Thursday, August 26, 2021

လပွတ္တာမြို့ ❀ ❀ ❀ ❀


❦  မြန်မာပြည် မြေပုံထဲ မှာ
    သက်တမ်း တစ်ရာကျော် ရှိပြီး လူတိုင်းမသိတာ
    ကျွန်တော်တို့ လပွတ္တာမြို့ တဲ့ 😔😔😔

❦ လပွတ္တာ သား ပါလို့ မိတ်ဆက်ရင်
   နာဂစ်ဒေသကလား? လို့ အမေးခံရတယ်
   ဟုတ်ပါတယ် ကျွန်တော်တို့ ဒေသကို
   ရာသီဥတု က ဒုက္ခ ပေးခဲ့ဘူးတယ် 😔😔😔

❦ ကမ်းနားလှိုင်းနဲ့ မီးဘေးဒဏ် တွေကြား
   ကျွန်တော်တို့ မြို့လေး မျက်ဖြူစိုက်ခဲ့ရတယ် 😔😔😔

❦ မွန်အမည်နဲ့. ကျွန်တော်တို့ မြို့လေးကို
   အခြားလူတွေ ရေးတဲ့အခါ စာလုံးပေါင်း မှားတက်ကြတယ်
   ကျွန်တော်တို့ ကိုယ်တိုင်ကလည်း
   သမိုင်းတွင်အောင် မရေးနိုင်သေးတာ အမှန်ပါ 😔😔😔

❦ ကျွန်တော်တို့ မြို့လေးက ဆက်သွားရင်
   ကပ္ပလီ ပင်လယ်ဘဲ ရှိတော့သလို
   ကားလမ်းဆုံးတဲ့ မြို့လေးမို့
   လူမသိသူမသိ ရုန်းကန်ကြရတယ် 😔😔😔

❦ ကျွန်တော်တို့ဟာ....
   ဒီ့မြို့လေးမှာ ပင်လယ်လေနဲ့ မွေးပြီး
   အရွယ်ရောက်တော့
   တစ်နယ်တစ်ကျေးကို လုပ်ကျွေးကြရတယ်။ 😔😔😔

❦ ကျွန်တော်တို့ မြို့လေးက
   တစ်ခါတစ်လေ စည်းလုံးတယ်
   တစ်ခါတစ်လေ စိတ်၀မ်းကွဲတယ်
   သူအမှား ကိုယ်အမှားနဲ့ ရန်သက်ကြရင်
   မြို့လေးမှာ ငိုရတယ် 😔😔😔

❦ ကျွန်တော်တို့ မြို့လေးမှာ
   နေ့စား အလုပ်ကြမ်းသမားတွေပေါတယ်။
   ကျောင်းမတက်ဘဲ  မြစ်ဘေးမှာ
   ဂဏန်းရှာတဲ့ ခလေးတွေ ပေါတယ်။😔😔😔

❦ ကျွန်တော်တို့ မြို့လေးမှာ
   စိတ်ထားကောင်းတဲ့ လူတွေ ပေါပါတယ်
   ဒါပေမယ့် ရာသီဥတု ယိုင်နဲ့လာရင်
   စားဘဲ ကြီးတွေလည်းပေါတယ် 😔😔😔

❦ ကျွန်တောတို့ မြို့လေးက 
    ဆန်စပါး,ဆား,ငါးခြောက် ထွက်ပါတယ်
   ဘယ်ဟင်းပွဲဘယ်လောက် ကောင်းကောင်း
   ဆားမပါရင် အဆင်မပြေဘူးမှက်လား 😊😊😊

❦ ဟင်းပွဲထဲက ဆားအရသာကို
   လူတိုင်းသိပေမယ့်
   ဆားထွက်တဲ့ ကျွန်တော်တို့ မြို့လေးကိုတော့
   လူတိုင်းမသိပါဘူး 😔😔😔

❦ ဘာဘဲ ဖြစ်ဖြစ် 
  ကျွန်တော်တို့ လပွတ္တာ မြို့လေးကို
  အလယ်တစ်ခေါက်တော့ လာစေချင်တယ် 
  လပွတ္တာ သူ လပွတ္တာ သား တို့ရဲ့
  ဖော်ရွှေတဲ့ စိတ်ထားလေးတွေ ကို မြင်စေချင်လို့ပါ
 လူတိုင်းမသိတဲ့ ကျွန်တော်တို့ မြို့လေးရဲ့
 လှပတဲ့  ရှုခင်း တွေကိုလည်း မြင်စေချင်တယ်။

post & photo - creditဘ

#LaputtaHomeland