Wednesday, August 25, 2021

ကျနော်ပြောပြချင်တာ နိုင်ငံတွေရဲ့ အကျယ်အဝန်းပါ။


UN မှာ အဖွဲ့ဝင် နိုင်ငံပေါင်း
၁၉၈ နိုင်ငံ ရှိတယ်။
အဖွဲ့မဝင် နိုင်ငံတွေ ကမ္ဘာပေါ်မှာ ရှိပါသေးတယ်။

ကိုယ်နေထိုင်တဲ့ မြန်မာပြည်ဟာ ဘယ်အဆင့်ထိ ရှိသလည်း ?
ဘယ်လောက်ထိ အရေးပါသလည်း ?
ကျနော်တို့ ဘယ်လိုကာကွယ်ကြမှာလည်း?
တွေးကြည့်စေလိုတယ်ဗျာ၊

မြေအကျယ်အဝန်းပိုင်ဆိုင်မှု အများဆုံး ကနေ အနည်းဆုံး နိုင်ငံတွေကို အထက်မှ
အောက်သို့ တန်းစီလိုက်မယ်ဆိုရင် .....

(၀.၆၇၆ M km2) ကျယ်ဝန်းတဲ့ မြန်မာ နိုင်ငံက ကမ္ဘာပေါ်မှာ မြေအကျယ်ဆုံး
အဆင့် (၄၀)မှာ ရှိပါတယ်။

(၁၇ M km2) ရှိတဲ့ ရုရှားက ကမ္ဘာမှာ
မြေအကျယ်ဆုံး နိုင်ငံဖြစ်တယ်။

သူ့နောက်မှာတော့
ကနေဒါ က (၉.၉ M km2)၊
တရုတ် က (၉.၇ M km2) နှင့်
အမေရိကန်ပြည်ထောင်စု က (၉.၃ M km2) နဲ့ အစဉ်အတိုင်း မတိမ်းမယိမ်း ကျယ်ဝန်းတယ်။
ဒီကိန်းဂဏန်းတွေကို လေ့လာရတာ
စိတ်ဝင်စားဖို့ ကောင်းပြီး မထင်မှတ်တဲ့
အတွေးတွေကို ဖြစ်စေပါတယ်။

အရှေ့တောင်အာရှ (၁၁) နိုင်ငံမှာ
အကျယ်ဆုံးက အင်ဒိုးနီးရှား ဖြစ်တယ်။
(၁.၉ M km2) ကျယ်ဝန်းတယ်။

မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှမှာ
ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်တယ်။

မြန်မာဟာ ယူကရိန်း၊ ဆွီဒင်၊ ကင်ညာ၊
ပြင်သစ်၊ ထိုင်း နိုင်ငံတွေထက် ပိုမို
ကျယ်ဝန်းတယ်။

ပြီးတော့ မြန်မာနိုင်ငံက
ဂျပန်၊ ဂျာမဏီ၊ ဖင်လန်၊ ဗီယက်နမ် ၊ နော်ဝေ၊ ပိုလန်၊ အီတလီ တို့ထက်
(၂)ဆ ခန့် ပိုကျယ်တယ်။

ယူကေ၊ ယုဂန်ဒါ၊ ဂါနာ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့
ငါးပုံ နှစ်ပုံခန့်သာ ကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ရှမ်းပြည်နယ်ဟာ(၀.၁၅၅ M km2)
ကျယ်ဝန်းပါတယ်။
ရှမ်းပြည်နယ်ဟာ
ဘဂ်လားဒေ့ရှ်၊ နီပေါ၊ မြောက်ကိုရီးယား ၊
ဂရိ၊ တောင်ကိုရီးယား၊ အင်္ဂလန် နိုင်ငံ တွေ ထက် ပိုမိုကျယ်ဝန်းတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကျယ်ဆုံးဖြစ်တဲ့
စစ်ကိုင်းတိုင်း ဟာ (၀.၀၉၃ M km2)ရှိပြီး
ဟန်ဂေရီ နှင့် ပေါ်တူဂီနိုင်ငံတွေထက်
အနည်းငယ် ပိုမိုကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကျယ်ဆုံး
ကချင်ပြည်နယ်ကတော့ (၀.ဝ၈၉ M km2) ကျယ်ဝန်းပြီး ဂျော်ဒန် နိုင်ငံ နှင့်
အတူတူနီးပါး ရှိပါတယ်။ ကချင်ပြည်နယ်ဟာ
ပနားမား၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ သီရိလက်ာ၊ လစ်သူရေးနီးယား၊ တိုဂို၊
ခရိုအေးရှား၊ ဆလိုဗေးကီးယား နိုင်ငံတွေ ထက် ပိုမိုကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ စတုတ္ထ နှင့် ပဉ္စမအကျယ်ဆုံး
ဖြစ်တဲ့ မကွေးတိုင်း နှင့် တနသ်ာရီတိုင်းက တော့ (၀.ဝ၄၄ M km2) ကျယ်ဝန်းပြီး
ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံ တွေထက် အနည်းငယ် ပိုကျယ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆဌမ အကျယ်ဆုံး
ပဲခူးတိုင်းကတော့(၀.ဝ၃၉၄ M km2)
ကျယ်ဝန်းပြီး ဘူတန် ၊တိုင်ဝမ် နိုင်ငံတို့ နှင့်
အတူတူနီးပါး ရှိပါတယ်။

မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့က
ဘယ်ဂျီယံ၊ အာမေးနီးယား၊ အစ္စရေး၊
ဆလိုဘေးနီးယား၊ ကူဝိတ်၊ မွန်တီနီဂရိုး
နိုင်ငံများထက် ပိုမိုကျယ်ဝန်းပါတယ်။

မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန် တိုင်းတို့က ကာတာ၊ ဂျမေကာ၊ လီဘနွန်၊
ဂမ်ဘီယာနိုင်ငံတွေနဲ့ မတိမ်းမယိမ်း ရှိပါတယ်။

မွန်ပြည်နယ်ထဲက ရေးမြို့နယ် ဟာ
(၂၇၂၀ km2) ကျယ်ဝန်းတာမို့
ဟောင်ကောင်(Hong Kong) ထက်
(၂)ဆ ကျော် ပိုမိုကျယ်ဝန်းပါတယ်။

စင်ကာပူနိုင်ငံ ဟာ (၇၁၀ km2) ကျယ်ဝန်းပြီး၊
မွန်ပြည်နယ်ထဲက ချောင်းဆုံးမြို့နယ်
(ဘီလူးကျွန်း) က(၆၅၈ km2) ကျယ်ဝန်းတာမို့ အကျယ်အဝန်းချင်း သိပ်မကွာပါ။

မြန်မာနိုင်ငံဟာ အဂ်လန်နိုင်ငံထက်
(၅)ဆ ပိုကျယ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အင်ဂ်လန်(England),
စကော့တလန် (Scotland), ဝေး(Wales) နှင့်
မြောက်အိုင်ယာလန် (Northern Ireland)တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ယူကေ
(UK, United Kingdom)ထက်ကို
(၂.၇)ဆ ပို ကျယ်ဝန်းပါတယ်။

(M= Million)

မိတ်ဆွေ
ဒီ status ကို ဖတ်ပြီးရင် ကိုယ့်မြေ ကိုယ့်ရေ အတွက် အသက်စွန့်ကာကွယ်နေကြသူတွေကို
မိတ်ဆွေ အပြစ်တင်တာတွေ
လျော့လာနိုင်ပါလိမ့်မယ်ဗျာ

#မောင်သစ္စာ




Related Posts:

  • * Mine Clear Up ပေးပါ *ဒီနေ့ မရန်းကုန်းမြို့နယ် လျှပ်စစ်မီတာရုံးသို့ နေ့လည် ၁နာရီ ၁၀မိနစ်ချိန်ရောက်ရှိပြီး မီတာဆောင်ရန်တန်းစီနေစဉ် EPCမှဝန်ထမ်းတစ်ဦးမှ ဝင်ပေါက်ရှိ လက်ဆေးဘေစင်အောက်တွင် လက်ဆွဲအိပ်(အဝါရောင်) ၁လုံးထားရှိသည်ကို တွေ့ရသဖြင့် မီတာခလာရောက်ပ… Read More
  • မေရိကန် မြန်မာကိုအကြံပက်စက်နေပြီ NUG, PDF ပြိတ္တာဘဝရောက်မယ်ကြာရင်။Maung Maung … Read More
  • #ဝသုန်မြေကိုချစ်သူများ"၁၈-နှစ်ကလေးက မဲပေးခွင့်ရလာရင် သူတို့ဘာလုပ်မလည်း?ပြည်နယ်တောင်းမယ်၊ပြီးရင် ဘာလုပ်မလည်း?ပြည်သူ့ဆန္ဒခံယူပွဲခေါ်မှာ၊ခေါ်ပြီးရင် ဘဂ်လားဒေ့ရှ်နဲ့ ပေါင်းမှာလား,အာဖကန်နစ္စတန်နိုင်ငံတစ်ခု ထူထောင်မလားဆိုတာ သူတို့ဆုံးဖြတ်တော့မှာ၊အဲဒီအခါ… Read More
  • ဦးနိုင်စိုး (22.10.2021) Read More
  • သတင်းထုတ်ပြန်ချက်( ၂၂-၁၀-၂၀၂၁ ရက် ၊ နေပြည်တော် )အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့ တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊  ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေး နှင့် ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်န… Read More