Monday, August 30, 2021

ဥက္ကဋ္ဌ လုပ်ကြမလား.. ?


        ကိုကြီးစိုး တယောက် ရောက်လာပြီး တပြုံးပြုံး နဲ့ သတင်းမေးလေရဲ့.......

 "ငမျိုးရေ ဟိုမင်းသမီးလေးတွေ လာပြီး အဖမ်းခံတာ ခံဝန်နဲ့ လွှတ်ပေးမှာ ဆိုတဲ့ သတင်းက အမှန်လား ကွ ''

"ဘယ်မင်းသမီးလဲ ဗျ ''

"အမယ်  အ ချင်ယောင် ဆောင်နေပြန်ပြီ အိချောပို ၊ ဖွေးဖွေး ၊ သင်ဇာ ၊ အေးသောင်း ၊ ဝိုင်းစု တို့လေ ''

"ခင်ဗျားက ဘယ်သူ့ကို အကြိုက်ဆုံး လဲ ဗျ ''

"အင်းးးငါကတော့ မက်လောက်စရာ တကွက်မှ မရှိ ဆိုတဲ့ ဝိုင်းစု အကြိုက်ဆုံးပဲ သူက အဆိုရော သရုပ်ဆောင်ရော စွယ်စုံလေ ''

"ကြိုက်တာကိုက ဒု သ န သော ၊ ခင်ဗျား အဲလိုတွေကြောင့် လူပျိုကြီးဖြစ်နေတာ ''

"မင်းကရော ဘယ်သူ့ ကြိုက်လဲ ကွ ''

"မကြိုက်ပါဘူး ဗျာ ''

"ဟေ ဘာဖြစ်လို့လဲ ကွ ''

"မရလောက်လို့... ''

"ဟာ  လခွမ်းတဲ့ သူတော်ကောင်း မှတ်နေတာ မရလောက်လို့ တဲ့ ''

"စတာပါဗျာ သူတို့ ကြည့်ရတာ ငယ်ငယ်တုန်းက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ သွား​ကြတာ သတိရတယ် ဗျ ''

"ဟမ်  ....ဘာဆိုင်လဲ ကွ ''

"သြော်...ဘုရားပွဲစျေး မုန့်တန်းရောက်တော့ တရှူးရှူး တရှဲရှဲ သူများစားနေတာတွေ မြင်ရ ၊ မုန့်ကြော်အနံ့ ပေါင်းစုံက နှာခေါင်းကို ကလိ ၊ ကိုယ့်မှာက မုန့်ဖိုး တကျပ်ထဲပါတာဗျာ.. ကိုင်း မုန့်နံ့ရှူ သူများစားတာကြည့်ပြီး ပြန်ခဲ့ရတာပဲလေ ''

"ဟေ.....အခုလည်း ဒီလိုပဲ ဒီမင်းသမီးတွေ ကြည့်ပြီး...... ''

"ဒါပဲလေ မစားရ မသောက်ရ နဲ့ ပြစ်မှားပြီး အကုသိုလ်ဝေစု ယူနေရသလိုပဲ နဂိုကမှ အကုသိုလ်များနေပါတယ် ဆိုမှ ''

"တော်စမ်းပါ ကွာ ပေါက်ကရတွေ ဒါနဲ့ ရန္တပို ဥက္ကဋ္ဌ ခေါင်းပြတ်တဲ့ သတင်း နဲ့ ပြည့်ဝ လက်ဖက်ရည်ဆိုင်က PDF သတင်းတွေကတော့ ပွနေတာပဲ ဟေ့ ''

"အေးဗျ ပြည့်ဝဆိုင်ရှင် ဆိုတာ ကျော်ဇင်ကြီးလား မသိဖူးဗျာ ဒီကောင်ကြီးက အင်မတန်သဘောကောင်းတယ် ဗျ မြင်းခြံမှာ တရားပွဲ ကြီးကြီး ကျင်းပပြီဆိုရင် သူပဲ ဆရာတော်ကြီးတွေရဲ့ ကိစ္စအဝဝကို ဆောင်ရွက်ပေးတာဗျ ''

"အင်း နိုင်ငံရေး ပယောဂဝင်သွားရင် မလွယ်ဖူးဟေ့ မင်းဘော်ဒါ NLD လွတ်တော်အမတ် အောင်မျိုးလတ် ကြည့်လေ ''

"ဟုတ်ပါ့ဗျာ ဝရမ်းပြေးဖြစ်နေလို့ စိတ်တောင်မကောင်းဖူး ဒါနဲ့ ရပ်ကျေး ဥက္ကဋ္ဌ လပ်နေတဲ့ နေရာတွေမှာ ခင်ဗျား ကို ခန့်ထားဖို့ အဆိုပြုမလို့ စဥ်းစားထားတယ် ဗျ ''

"ဟကောင် ရိုးရိုးသတ်လည်း သေပါတယ်ကွာ ခေါင်းတခြား ကိုယ်တခြား မသာရုပ်ပျက်အောင်တော့ မကြံစမ်းပါ နဲ့ ''

"နဝတခေတ်ကတော့ ရပ်ကျေးတွေကို လုပ်ကို လုပ်ရမယ် ဆိုပြီး ဆွဲခန့်ခဲ့တာပဲ ဗျ အဆင်ပြေတာပဲလေ ''

"မင်းမေလွှား အဲဒီခေတ်က ရပ်ကျေး ဥက္ကဋ္ဌတွေက ခေါ်လိုက်ရင် ရဲတွေ ချက်ခြင်း ပြေးလာရတာ လေ ၊ တခါတခါ စစ်တပ်ပါ ရောက်လာတာ ကွ အခုဟာက ရပ်ကြေးဥက္ကဋ္ဌ သေနတ်အပစ်ခံရလို့ ၊ ဗုံးခွဲခံရလို့ သတင်းပို့ရင်တောင် မင်းအဘ ရဲစခန်းက တုတ်တုတ်မလှုပ်ဖူး ခံရသူ နောက်ဘဝ ကူးပြီးမှ အလောင်းလာကောက်တာ ဗျာ ''

"ခင်ဗျား မခေါ်တတ်လို့ပါ ဗျာ လုပ်ကြံခံရလို့ဆိုပြီး မခေါ်ရဖူး လိုင်စင်မဲ့ဆိုင်ကယ် ဆယ်စီး ဖမ်းမိထားတယ် လို့ သတင်းပေးလိုက် ချက်ခြင်းရောက်လာလိမ့်မယ် ''

"ဟိုက် အကြံကောင်းပဲ ကွ ''

"အဲဒါထားပါ အခု ဥက္ကဋ္ဌခန့်ရင် ကိုကြီးစိုး လုပ်မှာ လား ''

"မင်း သိတဲ့အတိုင်းပဲ လင်းယုန် စစ်ဆင်ရေးလုပ်နေတာတော့ ဟုတ်တယ် လွတ်နေတဲ့ PDF GZ တွေကလည်း အငြိုးထားပြီး တွေ့တဲ့သူ လုပ်ကြံနေတော့ ငါ့ကို ဒီလို လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းနဲနဲပါးပါး မင်းရှာပေးရင်တော့ လုပ်မယ်ကွာ ''

"ကဲ လိုတဲ့ပစ္စည်းပြောစမ်းဗျာ ''

"ရော့ ဒီပုံအတိုင်း စီစဥ်ပေး''

      ကိုရွှေမျိုးဝင်း


Related Posts:

  • * ဖြိုးမင်းသိန်းနဲ့ ခင်မိမိကြွယ်ကိစ္စတစ်ခုထဲရှိသေးတယ်*  ဇော်ဇော်နဲ့အပေါင်းပါကိစ္စမပါသေးဘူး*  မောင်ဝိတ်ကိစ္စ  မပါသေးဘူး*  ပတ္တမြားကိစ္စ  မပါသေးဘူး ( သိတဲ့သူတွေသိတယ် )*  ပြည်ပကို  အခွန်လွတ်ပို့ဆောင်တဲ့သေတ္တာတွေကိစ္စ  မပါသေးဘူး*  ပြည်တွင်းကို  အခွန်လွတ်သွင်းတဲ့ ဆက်သွယ်ရေးကြားဖြတ်စ… Read More
  • ဟယ်ရီတန် - အရေးအခင်း (အပြည့်အစုံ)★★★★★★★★★★★★★★★★.ဟယ်ရီတန်အရေးအခင်း ဆိုသည်မှာ သတ္တမတန်း ကျောင်းသား ဟယ်ရီတန်၏သေဆုံးမှုမှစ၍ တစ်နိုင်ငံလုံး ပြန့်နှံ့သွားခဲ့သော အရေးအခင်းဖြစ်သည်။..ဖြစ်ပွားပုံ★★★★★★★★★၁၉၅၆ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်းမှ ခုနစ်တန်းကျောင်းသား ဟယ… Read More
  • မုံရွာ PDF အဖွဲ့မှ ဘုရားနီမဟာစေတီတော်အား စစ်တပ်ကသူတွေတည်ထားခဲ့သည့် ဘုရားဟုဆိုကာ ဗုံးဖောက်ခွဲရန်စီစဉ်အောက်တိုဘာ ၁၀၊ ၂၀၂၁၊ တနင်္ဂနွေယနေ့ ညနေပိုင်း၅နာရီဝန်းကျင်တွင် မုံရွာ၊ ပြည်ထောင်စုလမ်း၌တည်ထားကိုးကွယ်သည့်  ဘုရားနီမဟာစေတီတော်အား စစ်တပ်တည်ထားခဲ့ပြီး ကိုးကွယ်နေသည့် ဘုရားဟုဆိုကာ မုံရွာ PDF အဖွဲ့မှ  ဗုံးဖောက်ခွဲရန်စီစဉ်ခဲ့သော်လည… Read More
  • " ရွှေမိ "မိငယ်ခေါ် ဗေဒါပျံပြေရွာညံ မြှောက်စား…။အမွှေစိန် အဖြေသိမှ'ရွှေမိ'တဲ့လား…။နန်းနတ်နေနွယ်နိုင်… Read More
  • မယုံရခက် ယုံရခက်        လောကကြီးမှာ ရတနာ နဲ့ ပတ်သက်ပြီး ထူးဆန်းတာ ကြုံဖူးတယ် ။ နောက်လက်ဆုပ်လက်ကိုင် ပြဖို့ တနည်း သိပ္ပံနည်းကျ ပြောပြနိုင်ဖို့ ခက်ခဲတဲ့ ဘုန်းကံ ဆိုတဲ့ အရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ အင်မတန် ဆန်းကျယ်လှပါတယ် ။          ဆရာတင်မောင်လ… Read More