Friday, August 27, 2021

စပြီး တောခိုကတည်းက သူတို့ကြည့် လွှတ်လိုက်တာမဟုတ်ဘူး။


အကောင်ကြီးကြီး တွေပါ ထည့်ပေး
လိုက်ပါတယ်လို့ ရေးလိုက်ပါသေးတယ်။ 

KNU တပ်မဟာ ဌာနချုပ်နေရာတွေ
လေကြောင်းရန် ၂၄နာရီ စိတ်မချ
ရေတာ့ပါဘူး။ 

Pdf တွေထဲမှာ အသွင်ယူ pdfတွေက
Google ကနေ နေရာအတိအကျ
Location  ညွှန်ပေးတော့ လေကြောင်းပစ်မှတ်
တွေက တိကျစေတာပါ။ 

အာဆီယံက အကြမ်းဖက်အဖွဲ့အစည်း
အဖြစ် သတ်မှတ်လိုက်တော့

နိုင်ငံရေးအသာစည်း အပြတ်အသတ်
ရသွားတဲ့ အိမ်စောင့်အစိုးရဟာ
Pdf နေရာတွေကို ထိုးစစ် အရှိန်မြှင့်လာတာပေါ့။ 

ကြားညှပ်တာကတော့ လက်ခံထားတဲ့
လက်နက်ကိုင်အဖွဲ့တွေပါ။ 

တစ်ဖက်မှာ အားကိုးရတဲ့ အမေရိကန်ရဲ့
ဩဇာကလည်း အာဖဂန် မှာ
စစ်ရှုံး ပြီး ကျဆင်း နေရတယ်။ 

အာရှမှာ အမေရိကန် စစ်တပ်ကို
မှီခိုပြီး ရပ်တည်ရတဲ့ နိုင်ငံတွေ ဂျပန်၊
တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ထိုင်း နိုင်ငံတွေဟာ
အမေရိကန်အပေါ် အပြည့်အဝ ယုံကြည့်လို့
မဖြစ်နိုင်ဘူးဆိုတာကို အာဖဂန်ဖြစ်စဉ်က
အသိပေးနေတယ်။ 

သာမယ်ထင်ရင် လာမယ် အကျိုးစီးပွါး
ကိုထိခိုက်လို့ ရှုံးမယ်ထင်ရင်
ဆုတ်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ဗျူဟာ ဟာ
အမေရိကန်စစ်တပ်ကို မှီခို နေရတဲ့
အာရှ နိုင်ငံ တွေကို ရိုက်ခက်စေတယ်။ 

Kio/Kia က cia ကျေနပ်အောင် 
ယောင်ပြ တိုက်ပွဲတွေ ဖန်တီး ပြရပေမဲ့
တရုတ်-မြန်မာ border ပေါ် ကနေ 
အမေရိကန် ကိုလှမ်းမျှော် ဖို့ မဖြစ်နိုင်တာ
သိလာတယ်။ 

အခု ဆွေးနွေး ချင်တယ်ဆိုပဲ။ 

လွန်ခဲ့သော အတိတ်များစီက တပ်မတော်အစိုးရ
ကာလ မှာ တရုတ်-မြန်မာနယ်စပ် သည်
တည်ငြိမ်အေးချမ်း တိုးတက်သော
ဒေသများ ဖြစ်ခဲ့တယ်။ 

ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်လုပ်ငန်း ကို ရပ်
လိုက်တော့ တရုတ်က ကိုးကန့်ကို ဆွပေး
လိုက် Kia ကနေ AAကိုလက်နက်တတ်ဆင်ပေး
လိုက်ပြန်တယ်။  

ဒါက တရုတ် ကွန်မြူနစ် တွေ အနေနဲ့ 
သူ့နိုင်ငံဘေးမှာ အလုံးစုံ ဒီမိုကရေစီ နိုင်ငံ
အဖြစ် မြန်မာပြည်ကို မဖြစ်စေလိုတာပါ။ 

နိုင်ငံရေး /စစ်ရေး ဘာမှ မသိ ပေါ်ပင် လူကြိုက်
များ အောင်သာ လုပ်တတ်တဲ့ Nldအစိုးရဟာ
ကို့နိုင်ငံရဲ့ ပထဝီ နိုင်ငံရေးကိုလည်း
မသိသလို့ တရုတ် က လက်နက်ကိုင်တွေ နဲ့
မြန်မာ့အရေးကို ဘယ်လို ကစားတယ်ဆိုတာ
မသိခဲ့ ပါဘူး။ 

ဒီကြားထဲ စစ်တပ်ကို ဘတ်ဂျတ် ဖြတ်ပြီး
အင်းအားချိနဲ့ လာအောင် အနောက်အုပ်စုအလိုကျ
လုပ်ပြခဲ့ကြတယ်။ 

တကယ်တမ်း တိုင်းရင်းသားပေါင်းစုံ နဲ့
လက်နက်ကိုင်မျိုးစုံ ရှိတဲ့ မြန်မာ နိုင်ငံ ကို 
အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံ
တွေဟာ တိုးတက်ဖို့ တည်ငြိမ် ဖို့ထက် 
ပြိုကွဲ ပြီး အစိတ်အပိုင်းတွေ ဖြစ်လာဖို့ကိုသာ
လို လာကြတာဖြစ်တယ်။ 

ဒါ့ကြောင့် Nldအစိုးရ ကာလ မှာ ပါတီကိုသာ ငွေးကြေး
ထောက်ပံ့ ပေးခဲ့ပြီး နိုင်ငံထဲကိုတော့
ဘာရင်းနှီးမြုပ်နှံမှုမှ ရောက်မလာခဲ့ပါဘူး။ 

အလွယ်ဆုံးသုံးသတ်ရရင် ပါတီ ကို ငွေပေးပြီး
လက်ဝေခံ အစိုးရ တင်ပေးတာပါ။ 

အခုပြုတ်သွားတဲ့ အာဖဂန် အစိုးရ လိုပါပဲ။ 

တစ်ဖက်မှာ နိုင်ငံခြားရေး ကျွမ်းကျင်တဲ့ 
ဦးဝဏ္ဏမောင်လွင် က အာဆီယံ နဲ့ ဆက်ဆံရေး
တည်ဆောက်နိုင်ခဲ့တယ်။ 

အဲ့တော့ အာဆီယံက အကြမ်းဖက်အဖွဲ့အစည်း
အဖြစ်သတ်မှတ်လိုက်တဲ့အခါ နိုင်ငံခြားကို
ထွက်ဖို့ တောခိုတဲ့ ထဲ ပါသွားတဲ့ pdf. တွေ အဖို့
ဒုတိယနိုင်ငံ အတွက် ခက်ခဲ လာပါတယ်။ 

အချို့ အနုပညာရှင်တွေပေါ့။ အိမ်စောင့်အစိုးရက
တစ်ဖက် စစ်ရေးအရှိန်မြှင့်လာသလို
တစ်ဖက်မှာ နိုင်ငံရေးအရ ပြန်လာမည့်သူများကို
တံခါးဖွင့်ကြိုဆို ထားတယ်။ 

ခေါင်းပြတ်သွားတဲ့ မြွေဟာ လှုပ်ပါတယ်။ 
ဒါပေမဲ့ ပြန်မရှင်နိုင်တော့ပါဘူး။ 

စိတ်ကူးယဉ် အွန်လိုင်းနိုင်ငံရေးနဲ့ မြေပြင်နိုင်ငံရေး
အရမ်းကွာခြားသွားပါပြီ။  

Kyaw Swar


Related Posts:

  • အဆဲ...ဆိုတာ မွေးကတည်းက သင်စရာမှမလိုတာလူတိုင်းတတ်တယ်လေ ရိုင်းချင်တာနဲ့ မရိုင်းချင်တာပဲကွာတာလိမ်မာယဉ်ကျေးအောင်သာ ခက်ခက်ခဲခဲ သင်ကြားကြရတာဒါတောင် ဘယ်လောက်သင်သင် တတ်ချင်မှတတ်တာဒီတော့ လွယ်တာကို လုပ်ယူမလားခက်တာကို ကြိုးစားပြမလားရိုင်းချင်လို့ ဖြစ်စေရိုင်းသင့်လို့ဖြစ်စေ… Read More
  • ငွေတွေရဲ့ တန်ဘိုးအင်ဒရူးကာနယ်ဂျီ အကြောင်းကြားဘူးကြမှာပါသံမဏိသူဌေးကြီး၊ နောက်ပိုင်း ရေနံသူဌေးကြီးဖြစ်လာတယ်၊ သူ့အဆိုအမိန့်တွေ စာအုပ်အဖြစ်ထွက်လာပြီး တကမ္ဘာလုံးက တလေးတစားဖတ်ရတဲ့အဆင့်၊သူ့ခေတ်တုန်းက $ ( 3 ) billion ကျော်နဲ့ကမ္ဘာ့သူဌေးကြီးဖြစ်ပြီး၊… Read More
  • သနားဒယ်Nandar Hlaing ဒူးရင်းသီးရောင်းလည်း ဖောင်းထုတယ်Htet Htet Moe Oo စိန်ရောင်းတော့လည်း လောင်ကြတယ်Phyu Phyu Htwe အလှုလုပ်တော့လည်း အကုသိုလ်လိုက်တက်ကြတယ်မစားနိုင် မဝယ်နိုင် မလှုနိုင်ကြတဲ့ ပြိတ္တာတွေကျလို့ဘစိုင်းလည်း မနေရ​ချီချီလည်း မ… Read More
  • Delivery အယောင်ဆောင်ပြီး ပါဆယ်ပိုချင်ယောင်ဆောင်၍အခုတလော အစိုးရတာဝန်ရှိသူနဲ့ CDM မလုပ်သူ လူကြီးများကို  နာမည်ဖုန်းနံပါတ် သိပါက  Delivery အယောင်ဆောင်ပြီး ပါဆယ်ပိုချင်ယောင်ဆောင်၍ တမျိုး Air conditioner ပြင်သမား  အဝတ်လျော်စက် ပြင်သမားဟန်ဆောင်၍ လုပ်ကြံ ချင်ကြပါတယ်  Delivery သမာ… Read More
  • #အရေးကြီးပါသည် ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင်ကုသပေးခဲ့သူ ခွဲစိတ်အထူးကုနောက်ဆုံးနှစ် ဒေါက်တာနန်းခင်ညွန့်၏ ကာကွယ်ကြဖို့တိုက်တွန်းခြင်းအနံ့မရသူကိုအိမ်မှာ နေထိုင်အခြေနေစောင့်ကြည့်ဖို့ သတင်းမှာ ပါလာပါသည်။D6I4G သန္ဓေပြောင်း ဗိုင်းရပ်စ်ဟာ ကူးစက်မှု ၁၀ဆ မြန်နေပါသည်။ကာကွယ်ထားပါ။တစ်ခုခြင်း..တင်ပြပါမည်....၁- အားဆေးဗီတာမင်..အီး- စီ- ဒီ- သောက်ထားပါ။၂- အဖျားဝင်မလိုဖြစ်… Read More