Saturday, August 28, 2021

ဆရာမျိုး၀င်း ပွဲစားလုပ်မည်😋😋 ကဲ လာပြီနော်


      ပြည်ဖျက် PDF သတင်းတွေ အတိအကျ ဖော်ထုတ်ပေးရင် အနည်းဆုံး ၅ သိန်းတဲ့ ဗျာ ။ 

       အလုပ်အကိုင် ရှားပါးလို့ စိတ်ညစ်နေသလား PDF မုဆိုး လုပ်ကြည့်ပါ ။ သတင်းပေးမယ့်သူအတွက် လုံခြုံမှု ရှိဖို့ဆိုတာ နယ်ခံရဲစခန်းက အရေးကြီးပါတယ် ။

      အမည် နေရပ် မှတ်ပုံတင် နဲ့ သတင်းပေးရင် လှို့ဝှက်ထားမယ်လို့ ဆိုပါတယ် (အရေးကြီးတာ နယ်မြေခံရဲရဲ့ သစ္စာရှိမှုပါ ဖရဲသီး ဖြစ်နေရင်တော့ သေပြီဆရာပဲ)

        အမည် နေရပ် မဖော်ပြလည်း အရေးယူပေးလို့ သတင်းမှန်ကန်ပြီး ဖမ်းမိခဲ့ရင် အနည်းဆုံး ၅ သိန်းကနေ ဖမ်းမိတဲ့ ပမာဏအရ ထပ်ပြီး ချီးမြှင့်မတဲ့ ၊ အုံလိုက်မိရင် ထောပြီ ဗျာ ။ 

        သတင်းပေးဖို့ ကြောက်နေသလား..? လုံခြုံရတဲ့ တိုင်ကြားရန် နေရာ အဆက်အသွယ် ခက်ခဲနေသလား ကျနော့်ဆီ လာခဲ့ပါ ။ တိကျမှန်ကန်ရင် ကူညီပါ့မယ် ။ 

       ဆုကြေးကိုတော့ နည်းနည်းခွဲပေးရမယ် နော်😁😁😁

        ကဲ မိမိဝန်းကျင်က ကာလအတန်ကြာ ပျောက်နေပြီး ယခုမှ ပြန်ရောက်နေသူတွေ ၊ သူစိမ်းတွေ ရှိနေရင် သတင်းပေးလို့ ရပါပြီ ။ 

      ကိုရွှေမျိုးဝင်း

 (သတင်းသေချာအောင် လေ့လာပြီး ဆုကြေးချည်း မက်မနေနဲ့ လှူလို့ အလကားရမယ့် နာနတ်သီးထက် နောက်က ဓားလည်း ကြည့်ရှောင်နိုင်အောင် အကင်းပါးကြပါ)

Related Posts:

  • အကုသိုလ်ပါတီ 🍁ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်ဟောင်းကြီးတွေ နောင်တရနေတာတွေ့တော့ တကယ်ကို တရားကျမိပါတယ်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားခဲ့ကြသူတွေပဲဖြစ်ဖြစ်၊ ဟုတ်လိမ့်နိုးနဲ့ အကြမ်းဖက်မိရာက မိုက်ပြစ်ခံရတဲ့လူ‌တွေပဲဖြစ်ဖြစ် အားလုံးဟာ မြန်မာန… Read More
  • ညီတော် နောင်တော်များအမှတ်ရနေစေဖို့....🙏🙏🙏၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့၏။တူရကီနိုင်ငံခြားရေး ဝန်ကြီးဟာအိုအိုင်စီရဲ့ အတွင်းရေးမှူးဖြစ်ပြီးရခိုင်ပြည်နယ်၌ ဘဂ်ါလီဒုက္ခသည်တွေကို ကူညီနိုင်ရန် မြန်မာနိုင်၌အို… Read More
  • ယနေ့ သတင်းစာရှင်းလင်းပွဲကောက်နုတ်ချက် ပညာရေး၁။  အခြေခံပညာကျောင်းတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေစပြီးဖွင့်နေပြီ ဖြစ်တယ်။ မူလတန်းကျောင်း ၂၅၀၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၅၀၀၀ကျော်နဲ့ အထက်တန်း ကျောင်း ၆ ထောင်ကျော်၊ စုစုပေါင်း ၄၇၀၀၀ ကျော်ရှိတဲ့အထဲကနေ ၄၂၀၀၀ ကျော် ဖွင့်န… Read More
  • ဝေဒနာ နဲ့ စေတနာ ယှဥ်ကြည့်ကြအုံး......ရွှေပြည်သာ Q စင်တာကို ရွှေပြည်သာ ကြက်ခြေနီ လူငယ်တွေက ၂၀၂၀ ကတည်းက ကိုယ့်စားရိတ်နဲ့ကို တတ်စွမ်းရှိသရွှေ့ အပင်ပန်းခံ ဖွင့်လှစ်ပေးခဲ့ကြတယ် ။       ပရဟိတ မှန်သမျှ သူ့လက်အောက်ဝင်ရမယ်ဆိုတဲ့ ဒေါ်စုကြည်ရဲ့ လက… Read More
  • အနှစ်ချုပ် ကောက်ချက်များ- ကျောင်းပေါင်း ၄၂၀၀၀ ဖွင့်ထား ၊ ရခိုင်မှာ ၈၀ % ကျော် ကျောင်းတက် ။(ဒီတော့ ပြည်မမှာ ကျောင်းသား အနည်းငယ်ပဲ ကျောင်းတက်နေသေးတယ် ဆိုတာ ပေါ်လွင်နေပါတယ် ၊ ဘယ်လိုစီမံမလဲ စဥ်းစားကြရမယ့် အချက်ပါ ၊ အဆိုးထဲက အကောင်းကတော့ covid အတွက် အထွေ… Read More