ဘာအကျိုးစီးပွါးမှ မရပဲ
အသက်ကိုဖက်နဲ့ထုပ်ပြီး တပ်မတော်ကို
ရဲရဲဝံ့ဝံ့ထောက်ခံ နေကြတာ။
ဒလန်ဆိုတာနဲ့ ဒီနေ့လား မနက်ဖြန်လား
မသေချာပါဘူးအသက်တွေက Nldလို
လက်နက် မရှိကြသော ပြည်သူတွေပါ။
ဒါကို စစ်ဘက်တာဝန်ရှိ ခေါင်းဆောင်
တွေ ငါတို့ အရာရှိ /စစ်သည်တွေက
သိကြရလိမ့်မယ်။
လုပ်စရာရှိတာတွေကို ပြည်သူ အတွက်
ရဲရဲဝံ့ဝံ့လုပ် ကိုင်သင့်တယ်။
ကျုပ်တို့ ခင်ဗျားတို့ စစ်သားတွေ လုံခြုံတဲ့
တပ်အဝန်းအဝိုင်းထဲ မှာ နေကြတာ
ဒါတွေကို သိကြမှာမဟုတ်ဘူး။
ဘယ် nug pdf ကမှ တပ်မတော် တပ်ရင်း
အဝန်းအဝိုင်းကို ရန်ရှာတယ်ဆိုတာ
မကြားဖူးဘူး။
သူတို့လုပ်ရဲတာလုပ်နေတာတွေက
အပြင်လောကမှာ ရပ်ကွက်ထဲ မှာနေပြီး
တပ်မတော်ကို ထောက်ခံနေကြတယ် ဆိုတဲ့
ပြည်သူ တွေကို အကြမ်းဖက်ကြတာပါ
ဒါ့ကြောင့် ပြည်သူတွေရဲ့အသက်က
နေ့လားညလားပဲ။
တပ်မတော်ရဲ့ အဓိကတာဝန်ဟာ
နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်
စည်းစိမ်ကို ကာကွယ်ပေးဖို့ပါ။
အခုဆိုရင် nug pdf ဆိုတာ အာဆီယံ နဲ့
အနောက်အုပ်စု မီဒီယာ အချို့ကပင်လျှင်
အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်
ရေးသားနေပြီးပါပြီ။
သူတို့ဟာ ပြည်သူမဟုတ်တော့ပါဘူး။
ဒါ့ကြောင့် တပ်မတော်သည် တပ်မတော်ရဲ့တာဝန်ကို
မြန်မြန်ဆန်ဆန် ကျေပြွန် ပြီးမြောက်အောင်
ထမ်းဆောင်စေချင်ပါတယ်။
တိုင်းပြည်ငြိမ်းချမ်းဖို့ အတွက်ကိုသာ
ဦးတည်ဆောင်ရွက်ပြီး စေတနာ မှန်ခဲ့ရင်
မကြာပါဘူး။
ငြိမ်းချမ်းစွာလုပ်ကိုင်ရှာဖွေ စားသောက်
နေထိုင်လိုသော ပြည်သူစစ်စစ်တိုင်းသည်
တပ်မတော်အတွက်အသက်ကို ဖက်နဲ့ထုပ်၍ ရဲရဲဝံ့ဝံ့
ထောက်ခံနေကြပါသည်။
မယုံရင် ရပ်ကွက်ထဲ သွားနေကြည့်ကြပါ
တပ်အဝန်းအဝိုင်းလောက် ဘယ်နေရာမှ
မလုံခြုံပါဘူး။
တပ်မတော်ကြီးလည်း အမြန်ဆုံး တာဝန်ကျေ
ပါစေခင်ဗျာ။
အကြမ်းဖက်မှုများ ချုပ်ငြိမ်းပျောက်ကွယ်ပြီး
ဥပဒေ ကိုလေးစားလိုက်နာ တတ်သော ဒီမိုကရေစီအစိုးရ
ပေါ်ပေါက်ပါစေ။
Kyaw Swar