Sunday, August 29, 2021

....... တာဝန်ကျေပါစေ ငါ့ညီ........


🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

လက်နက်..ကျည်ကာ..ခဲယမ်းနဲ့ စစ်ဝတ်
တန်ဆာပလာတပ်ဆင်ပြီး 
တပ်ပြင်ထွက်ပြီဆိုကတည်းက
မင်းအသက် တစ်ဝက်သေနေပြီငါ့ညီ
သည်နိုင်ငံမှာ.. မင်းကစစ်သား..
တပ်ပြင်ထွက်သွားတာနဲ့.. ဘယ်အရပ်သားမှ
မယုံပါနဲ့.. ပြတ်ပြတ်သားသားလုပ်ပါ...
မင်းနဲ့ ဘယ်လောက်ခင်ခင်.. ပြည်သူလို့
၅၀%ပဲသဘောထား.. ကျန် ၅၀%မှာ 
သူဟာမင်းရဲ့ရန်သူ....
အချိန်မရွေးတိုက်ခိုက်လာနိုင်ပါတယ်...
တိုက်ပွဲဝင်အသင့်ဖြစ်ပါစေ...

တစ်ခုပဲသတိထား....
ရန်သူတစ်ရာလွတ်ချင်လွတ်သွားပါစေ...
အပြစ်မဲ့ပြည်သူတစ်ယောက်..အပ်ပေါက်ရာလေးမျှ
မထိခိုက်စေနဲ့...

မသေချာရင်မပစ်ပါနဲ့....
သေချာအောင်စစ်ပါ.....
ဘယ်သူ့ကိုမှမျက်နှာသာမပေးပါနဲ့...
ယဥ်ကျေးစွာပြောဆိုဆက်ဆံပါ

ပြည်သူ့ပစ္စည်းဆို..အပ်တိုတစ်ချောင်းမျှ 
စိတ်ကလေးနဲ့တောင် မပြစ်မှားရ.....
လိုချင်သပဆို.. ရန်သူကိုမိအောင်ဖမ်းပါ...
မင်း..အရေခွံခွာနေလည်း..ငါအပြစ်မပြောလို...

အရာရာကိုမသင်္ကာစိတ်နဲ့ လေ့လာဆန်းစစ်ပါ
မင်းမှာ အသက်အပိုမပါဘူး ငါညီ....

ပြည်သူကို..စောင့်ရှောက်ပါ...
မိမိကိုယ်ကို ကာကွယ်ပါ..

မင်းပေါ့ဆလို့မင်းသေတာ ပြသနာမဟုတ်ပေမဲ့
ငါတို့ရဲ့ အဖွဲ့အစည်းသိက္ခာမချပါနဲ့
တာဝန်ကျေပါစေငါ့ညီ...

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

🌝🌝🌝🌜လမင်းမောင်🌛🌝🌝🌝


Related Posts:

  • နွားခိုး နှိမ်နင်းရေး ဗျူဟာ စပြီ       ဟိုတုန်းကရေးဖူးတယ် ။ နဝတလက်ထက် နွားခိုးတွေ သောင်းကျန်းတော့ ရွာထဲ နွားခြေပျောက်ရင် ရွာသားတွေကို ဖော်ခိုင်းတယ် ။ ရွာညီပြီး မဖော်ရင် တရွာလုံး ဖျက်ပစ်တယ် ပြီးရော ။ ဒီလိုနဲ့ နောက်ဆို ကိုယ့်ရွာသား နွားခိုးလာတာနဲ့ စစ်တပ်ပြေးတ… Read More
  • သမိုင်း ထဲက သမိုင်းမှန်အောင်ဆန်း-အက်တလီစာချုပ်( 27-1-1947)1945-46 ရွှေဒဂ်ါး သန်း    ၈၀1946-47 ရွှေဒဂ်ါး သန်း    ၇၅----------------------------          Total.                ၁၅၅     အကြွေးလျှော်          -   ၁၅-----------------------------         … Read More
  • အကြောင်းရင်းကို ရှာသောအခါဝယ်          ဒီကနေ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရဲ့ အခြေအနေ နဲ့ တပ်မတော်ရဲ့ အနေအထား ၊ လုပ်ဆောင်ချက်တွေကို သုံးသပ်ကြည့်မိပါတယ် ။          ၈၈ တပ်မတော်ရဲ့ လုပ်ဆောင်ချက်များဟာ ပထမဆုံး နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် စတင်ကိုင်တွယ်ပါတယ် ။… Read More
  • UN & UEC Vs NLD         ပထမဆုံး 14-9-2021 က UN မှာ ဆုံးဖြတ်မယ်ဆိုတဲ့ ကိစ္စ အတွက် နှစ်ဖက်လုံးက နိုင်ပြီ ဆိုပြီး ဝေလေလေ ထအော်နေကြပါတယ် ။ တကယ်တန်းကတော့ နစက အတွက် UN ရဲ့ ဆုံးဖြတ်ချက်က ဘာရလာဒ်ပဲ ထွက်ထွက် ရင်ခုန်စရာ မလိုတဲ့ အနေအထားပါ ပဲ ။        … Read More
  • ▪️အဘတို့က အင်္ဂလိပ်စာ တအားညံ့တယ်။🙄▪️ဘာကြောင့်လဲဆိုတော့     လူဖြူမလေးနဲ့ ဖူးစာမဆုံတာမို့ပါ။😁▪️တွေးကြည့်လေ။      အချို့‌ခေါင်းဆောင်တွေဆို      လူဖြူကောင်လေးတွေနဲ့ညားတယ်ကွာ။😁     မနက်လင်းတာနဲ့ good morning ကနေစပြီး     မနက်စာစားမယ်၊ နေ့လည်ဘာချက်ပေး၊     အိမ်သန… Read More