Wednesday, September 1, 2021

အသွေးအရောင်စုံ ပြီး တိုင်းရင်းသားလူမျိုးစုံရှိတဲ့ ကျွန်တော်တို့ နိုင်ငံ မှာ ပါတီပေါင်းစုံ ရှိတယ်၊ လက်နက်ကိုင်အုပ်စုတွေကလည်း တစ်ရွာတစ်ဗိုလ်စနစ်နဲ့

ကျဉ်မြောင်းတဲ့ နယ်မြေလေး တစ်ခုတည်းမှာကိုပင်
လူမျိုးစု အမည်ခေါင်းစဉ် အမျိုးမျိုး နဲ့ လှုပ်ရှား
ကြပါတယ်။ 

ပါတီပေါင်း ၉၃ ပါတီ ရှိပါတယ်။ နှင်းဆီပါတီ မဖျက်ခင်က
၉၄ ပါတီ ရှိပါတယ်။ 

လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း ၁၁၂ ဖွဲ့ရှိပါတယ်။ 

ကချင်ပြည်နယ်မှာဆိုရင် အများစု သိကြတာ Kiaလောက်
ကိုပဲ အများကသိကြတာပါ။ 

အဲ့ဒီ Kiaကိုလက်မခံသော ဦးစခုံတိမ့်ယိမ်းလို ပန်ဝါ
လော်ဝေါ်  ၊လချိတ်အဖွဲ တွေ bgf အဖြစ် ရှိနေသလို
ဝါရစွတ် ပြည်သူ့စစ်လို အဖွဲ့တွေကလည်း တနိုင်းခွင်မှာ
လှုပ်ရှားကြပါတယ်။ 

အလားတူပဲ ရှမ်းမြောက် ယခင် Kiaတပ်မဟာ ၄
ဦးမထုနော်အဖွဲ့ ကလည်း Kia နဲ့ မပေါင်းပါဘူး သူ့နည်း
သူ့ဟန်နဲ့လှုပ်ရှားကြတာပါ။ 

ဆိုလိုတာက ကချင်ပြည်နယ်မှာ တပ်မတော်က ဆုတ်ခွါ
ပေးလို့ ကချင်ပြည်နယ် ငြိမ်းချမ်းလိမ့်မယ်
မထင်ပါနဲ့။  

Kia ရဲ့ ဂျိမ်းဖော်ကြီးစိုးတဲ့ ဝါဒ ကို တော်လှန် ကြ မည့်
တိုင်းရင်းသား လူမျိုးစုအဖွဲ့ငယ်တွေကလည်း အများကြီး
ရှိနေသေးတယ် ဆိုတာကို
ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာပါ။  

ဒါကချင်ပြည်နယ်ပါ။ ရှမ်းပြည်နယ်ဆို ပိုမိုး ဆိုးရွားပါတယ်။ 

နယ်မြေဒေသတစ်ခုတည်းမှာ လက်နက်ကိုင် အဖွဲ့တွေက
သူ့နည်းသူ့ဟန်နဲ့ ရပ်တည်လှုပ်ရှားနေကြတာ အများကြီးပါ။ 

SSPP/SSA ၊RCSS/ SSA ၊TNLA ၊MNDAAကိုးကန့် ၊MDAAမိုင်းလား၊
UWSA ဝ အများကြီးကျန်သေးတယ်ဗျ။ 

ပြည်သူ့စစ်ဖွဲ့ထားတာတွေကို BGF တပ်ဖွဲတွေ အပါအဝင်ပေါ့။ 

ဆိုလိုတာက တပ်မတော် မရှိရင်လည်း သူတို့ချင်း
နယ်မြေလုကြပြီး ပတ်လည်ရိုက်ပြီး တိုက်ပွဲတွေ ဖြစ်ကြတာပါ။ 

အလားတူပဲ ကရင်ပြည်နယ်မှာ KNU ရှိသလို
DKBA ၊KNLA၊BGF ၊KNDO အဖွဲ့တွေ ရှိသလို BGF တပ်ဖွဲ့
ဝင်တွေကလည်း သောင်းနဲ့ချီ ပြီး ရှိတာပါ။ 

ဒီလို လူမျိုးစုံ ပါတီစုံ လက်နက်ကိုင်မျိုးစုံ ရှိတဲ့ နိုင်ငံ
မျိုးဆိုတာ ထိရှလွယ်ပါတယ်။ 

အင်အားတောင့်တင်းခိုင်မာသော မြန်မာ့တပ်မတော်သာ
မရှိခဲ့ရင် ရှမ်းမူ ကြောင့်၁၉၆၂ခုနှစ်လောက်ကတည်းက မြန်မာပြည်ဟာ
ပြိုကွဲခဲ့တာကြပါပြီ။ 

အင်အားတောင့်တင်းသောတပ်မတော် ရှိခဲ့ရင်ပင်လျှင်

ပြည်ထောင်စု မပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲ
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့

မူဝါဒ ၃ရပ်ကို ခိုင်ခိုင်မာမာ မရပ်တည် ထားနိုင်ခဲ့ရင်
မြန်မာပြည်ဆိုတာ အစိပ်စိပ်အမွှာမွှာပြိုကွဲသွားဖို့က
အရမ်း လွယ်ကူပါတယ်။ 

တက်လာတဲ့ နိုင်ငံရေးပါတီ တွေဟာ ငြိမ်းချမ်းရေးကို
လုပ်ကြပါတယ်။ 

ယခင် USDP အစိုးရက NCA ကိုအကောင်အထည်
ဖော်ပေးခဲ့လို့ NCA လက်မှတ်ရေးထိုးကြပြီး မြန်မာပြည်
အောက်ပိုင်း တစ်ခုလုံး ငြိမ်းချမ်း ခဲ့ပါတယ်။ 

NLD အစိုးရ လက်ထက်မှာလည်း ၂၁ရာစုပင်လုံနဲ့
ငြိမ်းချမ်းရေးကို စတင်ခဲ့ပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်
လက်နက်ကိုင်တွေဟာ ခွဲထွက်ရေးကိုသာ
ဦးတည်ဆွေးနွေးကြလို့ Nld အစိုးရရဲ့ ၂၁ရာစုပင်လုံဟာ
မအောင်မြင်ခဲ့ပါဘူး။ 

ထိုသို့ မအောင်မြင်တဲ့ အပြင် Nldအစိုးရလက်ထက်မှာ
AAနဲ့ TNLA ကို Kiaက မွေးထုတ်ခဲ့ပါတယ်။ 

တပ်မတော်ကတော့ ခေတ်အဆက်ဆက် တိုင်းပြည်မပြိုကွဲဖို့
စစ်တိုက်ခဲ့ရပါတယ်။ 

နိုင်ငံရေးရည်မှန်းချက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု
ကိုသွားမယ် လို့ စာရွက်ပေါ်မှာရေးထားပေမဲ့လို့
လက်တွေ မှာ ပါတီနိုင်ငံရေး အကျိုးစီးပွါးကို လက်မလွှတ်
နိုင်တဲ့ အခါ တိုင်းရင်းသားတွေရဲ့ အခြေခံအခွင့်အရေး
ဖြစ်တဲ့ ပုဒ်မ ၂၆၁ ကိုပင်လျှင် မပြင်ဆင်နိုင်ခဲ့ပါဘူး။ 

ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီ မထား တစ်ပါတီစနစ်နဲ့
ခရီးဆက်ဖို့ မဲမသမာမှုတွေ အကြီးအကျယ်လုပ်တဲ့အခါ
ရှင်းလင်း၍ မနိုင်တော့သော အခြေအနေအထိ ဖြစ်ခဲ
တာပါ။ 

တကယ်တော့ မဲမသမာမှုကိုတွေကို ရှင်းလင်းဖို့ အခွင့်အရေး
အကြိမ်အရေးအများကြီး ရခဲ့တာပါ။ 

သမ္မတက UEC ကို တိုက်ရိုက် ထိန်းချုပ်ထားသလို
လွှတ်တော်နာယက ကလည်း Nld ဗဟိုကို မလွန်ဆန် နိုင်တဲ့အခါ

မပြီးသေးသော လွှတ်တော်ကိုဖျက် မရောက်သေးတဲ့
လွှတ်တော်ကို ကြိုတင်ခေါ်  နိုင်ငံတော်ရဲ့ အခြေခံဥပဒေကို
ပေါ့ပေါ့ဆဆ သဘောထားပြီး လုပ်ကိုင် တဲ့ အတွက်
အခြေခံဥပဒေ ပါအတိုင်း တပ်မတော်က နိုင်ငံတော်ကို
ခေတ္တ ထိန်းသိမ်းရပြီ Nldအစိုးရပြုတ်ကျခဲ့ရပါတယ်။ 

ဒါက နောင် တစ်ချိန်မှာ အစိုးရဖြစ်လာမဲ့ နိုင်ငံရေးပါတီတွေသည်
၂၀၀၈ အခြေခံဥပဒေပဲ ဖြစ်ဖြစ် အခြားအခြေခံဥပဒေပဲ
ဖြစ်ဖြစ် မိမိလိုသလို မပြင်ဆင်နိုင်ခင်စပ်ကြားမှာ 
ဥပဒေ ကို လေးစားလိုက်နာရမယ်ဆိုတဲ့ အသိ ရှိသွားကြဖို့
လိုအပ်ပါတယ်။ 

NLDပါတီ အခုမှ ဗုံးခွဲခဲ့တာ မဟုတ်ပါဘူး ၁၉၈၈ခုနှစ်နှောင်း
ပိုင်းနဲ့ ၂၀၂၁ ခုနှစ်ရွေးကောက်ပွဲကာလ အထိ ဗုံးတွေ 
တစ်ဒိန်းဒိန်းခွဲပြီး လူထုနဲ့ စစ်တပ်အကြား သွေးခွဲခဲ့တာ
ဟို့ယခင်ကတည်းကပါ။ 

ဒါတွေကို အကြိမ်ကြိမ်ရေသားတင်ပြခဲ့ဖူးပါတယ်။ 

ကိုအစိုးရဖြစ်ချိန်က ဥပဒေ ဘောင်အတွင်းကနေ စာရွက်ပေါ်
မှာ ရှင်းရင် ရပါရက်နဲ့ အဆင့်အတန်းမရှိတဲ့ နိုင်ငံရေးသမား
အဆင့်အတန်းနိမ့်ကျသော လော်ဘီတွေ ရဲ့ အတွေးအခေါ်
တွေစိမ့်ဝင်ပြီး လုပ်သင့်လုပ်ထိုက်တာကို မလုပ်ပဲ စစ်တပ်ကို
ရန်သူလိုမြင် မလုပ်သင့်တာ အကုန်လုပ်

မိမိပါတီ က ဥပဒေ ဘောင်အတွင်းကရှင်းလင်းဖို့ ၂၆ကြိမ်
ထက်မနည်း အခွင့်အရေး ရပါရက်နဲ့မလုပ်ကိုင်ခဲ့တဲ့ အခါ
ယနေ့ တိုင်းပြည် နစ်နာရပါတယ်။ 

အဖြစ်ကို မသိ ပုဂ္ဂိုလ်ရေးရှေ့တန်းတင် ပါတီနိုင်ငံရေး
အစွန်းရောက် လူတစ်စုက လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်
ကို သွားကြပြန်တော့ တစ်ခါ ကနေ ၂ခါ သေ ဖြစ်ရပြန်
ပါတယ်။ 

Fbပေါ်က အနုပညာရှင်တွေကို ဗန်းပြလိုက် အသိဥာဏ်မဲ့
လို့ တောထဲ ရောက်သူတွေကို ဗန်းပြလိုက် ဒီလိုနည်းနဲ့
တော်လှန်ရေးပါဆိုပြီး လုပ်ကြတဲ့အခါ ပြည်သူတွေ ပိုပြီး
နစ်နာခဲ့ပါတယ်။

၁၉၈၈ခုနှစ်ကတည်းကတော်လှန်ရေးလုပ်စီးပွါးရေးတွေ
ပိတ်စို့လာလိုက်တာ ဘယ်စစ်ဗိုလ်ချုပ် ဆင်းရဲသွားတာ
ခင်ဗျားတို့တွေ့ဖူးလို့လည်း။ 

CDMလုပ်ကြပါတဲ့ အခုဆို ရုံးတွေ ပါ ပိတ်ပေးထားပြီး
လစာပါ အလကားနည်းပါး ပေးထားပါသေးတယ် ဘယ်နှစ်လ
ရှိပြီလည်း။ 

ပြည်သူ့ဝန်ဆောင်မှုကို တိုက်ခိုက်တာလား စစ်တပ်ကို
တိုက်ခိုက်တာလား နားမလည်တဲ့ လူတစ်စုကြောင့် နောက်ဆုံး
ပြည်သူပဲ နစ်နာခဲ့ရပြန်ပါတယ်။ 

ပါစပ်က ဒီမိုကရေစီ ပါတီ မတူရင်အကြမ်းဖက် ဒီဝါဒနဲ့
တော်လှန်ရေးလုပ်မှတော့ မြန်မာ အာဆီယံ နဲ့ ကမ္ဘာကလည်း
အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ သတ်မှတ်ကြမှာပါ။ 

အဲ့တော့ Nld ဆိုတာ သူလမ်းသူသွားတာပါ။ သူ့လမ်းသူ
မသွားတတ်လို့ ပြုတ်ကျ တာဖြစ်ပြီး မဲပေးခဲ့တဲ့ လူစုက
လိုက်ဆည်ပေးလို့လည်း မရနိုင်တော့ဘူးဆိုတာ နားလည်
ကြဖို့လိုပါတယ်။ 

၂နှစ်ဆိုတဲ့ကာလဟာ မကြာပါဘူး။ အကယ်၍ နိုင်ငံရေးကို
စိတ်ဝင်စားတယ် ဆိုရင် မိမိနိုင်ငံ အကြောင်း လူမျိုးစုများ
အကြောင်း လက်နက်ကိုင်အဖွဲ့များအကြောင်း သိအောင်
လေ့လာ ပါ။ 

မိမိနိုင်ငံရဲ့တပ်မတော်၏ မူဝါဒများ ဥပဒေ များကို
လေ့လာပါ ဆင်ကန်းတောတိုး emotion တော်လှန်ရေး
လုပ်ကြရင်ဖြင့် ဘဝ တွေ နစ်မွန်းပါလိမ့်မယ်။ 

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ပေါက်
ဖို့ ရည်ရွယ်တယ် ဆိုရင် လက်နက်ကိုင် လမ်းစဉ်နဲ့
ဥပဒေ ပြင်ပကနေ သွားလို့မရဘူးတာတာ
လူတိုင်းသိထားဖို့ လိုပါတယ်။ 

အယူအဆအမျိုးမျိုးနဲ့ အဖွဲ့ပေါင်းများစွာသော လက်နက်ကိုင်
တွေကို ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ မူဘောင်ထဲက
ထိန်းသိမ်းထားတဲ့ တပ်မတော် ဆိုတာ အမျိုးသားရေးကို
ဘယ်တော့မှသစ္စာဖောက်မှာ မဟုတ်ကြောင်း တင်ပြလိုက်
ပါတယ်။ 

Kyaw Swar