Tuesday, August 31, 2021

ကလေးကလား မေးခွန်း


- မင်းကြီး(၃)ပါးပုံ ၊ ဘုရားပုံ ၊ နိုင်ငံတော်အလံ profileတွေနဲ့ အကိုကြီး ၊ အမကြီးတို့ရေ ပြည်သူကို အပြစ်ရှာနေမယ့်အစား အာဏာသိမ်းလိုက်လို့ အကျိုးရှိသွားတာလေးတွေ ရှာပြီး ပြပေးနိုင်ရင် ကောင်းမယ်ထင်တယ် ။ ထောက်ခံမှုလေးဘာလေး ရကောင်းရသွားနိုင်တယ်လေ ။

ကျွန်တော်တို့က ပိန်းတော့ အကျိုးရှိသွားတာတွေကို မမြင်မိဘူးဖြစ်နေတယ် ။ ရှာဖွေပြီး လာပြပေးရင် တကယ်ကို လေးစား ကျေးဇူးတင်မိမှာပါ ။

     Khant Ko

           ၈၈ မမှီတဲ့ GZ ဆိုတဲ့ စောက်ပေါလေးကို ပြောရမှာ တန်တော့ မတန်ဖူး ဒါပေမယ့် မပြောလဲ ကိုယ့်ကိုကိုယ် ကြက်ဆူတော မင်းလုပ်ပြီး ဘဝင်မြင့်နေအုံးမှာ ဆိုတော့ ပြောမှ ဖြစ်မှာလေ ။ 

        ပထမဆုံး ပရိုဖိုင်တွေကို စပြီးစော်ကားထားတယ် ။ မြန်မာတို့ရဲ့ ဘုန်းတန်ခိုး လက်ရုံးနဲ့ပြည့်စုံပြီး အကြီးမားဆုံးသော ပြည်ထောင်စုအဖြစ် စုစည်းပေးနိုင်ခဲ့တဲ့ အနော်ရထာ ၊ ဘုရင့်နောင် နဲ့  အလောင်းမင်းတရား ပုံ ပရိုဖိုင်ကို ရန်ရှာနေကတည်းက မင်းစိတ်က ပြည်ပကျွန်သဘောက်စိတ်ဆိုတာ ပြနေတယ် ။

        ဘုရားပုံ ပရိုဖိုင်ကရော မင်းက မကောင်းဆိုးဝါးမို့ ကြောက်နေတာလား ၊ နိုင်ငံတော်အလံကရော တိုင်းပြည်ချစ်သူ အမှတ်အသားက မင်း ရင်နာနေလို့လား အေးလေ မင်းတို့က ထမီချစ်သူ တွေကိုးကွ ။ 

     ဘာတဲ့ ပြည်သူကို အပြစ်တင်နေမယ့်အစားတဲ့..... မင်းပြောတဲ့ ပြည်သူဆိုတာ ဘယ်အုပ်စုလည်း ပြောစမ်းပါအုံး ပါတီ ၉၀ ကျော် ရှိတဲ့ အထဲမှာ NLD ကို ထောက်ခံမှ ပြည်သူလား လူ့ငနွားရ ။ 

     အခု မင်းပြောနေတဲ့ ပရိုဖိုင်တွေ နဲ့ လူတွေက ပြည်သူကို အပြစ်တင်နေတာ တခုမှ မပါဘူး ။ PDF GZ ဆိုတဲ့ မင်းတို့လို လူယုတ်မာ အစုအဖွဲ့ကို အပြစ်တင်နေကြတာလေ ။ 

       မင်းတို့လုပ်ရပ်ကို ​ပြန်ကြည့်အုံး  CDM လုပ်ကြ ထောက်ပံ့မယ်တဲ့ ၊ အခု ငတ်နေပြီ ဘယ်မလဲ မင်းတို့ ကတိစကား ။ 

    ကျောင်းတွေ ဗုံးခွဲ ၊ စျေးတွေ မီးရှို့ ၊ ဘုန်းကြီးကျောင်း မီးရှို့ ၊ ရွာမီးရှို့ ၊ အပြစ်မဲ့ အရပ်သားတွေ သတ်ဖြတ် ၊ လက်နက်မဲ့ ရပ်ကျေးဥက္ကဋ္ဌတွေ သတ် ၊ မတည့်တဲ့သူ ဒလံစာရင်းသွင်း သတ်ဖြတ် ၊ နောက်ဆုံး Q စင်တာဗုံးခွဲ မွေးကင်းစ ကလေးကနေ ဘုန်းကြီး အထိ သတ်လာကြပြီ ။ 

       အဲလို ယုတ်မာတဲ့ အစုအဖွဲ့ PDF GZ စောက်ရူးတွေကိုပဲ အပြစ်တင်နေကြတာကွ ။ 

    ဘာတဲ့ အာဏာသိမ်းလိုက်လို့ ဘာတွေ အကျိုးရှိသလဲ ဟုတ်စ ။ ရေးပြလို့ မကုန်တဲ့ အကျိုးတွေ အများကြီး ရှိတာပေါ့ ကွ......

၁ ။ တိုင်းပြည်ဖျက် ၊ ဘာသာဖျက် ၊ လူမျိုးပါ မျိုးသုန်းအောင် ကြံစည် ယုတ်မာနေတဲ့ NLD ပါတီလို တိုင်းပြည်သစ္စာဖောက် ပါတီ လက်ထဲကနေ အချိန်မှီ ကယ်လိုက်နိုင်တယ် ။ 

၂ ။ လူငယ်ထုကြားထဲမှာ ဆေးသမား ၊ အရက်သမား ၊ ဖွန်ကြောင် ၊ ဒုတ်ကြောင် မိမဆုံးမ ဖမဆုံးမ သုံးစားမရတဲ့ အနာဂါတ်မဲ့ ကလေကချေတွေကို သန့်စင်ပေးနိုင်ခဲ့တယ် ။ 

၃ ။ ကျောင်းသားဖြစ်ပြီး ဖာချ ဆေးရှူ ဖဲရိုက် ဖာဖိုးဖဲ ကျောင်းသားတွေလို တိုင်းပြည်အမှိုက်တွေ ဖယ်ရှားနိုင်ခဲ့တယ် ။ 

၄ ။ နိုင်ငံရေးလောကကြီးထဲကနေ ဘယ်သူက ဘာကောင်လဲ ဆိုတာ ဆွဲထုတ်ပြနိုင်ခဲ့တယ် ၊ တိုင်းပြည်အပေါ် စေတနာ ရှိတဲ့ နိုင်ငံရေးသမား နဲ့ အယောင်ဆောင် ကျွန်နိုင်ငံရေးသမားတွေကို ပြည်သူတွေ သိနိုင်စေခဲ့တယ် ။

၅ ။ ဝန်ထမ်းတွေထဲက ပြည်သူ့မျက်နှာ ကြည့်ပြီး ပြည်သူ့ရဲ့ ကျန်းမာရေး ပညာရေး နဲ့ လမ်းပန်းဆက်သွယ်ရေး တွေ အတွက် စေတနာထားချင်သူနဲ့ ပြည်သူ့သေရေးရှင်ရေးထက် ထမီတထည်ကို တန်ဖိုးပိုထားနေတဲ့ လူယုတ်မာ ဝန်ထမ်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ် ။ 

၆ ။ လက်နက်ကိုင်တပ်အတွင်းက ဖရဲသီး လောက်ကောင်တွေ အကြောင်း အိမ်စောင့်အစိုးရ ပိုသိလာရတယ် ။ 

၇ ။ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ စိတ်ထားနဲ့ လုပ်ရပ်ကို ပြည်သူတွေ မျက်ဝါးထင်ထင် သိလာရတယ် ။

၈ ။ ပြည်ပနိုင်ငံတွေထဲက မိတ်ဆွေစစ်နဲ့ မိတ်ဆွေတု မင်းသားမျက်နှာဖုံးတွေ ဆွဲလှန်ပြနိုင်ခဲ့တယ် ။ 

၉ ။ NLD ခိုးသမျှ ရဲ့ တရာပုံ တပုံလောက် ပမာဏကို လက်ပူးဘက်ကြပ် ဖော်ထုတ်နိုင်ခဲ့တယ် ။ 

၁၀ ။ နိုင်ငံတကာက​နေ ကုလ အပါအဝင် NUG နဲ့  PDF GZ တို့ရဲ့ ရက်စက်ယုတ်မာမှုကို ရှုံ့ချလာရတဲ့ အထိ ဖြစ်လာအောင် ပြသနိုင်ခဲ့ကြတယ် ။ 

၁၁ ။ မျိုးချစ် အုပ်စုဟာ မင်းတို့ ယုတ်မာသလောက် ပိုပြီး စည်းလုံးလာကြတယ် ၊ ပိုပြီး မာကျောလာကြတယ် ။ 

၁၂ ။ အနုပညာလောကထဲက ဘယ်သူက တိုင်းပြည်ချစ်သူ ဘယ်သူက ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတာ ပေါ်ထွက်လာရတယ် ။ 

၁၃ ။ လေတလုံး မိုးတလုံး နဲ့ ကမ္ဘာပတ် သူတောင်းစားလုပ်နေရတဲ့ ပြည်ပြေးတွေကို ဟာသ ရှုထောင့်ကနေ ကြည့်ခဲ့ရတယ် ။ 

၁၄ ။ ရုရှားလို လက်နက်နိုင်ငံတော်ကြီး ဆီကနေ အဆင့်မြင့် နည်းပညာတွေ ၊ လက်နက်တွေသာမက စစ်ရေးမဟာမိတ် အဖြစ် သတ်မှတ်ပြီး ဗိုလ်ကျချင်တဲ့ အနောက်အုပ်စုရဲ့ ရန်စမှုတွေကို မာမာထန်ထန် ဆက်ဆံနိုင်ခဲ့တယ် ။ 

၁၅ ။ အမျိုး ဘာသာ သာသနာ ဆိုတာကို ကာကွယ်ပေးပါလို့ တောင်းဆ်ုစရာ မလိုတဲ့ အိမ်စောင့်အစိုးရ ပေါ်ထွန်းလာခဲ့တယ် ။ 

၁၆ ။ ငါတို့ ဝေဖန်နေတယ်ဆိုတာ မင်းတို့ လူယုတ်မာတစုကို သက်ညှာခွင့် များစွာပေးပြီး ညင်သာစွာ ကိုင်တွယ်နေလို့ အားမရဖြစ်ပြီး ဝေဖန်နေကြတာ ဖြစ်တယ် ။ ဒါကိုက တပ်မတော်သမိုင်းအတွက် ဆိုတာ ကြာလေ သိလာလေမို့ သဘောကျလာရတယ် ။ 

၁၇ ။ တပ်မတော်အတွက် လိုအပ်နေသေးတဲ့ စီမံ ထောက်ပံ့မှုတွေ ၊ သက်ရှိပစ်ခတ်မှု လေ့ကျင့်ရေးအတွက် မင်းတို့လို စောက်ဖိုးမတန်တဲ့ တိုင်းပြည်အမှိုက်တွေနဲ့ လေ့ကျင့်ခွင့် ဖြည့်ဆီးခွင့်ရထားတာ အင်မတန်အကျိုးများတယ် ။

၁၈ ။ ကပ်ရောဂါ အတွက် အမေရိကန်လို မင်းတို့ပထွေးနိုင်ငံကြီးတောင် လူ သိန်းချီ သေနေချိန်မှာ မင်းတို့ ယုတ်မာစွာ Q စင်တာ ဗုံးခွဲ ကာကွယ်ရေးဆေးမထိုးဖို့ ယုတ်မာစွာ ကြံစည် ဗုံးခွဲ ၊ အောက်ဆီဂျင်သယ်တဲ့ကား မီးရှို့ ၊ ပရဟိတတွေ သတ်နေတဲ့ကြားက တသောင်းဝန်းကျင်ပဲ သေဆုံးအောင် အခက်အခဲမျိုးစုံကြားက ကြိုးစားပေးနေတာ ကျေနပ်တယ် ။

၁၉ ။ ပြည်သူ့အသံကို NLD လို အမည်ခံ ဒီမိုကရေစီ ပါတီထက် တပ်မတော်က ပိုပြီး နားစွင့်လာတယ် ၊ ဖြည့်စွက်ပေးလာတယ် အဲဒါ ပြည်သူအတွက် အမြတ်ပဲ ။
(အလုံးစုံ ဖြည့်ဆည်းမပေးနိုင်သေးတာ မင်းတို့လို လူယုတ်မာလေးတွေ နှောက်ယှက်ဖျက်ဆီးမှု နဲ့ NLD ပါတီ ၅ နှစ်တာ မဟားတရား ခိုးယူသွားတဲ့ ဘဏ္ဍာငွေတွေကြောင့်ပဲ ဖြစ်တယ်ဆိုတာ ပြည်သူတွေ သိပြီးသား )

၂၀ ။ တပ်မတော်သည် တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်းကြီး ဖြစ်နေပြီး NLD နဲ့  PDF GZ တို့သည် ပြည်ပကျေးကျွန် ပြည်ဖျကိအုပ်စုဖြစ်ကြောင်း ပြည်တွင်းသာမက တကမ္ဘာလုံး သိသွားစေခြင်း ဆိုတဲ့ အကျိုးတွေ ရထားပါပြီ ။ 

      ရေးမယ်ဆိုရင် မင်းတို့ ငိုခြင်းချသွားအောင် ထပ်ရေးလို့ ရသေးတယ် အခုတော့ လက်ညောင်းလို့ နားအုံးမယ် ။ 

        ကိုရွှေမျိုးဝင်း

(မျက်စိတဆုံး ရောင်စုံ ပန်းခင်းကြီးထဲကနေ မကုန်နိုင် မခမ်းနိုင် သီကုံးပေးနိုင်တဲ့ ပန်းကုံးများကဲ့သို့ တပ်မတော် အာဏာထိမ်းခြင်းရဲ့ ကောင်းကျိုးများဟာလည်း ရေး၍ မကုန်နိုင်ကြောင်း GZ လေးတွေ သိဖို့)