Friday, August 27, 2021

အနှစ်သာရကို ဖျက်ဆီးပစ်တယ်


သတင်းစာရှင်းလင်းပွဲ ပထမပိုင်းအပြီး ဒုတိယပိုင်း မေးမြန်းခန်း အစီအစဉ်ကို ဖြတ်ချပစ်တာဟာလည်း အဘရဲ့ အကွက်တွေပဲလား။ ကောင်းနေ လှနေတုန်းပဲလား။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းခန်းအစီအစဉ်ဟာ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအကျဆုံး အနှစ်သာရတစ်ခုပါ။ ဒီအစီအစဉ်ကိုရောက်မှ ဖြတ်ချပစ်လိုက်တာဟာ သတင်းစာရှင်းလင်းပွဲရဲ့ အနှစ်သာရကို ဖျက်ဆီးပစ်လိုက်တာပါပဲ။

သတင်းစာရှင်းလင်းပွဲဆိုတာ အမှန်တရားကိုရှာရာ လမ်းစတစ်ခုပါ။ မေးမြန်းခန်းအစီအစဉ်အစမှာ မေးခွန်းတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကန့်သတ်တာဟာလည်း မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ သတင်းထောက်ဆိုတာ အကွက်စေ့အောင် မေးလိမ့်မယ်။ မေးသမျှဖြေရမယ်လို့လည်း ဥပဒေနဲ့ ပြဋ္ဌာန်းမထားပါဘူး။ မဖြေသင့်တဲ့ မေးခွန်းဆိုပါက အကျိုးအကြောင်းရှင်းပြပြီး ငြင်းဆန်လို့ရပါတယ်။

နိုင်ငံပိုင်ရုပ်သံတွေက ဖြတ်ချပစ်လိုက်ရင်လည်း မီဒီယာတွေက လွှင့်နေတာပဲလို့ ချေပဖို့မကြိုးစားပါနဲ့။ ရုပ်/သံကြည့်နေရင်း ဖြတ်ချပစ်လိုက်လို့ အင်တာနက်ဖွင့်ပြီး ကြည့်မယ့်သူက ဆယ်ယောက်မှာ တစ်ယောက်ပဲ ရှိပါလိမ့်မယ်။ သတင်းစိုးမိုးမှုမရှိလို့ အကြိမ်ကြိမ်ခံနေရတာကို နစကရဲ့ ပြန်ကြားရေးဋ္ဌာနက သဘောပေါက်ဟန်လည်း မတူပါဘူး။ မျက်နှာမည်းကြီးနဲ့ စဆရကလုပ်ဖို့ပဲ သူတတ်တယ်။

နဝတအစိုးရ တာဝန်ယူစမှာ ထိုစဉ်က နဝတအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်ခင်ညွန့်ဟာ သတင်းစာရှင်းလင်းပွဲ အကြိမ်ရေပေါင်း နှစ်ရာကျော်အထိ လုပ်ခဲ့ကြောင်း သိရပါတယ်။ တစ်လပျမ်းမျှ (၁၀)ကြိမ်ထက်မနည်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း မှတ်သားခဲ့ဖူးပါတယ်။ လက်ရှိအစိုးရကတော့ တစ်လတစ်ကြိမ်သာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုတောင် မနည်းဟဲနေရတာကို တွေ့ရပါတယ်။

#Nay Thurain


Related Posts:

  • မပြတ်သားရဲတဲ့ ကုလ နဲ့ NUG ရဲ့ ပန်ဒိုရာ box      ကုလဆိုင်ရာမြန်မာကိုယ်စားလှယ် ရွေးချယ်ရေး အစီအစဉ် စိစစ်ရေးကော်မီတီ ဆိုင်းငံ့            ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်က… Read More
  • ခန့်မှန်း နိုင်ငံရေး         မနေ့က ဒေါ်စုကြည်အား အမိန့်မချဖြစ်သည့် အပေါ် ဝေဖန်နေကြရာမှာ လေလှိုင်း တရားသူကြီး များစွာကိုလည်း တွေ့ရပါတယ် ။ တဖန် ည ၈ နာရီ သတင်းမှာ ရဟတ်ယာဥ် ဝယ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ နှစ်တန် ပုဒ်မ ထပ… Read More
  • ပရဟိတ မုန်တိုင်း            ယနေ့ ပရဟိတကဏ္ဍကို လှုပ်ခတ်နေတဲ့ ပြဿနာက အသုံးပြုနေသော မော်တော်ယာဥ်များအား လိုင်စင်မရှိလျှင် အရေးယူမည်ဆိုတဲ့ အမိန့်ကြောင့် ဖြစ်ပါတယ် ။      မြန်မာ့ ပရဟိတအဖွဲ့တွေ ပေါ… Read More
  • ဘာတွေ ပူပန်နေကြတာလည်း         ခရီးထွက်ပြီး ပြန်ရောက်တော့ ပင်ပန်းတာနဲ့ အိပ်ကောင်းနေတုန်း ငမျိုး ရေ ငမျိုး ဆိုတဲ့ အာပြဲသံကြီး နဲ့ အိမ်ရှေ့က အော်နေတဲ့ ကိုစိုးကြောင့် လန့် နိုးပြီး ကပျာကရာ မျက်နှာသစ်ပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ… Read More
  • Messenger က စာတစောင်            {စာတွေဝင်ဖတ်လိုက်ရရင် စိတ်ခွန်အားတွေပေးလို့ကျေးဇူးတင်ပါတယ် ကျမက နီးပိန်းပါတ်ချာလည်ဝိုင်းနေတဲ့နေရာမှာ မဖြစ်မနေ နေရတဲ့သူပါ ကုန်ကုန်ပြောရရင် ကျမခင်ပွန်းကအစ နီပိတ်ပိန်းပါ တခုလေးပြောပြချင်… Read More