Tuesday, August 31, 2021

"ရှာရီယာ"


သမိုင်းတစ်ပါတ်လည်တာဟာ အနှစ်၂၀ မှာတစ်ပါတ်ပြည့်တယ်လို့ဆိုနိုင်ပါတယ်
တာလီဘန်တို့ အာဖဂန်မှာ အာဏာပြန်ရပြန်ပါပြီ
အာဏာရလာခြင်းနဲ့အတူ အာဖဂန်နစ္စတန်ရဲ့ ရှေ့ရေးအတွက် အကြောက်အလန့်တွေနဲ့ ထင်ကြေးတွေကလည်း အတူပေါ်ထွက်ခဲ့ပါတယ် 

တာလီဘန်တို့အုပ်ချုပ်တော့မှာဖြစ်တဲ့အတွက် 
ရှာရီယာဥပဒေ ကိုပြန်ကြုံရပါတော့မယ်  
တာလီဘန်ထဲက စီနီယာခေါင်းဆောင်တစ်ယောက်က ဗုဒ္ဓဟူးနေ့ကထုတ်ပြောလာပါပြီ 

" ဘာဒီမိုကရေစီစနစ်မှမရှိတော့ဘူး ဘာစနစ်နဲ့သွားမယ်ဆိုတာကို ဆွေးနွေးနေစရာမလိုပါဘူး ရှင်းပါတယ် ရှာရီယာဥပဒေနဲ့ပဲသွားမှာ ဒါပါပဲ " လို့ တာလီဘန်ခေါင်းဆောင် Waheedullah Hashimi  ကပြောလိုက်တာပါ 

တရားဝင်ဖြစ်လာမယ့် စနစ်ကို အစ္စလာမ် ပညာရှင်တွေက ဆုံးဖြတ်မယ် 
အစိုးရကို အစ္စလာမ်မစ် ဥပဒေသအတိုင်း လမ်းညွှန်ပေးမယ် ဒီမိုကရေစီအခြေခံမူတွေကိုသုံးမှာမဟုတ်ဘူး လို့ သူတို့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ပြောခဲ့ပြီး အမျိုးသမီးတွေ ရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးတွေကိုလေးစားမယ် 

လေးစားတယ်ဆိုရာမှာ အစ္စလာမ်မစ်ဥပဒေသတွေရဲ့မူဘောင်ထဲကနေလေးစားမယ်လို့ဆိုလိုတာဖြစ်တယ်လို့ပြောခဲ့ပါတယ် 

ကင်းဘရစ်တက္ကသိုလ်အစ္စလာမ်မစ်ဘာသာရပ်လေ့လာရေး ဌာနက ပညာရှင်  HA Hellyer  ကတော့ 
"ဒီလိုပြောစကားအတွက် နောက်ထပ်ရှင်းရှင်းလင်းလင်း ပြောလိမ့်မယ်လို့ မထင်ဘူး"လို့ ပြောပြပါတယ် 

တာလီဘန်တွေရဲ့ ဥပဒေတွေနဲ့ကန့်သတ်ချက်တွေ ဟာ မရေမရာနဲ့ ဖြစ်နေခဲ့ပြီး အစ္စလာမ်မစ်ဥပဒေကို 
အကောင်အထည်မဖော်နိုင်သေးခင်မှာ ပဲ 
လူတွေဟာ ၁၉၉၀ လွန်နှစ်များဆီက အတွေ့အကြုံတွေ ဒုက္ခသုက္ခတွေကိုပြန်မြင်ယောင်လာကြပြီး ထောင်ပေါင်းနဲ့ချီပြီး
အာဖဂန်ကနေ ထွက်ပြေးဖို့ကြိုးစားလာကြတာကတော့ မျက်မြင်ဖြစ်နေပါတယ် 

xxxxxxxxxxx

ရှာရီယာဥပဒေဆိုတာဘာလဲ ? 

အာရေဗျဘာသာအရ " Sharia" ဆိုတာ " the way " ( လမ်းကြောင်း ) လို့အဓိပ္ပာယ်ရပါတယ် 
လက်တွေ့ မှာ အစ္စလာမ်မစ် အစိုးရတွေ အတွက် ပရောဖက်မိုဟာမက်ကချမှတ်ပေးထားတယ်လို့ ဆိုတဲ့ ဦးလည်မသုန် မသွေမတိမ်း လိုက်နာရမယ့် (ကိုရမ်ကျမ်းကနေထုတ်နုတ်ထားတဲ့ ) ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာအခြေခံသဘောတရားတွေပဲဖြစ်ပါတယ် 

မွတ်စလင်တို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ လိုက်နာဖို့ လမ်းညွှန်ထားတဲ့ ဘာသာရေးနည်းလမ်းစည်းကမ်းတွေဟာ ရှာရီယာပါပဲ 
ရာဇဝတ်မှုဆိုင်ရာဥပဒေတွေ တင်းကျပ်စွာပြဌာန်းထားတဲ့ ပြစ်ဒဏ်တွေဟာ ရှာရီယာဥပဒေမှာပါဝင်ဖော်ပြပေမယ့် နိုင်ငံအနည်းလောက်မှာပဲ ကျင့်သုံးပါတယ် 

တကိုယ်ရည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဌာန်းချက်တွေကတော့ မွတ်စလင်ကမ္ဘာမှာ အတော်များများကလိုက်နာကျင့်သုံးကြပါတယ် 
လက်ထပ်တာ 
အမွေဆက်ခံတာ 
ကလေးစောင့်ရှောက်ခွင့် စတာတွေပါ 

ရှာရီယာဥပဒေဟာ အသေးစိတ်ကျတဲ့မူဘောင်တွေနဲ့ 
အစ္စလာမ်ဘာသာဝင်တွေ ဘယ်လိုနေထိုင်ကြရမယ်ဆိုတာကို ဖန်တီးပေးထားပါတယ် 

ရာဇဝတ်မှုမှာဆိုရင် နှစ်မျိုးနှစ်စားအဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခွဲခြားထားပါတယ် 
Hadd ပြစ်မှု သို့မဟုတ်  
Tazir  ပြစ်မှုဆိုပြီးခွဲထားတာပါ 

Hadd Crimes တွေမှာ တချို့သော ပြစ်မှုတွေအတွက် ဘယ်လိုပြစ်ဒဏ်ပေးရမယ် ဆိုပြီး ဖော်ပြထားပြီးသားပါနေပါတယ် 
( ခိုးမှုအတွက် လက်ကိုဖြတ်တာ 
  အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် သေတဲ့အထိကျောက်ခဲနဲ့ပေါက်တာ တို့ပါဝင်ပါတယ်) 

Tazir Crimes တွေမှာကတော့ အပြစ်ပေးခြင်း ချီးမြှင့်ခြင်းတွေဟာ ရှာရီယာတရားသူကြီးတွေ ရဲ့ ဆင်ခြင်တုံတရားအပေါ်မှီတည်နေပါတယ်
ရှာရီယာဥပဒေဟာ အစ္စလာမ်မစ် ဥပဒေဆိုပေမဲ့ 
အစ္စလာမ်မစ်နိုင်ငံတိုင်းမှာ ကျင့်သုံးနေတာတော့မဟုတ်ပြန်ပါဘူး 

xxxxxxxxxxxxxxx

"မိန်းမတို့နှင့် ရှာရီယာဥပဒေ"

ရှာရီယာဥပဒေ ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ မွတ်စလင်ကမ္ဘာမှာ အငြင်းအခုံဖြစ်နေရဆဲပါ 
အစိုးရတွေရဲ့ ရှာရီယာဥပဒေကို အခြေခံတဲ့တရားဥပဒေကိုပြဌာန်းကျင့်သုံးထားကြတယ်လို့ဆိုကြပေမယ့် ပြင်ပမှာတော့ ဒီဘိတ်လုပ်နေရဆဲပါ 

အာဖဂန်မှာ
တာလီဘန်တွေအာဏာရလာတာနဲ့ အမျိုးသမီးတွေဟာ နစ်နာမှုတွေ ရှိလာတော့မယ်ဆိုတာကိုအားလုံးကသိနေကြပါတယ် 
သူတို့အိမ်ထဲကနေအပြင်ကိုထွက်လို့မရတော့ဘူး 
ဘဝရပ်တည်မှုမှာ အမြဲတမ်းကြောက်လန့်နေကြရတော့မယ် ဆိုတာတွေကိုသိနေကြပါတယ် 

၁၉၉၆ကနေ ၂၀၀၁ခုနှစ်တွေအတွင်းမှာ 
တာလီဘန်တို့အာဖဂန်နစ္စတန် ကိုအုပ်ချုပ်ခဲ့ကြ
ပါတယ် သူတို့အုပ်ချုပ်စဉ်အခါမှာ တာလီဘန်တွေဟာ ရှာရီယာဥပဒေကို ပြင်းထန်ကြမ်းတမ်းတဲ့ဖက်ကနေ ဘာသာပြန်ယူပြီး  အကောင်အထည်ဖော် ဥပဒေပြုခဲ့ကြပါတယ် 

ရှာရီယာဥပဒေအရ မိန်းကလေးတွေ စာမသင်ရ အလုပ်မလုပ်ရ
ဆိုပြီးတားမြစ်ပါတယ် 
အမျိုးသမီးအားလုံး ခေါင်းကနေ ခြေချောင်းတွေအထိဖုံးနေတဲ့ ဘူခါခြုံရမယ် 
မျက်နှာကို အုပ်ထားရမယ် 
အိမ်ကနေအပြင်ကိုယောက်ျားလေး အုပ်ထိန်းသူအစောင့်အရှောက်မပါဘဲမထွက်ရ ထွက်ရင်ကြိမ်ဒဏ်ပေးရမယ် 

ယောက်ျားတွေဟာ အမျိုးသမီးတွေအတွက် 
ထိန်းသိမ်းကာကွယ်စောင့်ရှောက်သူတွေဖြစ်တယ် လို့သတ်မှတ်တယ် ဒါကြောင့်ယောက်ျားတွေဟာ 
ပိုမြင့်မြတ်တယ်လို့သတ်မှတ်ယူရမယ် 

မိန်းမအားလုံးဟာ သူတို့ကိုစောင့်ရှောက်သူ အမျိုးသားတွေကို အမိန့်နာခံရမယ်ရိုကျိုးရမယ် 
ကလန်ကဆန်ပြုမူရင် ရိုက်နှက်နိုင်တယ် 
ထိုးကြိတ်လို့ရတယ် 
အိမ်ထောင်ရေးဖောက်ပြန်ရင် ကျောက်ခဲနဲ့သေတဲ့အထိပစ်ပေါက်ဆုံးမရမယ် 
စတာတွေနဲ့ဆိုတော့ ကြောက်ကြပြီပေါ့ 

xxxxxxxxx

လူနည်းစု နဲ့ ကလေးများ 

အာဖဂန်မှာ ဘာသာမတူတဲ့လူနည်းစု တွေဟာ ထောင်ပေါင်းများစွာရှိကြပါတယ် 
သူတို့ဟာလည်း တိုင်းပြည်ကနေထွက်ခွာကြဖို့ ကြိုးစားကြပါတယ် 
တာလီဘန်တို့ရဲ့လက်ခုပ်ထဲကိုမရောက်လိုကြပါဘူး

တာလီဘန်တွေ အုပ်စိုးခဲ့ကြတဲ့ ၁၉၉၀ ပြည့်
လွန်နှစ်တွေမှာ အာဖဂန်မှာရှိတဲ့ ဟင်ဒူတွေနဲ့ဆစ်ခ် ဘာသာဝင်တွေဟာ သူတို့ဘဝမှာအမှောင်ထဲကိုကျရောက်နေခဲ့ကြရတဲ့အချိန်တွေဖြစ်ခဲ့ပါတယ် 
သူတို့ဟာ အဆက်မပြတ် နှောက်ယှက်အရှက်ခွဲ နှိပ်စက်ညှဉ်းပန်း တာတွေ သတ်ဖြတ်ခံရတာတွေဖြစ်ခဲ့ကြရ ခံခဲ့ကြရပါတယ် 
သူတို့ရဲ့ယုံကြည်ကိုးကွယ်ရာကို နည်းနည်းလေးရိုသေမှုပြသလိုက်တာနဲ့ အဆုံးစွန်မှာသေဆုံးတဲ့အထိ
နှိပ်ကွပ်ခံခဲ့ကြရပါတယ် 

နှိပ်စက်ညှင်းပန်းရုံတင်မက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ အဓမ္မ သိမ်းဆည်းခံခဲ့ကြရတာပါ 

ဟင်ဒူနဲ့ ဆစ်ခ် တွေကို ပြန်ပေးဆွဲတာ သတ်ဖြတ်တာတွေဟာ အနတက္ကမဖြစ်ခဲ့ပါတယ် 

တာလီဘန်တွေဟာ ဟင်ဒူနဲ့ ဆစ်ခ်တွေကို သူတို့ဟာဘာတွေလည်းဆိုတာသိအောင် အဝါရောင် ခေါင်းပေါင်း ပေါင်းစေခဲ့တဲ့အထိ နှိပ်ကွပ်ခဲ့ပါတယ် 
ဒီလို အဝါရောင်ခေါင်းပေါင်းပေါင်းစေတာဟာ 
Yellow Star of David လို့ခေါ်တဲ့ ဂျူးတွေကို 
 နာဇီခေတ်က လုပ်သလိုမျိုး ဆင်တူယိုးမှားဖြစ်အောင်ခွဲခြားလုပ်ပြခဲ့တာပဲဖြစ်ပါတယ် 

မွတ်စလင်မဟုတ်လို့ကတော့ အခြားသော ဘာသာဝင်လူနည်းစုတွေ ဟာ သည်လိုမျိုးနှိပ်စက်ခံရတာအာဖဂန်မှာမဆန်းပါဘူး 

ဘာသာကွဲလူနည်းစုတွေဟာ အာဖဂန်မှာ အကြောက်တရားနဲ့ စက္ကန့်နဲ့အမျှ နေခဲ့ကြရတာပါ 
၂၀၁၈မှာ အသေခံဗုံးခွဲရေးသမားတစ်ဦးဟာအာဖဂန်သမ္မတ အာရှတ်ဖ်ဂျာနီနဲ့တွေ့ဖို့စောင့်နေကြတဲ့  ဂျလာဟာဘတ်မြို့က ဟင်ဒူနဲ့ ဆစ်ခ်တွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ် 
အဲ့ဒိတိုက်ခိုက်မှုဟာ တကမ္ဘာလုံးက သတိပြုခဲ့ကြပြီး အာဖဂန်ကနေ ဟင်ဒူနဲ့ ဆစ်ခ်တွေ ထွက်ခွာကြဖို့ ဖြစ်လာခဲ့ပါတယ်

မိန်းကလေးတွေအတွက်ကျောင်းတွေဟာ ပိတ်သွားခဲ့ရပါတယ် ကလေးတွေဟာ သီချင်းနားမထောင်ရတော့ပါဘူး တီဗီ လည်း မကြည့်ရတော့ပါဘူး 
တာလီဘန်တို့ရဲ့ စည်းကမ်းကိုမလိုက်နာသူတွေဟာ 
လူမြင်ကွင်းမှာ ပြစ်ဒဏ်ချမှတ်ခံရပါတယ် 
ကြိမ်ဒဏ် ဒါမှမဟုတ် ကျောက်ခဲနဲ့ပေါက်ခံရတာမျိုးဖြစ်ပါတယ် 
ကလေးတွေကိုတောင် ခွင့်လွှတ်မပေးပါဘူး 
ကလေးတွေမှန်သမျှ အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ မသင်မနေရ ကျောင်းတက်ရပါတော့တယ် 

ဆစ်ခ် ကလေးငယ်တွေဟာ ပေါင်းထုပ်မထုပ်ရတော့ပါဘူး 
ဘာသာခြားမိန်းကလေးမှန်သမျှ ဘူခါဝတ်ရပါမယ် 
ဘာသာခြားအာဖဂန်ကလေးဖြစ်ရဆဲ့ဘဝဟာ 
လိုသလိုပြုပြင်ထားတဲ့ ရှာရီယာ ဥပဒေအောက်မှာ 
ဘာအနာဂတ်မှ မရှိတော့ပါဘူး 

အခုလည်း 
တာလီဘန်တွေဟာ အရင်တာလီဘန်တွေမဟုတ်တော့ပါဘူး လို့ ပြောနေကြပြန်ပါပြီ 

၁၉၉၆ တုန်းက ကဘူးလ်က မိန်းကလေးတစ်ယောက်ဟာ 
လက်သည်းနီ ဆိုးလို့လက်ဖြတ်ခံခဲ့ရတာရှိဖူးပါတယ် 
အခု တာလီဘန်တွေ ပြန်လာကြပြီ ဆိုတော့ 
ထွက်ခွာသွားဖို့ မစွမ်းသာတဲ့ မိန်းကလေးတွေဟာ ဘဝအတွက် နဲ့ သူတို့လွတ်မြောက်ရေး အတွက် 

အရင်ကနဲ့မတူ တော့ပါဘူး 
ဆန္ဒပြနေကြပါပြီ 

 သူတို့ ၁၉၉၀ လွန်နှစ်တွေဆီကိုပြန်မသွားချင်တော့ဘူး အဲ့ဒိအချိန်ကမွေးခဲ့တဲ့သူတွေ အရွယ်ရောက်ကုန်ပါပြီ 
ဘယ်သူမှ အမှောင်ထဲမနေချင်ဘူး ပေါ့ 

xxxxxxxxxxxxxx

ဘာသာရေး ကိုအဓိပ္ပာယ်ဖွင့်တာမှာ 
အဓိပ္ပာယ် ဖွင့်ဖို့ အခွင့်ရသူတွေဆိုတဲ့  
နောက်လိုက်နောက်ပါ များတဲ့ ဆရာကြီးတွေ က 
ဖွင့်ကြတာ ပါလားလို့ တွေ့ရပါတယ် 

အတော်ကြောက်ဖို့ကောင်းပါတယ် 

Pi Lon 
Ref tfipost