထိုင်ပေမယ့် ခုတော့ နေ့ညမနား ထိုင်ပါတယ်။

 သတ်မှတ်ထားတဲ့ နေ့ ၁၉၆၃ ခု၊ ဇွန်လ (၁၁)ရက်နေ့ကို ရောက်တဲ့အခါ မီးရှိုးဖို့ သတ်မှတ်ထားတဲ့ ဟိုချီမင်းမြို့ (အဲဒီအချိန်က စိုင်ဂုန်မြို့ Saigon)ရဲ့ လူစည်ကားရာ လမ်းမကြီးကို နောက်ပါ ရဟန်းနှစ်ပါးနဲ့အတူ ကားနဲ့ သွားပါတယ်ll

။ ငိုကြွေးပြီး ယူကျုံးမရဖြစ်နေကြတဲ့ လူအုပ်ကြီးကို ရဲတွေက ထိန်းနေကြသလို နိုင်ငံတကာ သတင်းသမားတွေကလည်း ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်နေကြပါတယ်။ 

Thích Quang Duc ဟာ ကားပေါ်က ဣနြေ္ဒရရ တည်ငြိမ်စွာ ဆင်းလာပြီး သတ်မှတ်ထားတဲ့နေရာမှာ တရားထိုင်လိုက်ပါတယ်။

 အတူပါလာတဲ့ ရဟန်းနှစ်ပါးက သူ့ခန္ဓာကိုယ်ပေါ်ကို ဓာတ်ဆီတွေ လောင်းပြီး မီးရှိုးလိုက်ကြပါတယ်။

 တစ်ကမ္ဘာလုံး အံ့သြသွားရတာက အရှင်လတ်လတ် မီးလောင်ခံနေရပေမယ့် သူ့ခန္ဓာကိုယ်ဟာ နည်းနည်းလေးမှ မလှုပ်ရှားသလို တစ်စုံတစ်ရာအသံမှ မထွက်ဘဲ တည်ငြိမ် အေးချမ်းစွာ သေဆုံးသွားခဲ့ပါတယ်။

 ဒါပေမယ့် တစ်ကိုယ်လုံးကို မီးလောင်ကျွမ်းသွားပေမယ့် သူ့အသည်းနှလုံးဟာ ထူးဆန်စွာပဲ ပကတိအတိုင်း မီးမလောင်ပဲ ကျန်ခဲ့ပါတယ်။

 ဒါကို မွန်မြတ်တဲ့ ဓာတ်တော်အဖြစ် ဒီနေ့ထိ ဗီယက်နမ်မှာ ပူဇော်ထားရှိပါသေးတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးကို တခဏချင်း ပြန့်သွားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဗီယက်နမ်အစိုးရကို ဝေဖန်ကဲ့ရဲ့လာကြတယ်။

 နောက်ဆုံး အမေရိကန်ကပါ ဘာသာရေးဖိနှိပ်မှု ဆက်မလုပ်ဖို့ တားမြစ်လာပါတယ်။

 ဒီအဖြစ်အပျက် ဖြစ်ပြီး မကြာမီမှာပဲ အမေရိကန်ဦးဆောင်တဲ့ တောင်ဗီယက်နမ်အစိုးရဟာလည်း မြောက်ဗီယက်နမ်ဆီမှာ စစ်ရှုံးခဲ့ရတယ်။ 

ဒီသမိုင်းထဲက ဘာသင်ခန်းစာကို ယူကြမလဲ။ ကမ္ဘာ့ ဗုဒ္ဓဘာသာသမိုင်းကို လေ့လာကြပါ။

ဗုဒ္ဓဘာသာနိုင်ငံမှာ ဘာသားခြားတွေ၊ ဒါမှမဟုတ် အာဏာရဖို့ ငွေရဖို့အတွက်ဆို ဘာမဆို လုပ်ရဲတဲ့ သစ္စာဖောက် လောက်ကောင် ဗုဒ္ဓဘာသာအမည်ခံတွေ အာဏာရသွားရင်---- 
ဗုဒ္ဓဘာသာဟာ အနှိပ်ကွက်ခံ အဖျက်ဆီးခံရမှာ မလွဲပါဘူး။

 
အဲဒီအချိန်က ဗီယက်နမ် ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတွေသာ အသက်တွေ ဘဝတွေကို စတေးပြီး ဗုဒ္ဓဘာသာကို မကာကွယ်နိုင်ခဲ့ဘူး ဆိုရင် အခုချိန်မှာ ဗီယက်နမ်ဟာလည်း မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေလို ဗုဒ္ဓဘာသာ ကွယ်ပျောက်ပြီး ဘာသာခြားတွေ ကြီးစိုးနေလောက်ပြီပေါ့။ 

(ဒီအဖြစ်အပျက် ဗီဒီယိုကို YouTube မှာ ဝင်ရောက်ကြည့်နိုင်ပါတယ်။ Google မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ဗုဒ္ဓဘာသာ သမိုင်းစာမျက်နှာတွေထဲမှာ "ဆောင်စရာ၊ ရှောင်စရာ" သင်ခန်းစာတွေ ပြည့်လျှံနေပါတယ်။ ဆရာကြီး ဦးအောင်သင်း စကား ခဏငှါးပြောရရင် "မြန်မာတွေ စာဖတ်ကြပါ။

#Buddha #Buddhism #Buddhist #ThichQuangDuc

Credit. copy 
myanmar history of library

#LuLu
Khaing Thazin Ko 
#SoeThazinKo