Wednesday, September 1, 2021

#နတ်ပြည်_၆_ထပ်


၁။ #စတုမဟာရာဇ်နတ်ပြည်
- အကြီးမှူး • ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ နတ်မင်းကြီး ( ၄ )ပါး
- နတ်သက်နှစ်( ၅၀၀ )၊ လူသက်တမ်း ( ၉ )သန်းနှစ်
- စတုမဟာရာဇ်နတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၅၀ )

၂။ #တာဝတိံသာနတ်ပြည်
* မြတ်စွာဘုရား၏ ဆံတော်၊ မကိုဋ်တော်နှင့် လက်ယာအထက် စွယ်တော် ကိန်းဝပ်တော်မူသည့် ယူဇနာတစ်ရာမြင့်၍ မြသားစေတီဖြစ်သော စူဠာမဏိစေတီ၊
* ပဏ္ဍကမ္ပလာ မြကျောက်ဖျာ( သိကြားမင်းထိုင်သော ကျောက်ဖျာ )၊
* ရတနာ( ၇ )ပါးနှင့် စီချယ်ထားသည့် ဝေဇယန္တာပြာဿဒ်၊
* လှပဆန်းကျယ်၍ နှစ်သက်ဖွယ်ရာတို့နှင့် ပြည့်စုံသည့် နန္ဒာရေကန်နှင့် ဥယျာဉ်ကြီး ( ၅ )ခုတို့ ရှိပါသည်။
- အကြီးမှူး • မာဃသိကြားမင်း
- နတ်သက်နှစ်( ၁,၀၀၀ )၊ လူသက်တမ်း ( ၃.၆ )ကုဋေနှစ်
- တာဝတိံသာနတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၁၀၀ )

၃။ #ယာမာနတ်ပြည်
- အကြီးမှူး • သုယာမနတ်မင်း
- နတ်သက်နှစ်( ၂,၀၀၀ )၊ လူသက်တမ်း ( ၁၄.၄ )ကုဋေနှစ်
- ယာမာနတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၂၀၀ )

၄။ #တုသိတာနတ်ပြည်
* ဘုရားအလောင်းတော်နတ်သား၊ ဘုရားအလောင်းတော်နတ်သား၏ မယ်တော်တို့ စံမြန်းလျက် ရှိပါသည်။
* အနာထပိဏ်သူဌေး စသည်တို့ ကွယ်လွန်ပြီးနောက် သူတော်ကောင်း ပုဂ္ဂိုလ်များ စံမြန်းရာ နတ်ပြည် ဖြစ်ပါသည်။
- အကြီးမှူး • သန္တုဿိတာနတ်မင်း
- နတ်သက်နှစ်( ၄,၀၀၀ )၊ လူသက်တမ်း ( ၅၇.၆ )ကုဋေနှစ်
- တုသိတာနတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၄၀၀ )

၅။ #နိမ္မာနရတိနတ်ပြည်
- အကြီးမှူး • သုနိမ္မိတနတ်မင်းကြီး
- ဝိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရား ဖြစ်ရသည်။
- နတ်သက်နှစ်( ၈,၀၀၀ )၊ လူသက်တမ်း ( ၂၃၀.၄ )ကုဋေနှစ်
- နိမ္မာနရတိနတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၈၀၀ ) 

၆။ #ပရနိမ္မိတဝသဝတ္တီနတ်ပြည်
* မြတ်စွာဘုရားရှင်နှင့် သူတော်ကောင်းများကို အမြဲတမ်း လိုက်လံ နှောက်ယှက်သည့် မာရ်နတ်မင်းသည် ဤနတ်ဘုံတွင် သီးသန့် ဗိမာန်ဖြင့် စံမြန်းလျက် ရှိသည်။
- အကြီးမှူး • ဝသဝတ္တိနတ်မင်း
- နတ်သက်နှစ်( ၈,၀၀၀ )၊ လူသက်တမ်း ( ၉၂၁.၆ )ကုဋေနှစ်
- ပရနိမ္မိတဝသဝတ္တီနတ်သက်( ၁ )ရက် = လူသက်တမ်း နှစ်( ၁,၆၀၀ )

နတ်ပြည် ( ၆ )ထပ်သည် ( ၃၁ )ဘုံအတွင်း၌သာ ရှိသောကြောင့် နတ်သက်ကုန်၍ ဆုတေလျှင် သံသရာတွင် မိမိတို့ ဆောင်ရွက်ခဲ့သည့် ကုသိုလ်၊ အကုသိုလ် အကြောင်းတရားများအပေါ် မူတည်၍ ( ၃၁ )ဘုံရှိ ဘဝမျိုးစုံသို့ ရောက်ရှိပြီး ဘဝအသစ်ကို တစ်ဖန် ကျင်လည် ကြရပါသည်။

သို့ပါ၍ ( ၃၁ )ဘုံမှ အပြီးတိုင် ကင်းလွတ်ကာ ဘဝအသစ် ထပ်မံ မရှိတော့သည့် မြတ်နိဗ္ဗာန်ကို ရရှိရန် ရည်သန်၍ ဖြစ်၊ ပျက် ချုပ်ငြိမ်းစေနိုင်သော ဝိပဿနာတရားများကို ကျင့်ကြံ၊ အားထုတ်၊ ပွားများပြီး နိဗ္ဗာန်ခရီးသို့ ပေါက်မြောက် အောင်မြင်သည့် သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။

စေတနာမွန်ဖြင့် -

#ဦးမြင့်ခိုင် & #SaiMyoWin , SAI MYO WIN
https://www.facebook.com/sai.myowin.731