▪️ကိုယ်မြင်တာကတော့ ဒါဟာဗျူဟာတစ်ခုပါပဲ။
ကိုယ်က ကရင်ပြည်နယ်ဇာတိကပါ။
ကိုယ်တို့ ကရင်ပြည်နယ်ဟာ အမဲရောင်နယ်မြေ။
ဒီနယ်မြေကိုအဲ့ဒီခေတ်အခါက စစ်မီးကို
ဦးခင်ညွှန့်ရဲ့ အလင်းဝင်ခြင်းဆိုတဲ့ကျည်တစ်တောင့်နဲ့
ဖြိုခွင်းခဲ့တာကို သတိရမိပါတယ်။
▪️ဒီတော့ကာ စစ်တပ်က အလင်းဝင်မလားလို့
မေးခြင်းဟာ သူ့မှာဗျူဟာကောင်းတစ်ခုရှိနေတာ
သေချာပါတယ်။
▪️ကရင်ပြည်နယ်မှာ အလင်းဝင်ဖို့ဖိတ်ခေါ်တော့
အလင်းဝင်ကြတယ်။
မဝင်တဲ့အဖွဲ့တွေကအလင်းဝင်တဲ့ အဖွဲ့ထဲက
ခေါင်းဆောင်မိသားစုတစ်စုလုံးကို
လာပစ်သတ်သွားခဲ့တဲ့ဖြစ်စဉ်တွေ
ကရင်ပြည်နယ်မှာဖြစ်ခဲ့တယ်။
ဒါကြောင့် အလင်းဝင်တဲ့အဖွဲ့တွေက
လက်နက်ကိုင်ဆောင်ခွင့်နဲ့
ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။
အဲ့ဒါကတော့ DKBA ဖြစ်ပါတယ်။
▪️KNU က ခရစ်ယာန်များတယ်။
DKBA က ဗုဒ္ဓဘာသာများတယ်။
အဲ့ဒီနှစ်ဖွဲ့ခွဲထွက်လာရတာ
ဘာသာရေးပြဿနာတွေလည်းပါကြတယ်။
နယ်ခံတွေသာ သိတဲ့ပြဿနာအချို့သူတို့ကြားမှာရှိတယ်။
ဒါကတော့ မပြောချင်ဘူး။
ဘာသာရေးကထိရှလွယ်လို့
ကိုယ်ကနိုင်ငံရေးသုံးသပ်ရင်
ဘာသာရေးကိုချန်လှပ်ထားတတ်တယ်။
▪️ဆိုလိုချင်တာက ကရင်ကအလင်းဝင်တယ်ဆိုတာ
သူ့မြေမှာပဲသူပြန်နေတာ။
သူ့နယ်မြေကိုသူပြန်ထိန်းနိုင်တဲ့
ပါဝါတွေကနဂိုမှာရှိပြီးသား။
ဒါကို ဦးခင်ညွှန့်ကမြင်လို့
အလင်းဝင်ခြင်း စည်းဘောင်ထဲဆွဲထည့်လိုက်တာ။
▪️အဲ့ဒီမှာ ကရင်ပြည်နယ်လည်းအလင်းဝင်
လက်နက်ကိုင် အချင်းချင်းပြန်ထိန်းနေစဉ်
မြန်မာ့စစ်တပ်ကလည်း ရန်သူနည်းသွားတဲ့အချိန်မှာ
သူ့ဖာသာသူ မွေးယူလိုက်တာ
စစ်လက်နက်တွေဘာတွေနယ်မြေတွေ
အခုလိုကြီးထွားလာတာပဲ။ ဒါစစ်ပွဲဗျူဟာပဲ။
▪️မြန်မာစစ်တပ်အထာကိုက
ဘယ်တိုင်းရင်းသားမြေကိုမှ အမြစ်ပြတ်မတိုက်ဘူး။
လူမျိုးတုန်းမသတ်ဘူး။
ဘာလို့လဲဆိုတော့ သူကငြိမ်းချမ်းရေးကို
သွားချင်သူမို့ သူဖိထားနိုင်တာနဲ့
ငြိမ်းချမ်းရေးခေါ်ဆွေးနွေးတော့တာပဲ။
▪️ဒီနေရာမှာ အရေးပါတာတစ်ခုက
လက်နက်ကိုင်တွေက စစ်ပွဲရပ်မယ်အသံထွက်ရင်
သူတို့အထိနာနေလို့ဆိုတာ စစ်တပ်ကသိတယ်။
အဲ့ဒီလိုပဲ စစ်တပ်က
ငြိမ်းချမ်းရေးခေါ်ဆွေးနွေးရင်လည်း
လက်နက်ကိုင်က ဒက်တယ်။
စစ်တပ်က သူတို့နယ်မြေကို နင်းတော့မယ်ဆိုတာ။
▪️စစ်တပ်က ဇပြင်းတော့ ရှုံးနေရင်
ဘယ်တော့မှ စစ်ကိုရပ်မယ်အသံမထွက်ဘူး။
နိုင်အောင်ပြန်တိုက်တယ်။ ပြန်နိုင်ပြီဆိုမှ
အနိုင်ပိုင်းပြီး ရပ်မယ်လုပ်တတ်တာ။
အဲ့ဒီသဘောတရားကတော့ မြန်မာ့စစ်တပ်ရဲ့
ဂုဏ်ယူဖွယ်ရာ သမိုင်းစစ်စစ်ပဲ။
အောက်လေ မပြင်းတဲ့ စစ်တပ်။
အသာစီးရရင် ရန်သူကို လက်ကမ်းဝံ့တဲ့စစ်တပ်မို့
ဂုဏ်ယူမိပါတယ်။
▪️ဒီလို ဇပြင်းတဲ့သမိုင်းမျိုးက
လက်နက်ကိုင်တွေမှာမရှိလှဘူး။
မရှိလို့လည်း အခုထိစစ်တပ်ကို သူတို့မအုပ်
. နိုင်တာ။
▪️ဒါကစစ်တပ်ဘက်ကို မြင်မိတဲ့ဗျူဟာပေါ့
တစ်ဖက်ကိုတွေးကြည့်ရအောင်။
▪️ကိုယ်မြင်လိုက်တာကတော့
G-Z တွေခွေးစဖြစ်ပါပြီ။🙂
ဒီသတင်းသာ တောထဲရောက်သွားကြည့်
အကုန်ဖင်ပူကုန်ကြတော့မှာသေချာတယ်။
တောထဲမှာ နေရာမရခွေးဖြစ်နေတဲ့ ဂျီဇီးတွေက
အလင်းဝင်ခြင်းတံခါးပေါက်ကို မက်ပြီလေ။
မြို့ထဲပြန်ရောက်နေပြီး ဗုံးခွဲနေတဲ့
ဂျီဇီးတွေလည်းဖင်ပူရပြီ။
တောထဲကတစ်ကောင်ကောင်များ အလင်းဝင်ပြီး
သူတို့ကိုဖော်ရင်
မြို့ထဲရောက်နေတဲ့ တစ်ဖွဲ့ဖွဲ့များသူတို့ကိုဖော်ရင်
သေပြီဆရာတွေဖြစ်ပြီပေါ့။
▪️ပြီးတော့ ဂျီဇီးဆိုတာက KIA ရဲ့ခိုင်းဖတ်သာသာ။
သူတို့မှာ ကိုယ်ပိုင်နယ်မြေမရှိသေးဘူး။
သူတို့အလင်းဝင်ရင်
အဲ့ဒီတောထဲကနေအရင်ရအောင်ထွက်လာရမှာ။
ဦးခင်ညွှန့်တုန်းက
သူပုန်ကြားထဲသွားဆွေးနွေးသလိုမျိုး
သူတို့မှာဖိတ်ခေါ်ဖို့ နယ်မြေအပိုင်မရှိဘူး။
အလင်းဝင်ချင်ရင် မြို့ကိုအရောက်ပြန်လာမလား?
နီးစပ်ရာ စစ်တပ်တစ်တပ်ဆီကိုပြေးမလားဒါပဲရှိ
တယ်။
▪️ဆိုတော့ကာ အခုကျည်ကအလင်းဝင်ခြင်း
စစ်မီးငြိမ်းခြင်း ပစ်ကွင်းကိုထိမထိတော့
မသေချာပေမယ့်
တောထဲက ဂျီဇီးတွေကုန်ဖို့တော့ ပိုသေချာတယ်။
သူတို့ကြားထဲမှာ သံသယတွေနဲ့ ကမ္ဘာပျက်ပြီလေ။
သူပုန်ကလည်းသူတို့ကို မျက်စိဒေါက်ထောက်
ကြည့်ပြီး
ခြေတစ်လှမ်းမှားတာနဲ့ ဆွဲစားပြီပဲ။
မမှားလည်း သူပုန်ကစိတ်ခုရင် ဆွဲစားမှာပဲ။
▪️လူတွေမြင်တာကတော့ အလင်းဝင်ခိုင်းတယ်။
တောထဲကအသာလေးပြန်လာ
အိမ်ပြန်နေလို့ထင်ကြတာလေ။
အဲ့လောက် လွယ်မလားဟ။🤣
▪️သူတို့ပထွေးလက်ထဲကနေ
အရင်လွတ်အောင်ပြေးပါဦး။
ဆယ်ယောက်အလင်းဝင်မယ်ထား။
သူပုန်လက်ကအသက်လုပြေးနိုင်တဲ့ထိစွမ်းပြီး
ကံကောင်းတဲ့ ငါးယောက်လွတ်မယ်ကွာ။
မြို့ကိုပြန်ရောက်မယ်။ အရင်ဆုံးဝင်ရမှာကအင်းစိန်။
အဲ့ဒီငါးယောက်ကိုမှ မေးမြန်းမယ်စစ်ဆေးမယ်။
စစ်ကြောရေးထည့်မယ်ဆိုရင်
တောထဲမှာ လူငယ်ချင်းသတ်ခဲ့သလား။
လူငယ်ချင်း မုဒိမ်းလိုမျိုး
မတရားပြုကျင့်ခဲ့သလားမေးမယ်။
မြို့တက်ဗုံးခွဲဖူးသလား စစ်မယ်။
တစ်ကောင်ကောင်ကဖော်လို့ ဒီအပြစ်တွေနဲ့ငြိ
သူပါရင် အဲ့ဒီဂျီဇီးတော့ အင်းစိန်က သူ့အိမ်ဖြစ်ပြီ။
သဘောပါလား။🙄
▪️အပြစ်ကင်းစင်ပြီးနစ်နာခဲ့ရသူ ဂျီဇီးလေးကတော့
ကွီးဇော်မဲလုံးလေးနဲ့အတူတူ TV မှာ
သတင်းစာရှင်းလင်းရမယ်။ အကုန်ဖော်ရမယ်။
ဒီမှာအဇမ်းအဆင်ပြေနေကြောင်း
သူလည်းမကြာခင်အိမ်ပြန်ရတော့မှာမို့
တောထဲကဘော်ဒါတွေကိုလည်း
အလင်းဝင်စေချင်ကြောင်းဘာညာပေါ့။🤣
▪️အဲ့ဒါကြောင့် ဒီပြဿနာတွေစကတည်းက
ဂျီဇီးတွေ ဝင်မပါနဲ့။ မင်းတို့ပွဲမဟုတ်ဘူး။
စားဖားတွေ စားကျားတွေရဲ့ပွဲ
မင်းတို့ဉာဏ်ရည်နဲ့ ဝင်မကစားနဲ့ဒုက္ခတွေ့မယ်လို့
ဒီက အစ်မတွေ အစ်ကိုတွေက အတင်းတားခဲ့တာကွဲ့။
▪️အခုတော့ မင်းတို့ကိုမြှောက်ပေးသူတွေလည်း
မင်းတို့ကိုကယ်မရတော့သလို
ငါတို့လို တားမြစ်ခဲ့သူတွေလည်းကယ်မရတော့ဘူး။
အခုကစပြီး မင်းတို့ကံကောင်းမှ ဒီဝဲထဲကနေ
လွတ်တော့မှာ။
ဉာဏ်ကောင်းရုံနဲ့လည်းမရပြန်ဘူး ကံပါကောင်း
မှနော်
#Credit