Thursday, August 26, 2021

မျိုးချစ်စိတ် နဲ့ အမုန်းမျိုးစေ့


         ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာများဟာ ယခုဆိုလျှင် အနာ နဲ့ ဆေး တဲ့နေပြီ ဖြစ်ပါတယ် ။ တပ်မတော် က လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိမယ် ၊ လုပ်ဖို့လည်း ဆုံးဖြတ် ညွှန်ကြားထားပြီ ဆိုရင် ကျနော်တို့ ပူပန်စရာ မလိုတော့ပါဘူး ။ အချိန်တန်ရင် ပြီးသွားပါလိမ့်မယ် ။

       ဆူပူအကြမ်းဖက်မှုတွေ ပြီးသွားတော့ ဖွံ့ဖြိုး တိုးတက်မှု နဲ့ ပြန်လည်ထူထောင်ရေး အတွက် တွေးတောကြံစည်ကြရပါပြန်ပါပြီ ။ 

      ယနေ့ ဖြစ်နေသော ပြဿနာ ရဲ့ အဓိက ဇစ်မြစ်သည်ကား မျိုးချစ်စိတ် ကုန်ခမ်းနေသောကြောင့် အထွေထွေသော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ် ။ 

       မျိုးချစ်စိတ်ကုန်နေတဲ့ ရောဂါကို ပညာရေးကဏ္ဍမှသာ အကောင်းဆုံး ကုသပေးနိုင်ပါမယ် ။ အချိန်ယူရမှာ ဖြစ်ပေမယ့် မလွဲမသေ လုပ်ကြရပါမယ် ။ 

        ပညာရေးကဏ္ဍမှာ ယနေ့ CDM နာမည်ကြီး ဆေးလောကကို ကြည့်ပါ ၊ ကျနော်ကြားရသလောက်ကတော့ ဆရာဝန် ၆၅ % သည် တရုတ်သွေးစပ် ကပြားများ ဖြစ်တယ်လို့ ကြားသိရပါတယ် ။ မှန် မမှန်ကတော့ ဆရာဝန်လောကမှ ပုဂ္ဂိုလ်များ သိပါလိမ့်မယ် ။ 

        ဒီအချက်သာ မှန်ခဲ့ရင် နောင်တချိန်မှာ ဆေးလောက အတွက် ကျောင်းသားရွေးချယ်ရာမှာ သွေးနှော နဲ့ မျိုးချစ်စိတ်ကို ဦးစားပေး စီစစ်ရွေးချယ်ဖို့ လိုအပ်လာပြီလို့ ဆိုချင်ပါတယ် ။

       အဓိက ပြောချင်တာက ပညာရေး လောကပါပဲ ။ အနာဂါတ်ခေါင်းဆောင်လောင်းတွေကို ပျိုးထောင်တဲ့နေရာမှာ မျိုးချစ်စိတ်အကောင်းဆုံး ၊ လေ့လာသုံးသပ်မှု အကောင်းဆုံး ၊ ကိုယ်ကျင့်တရားအကောင်းဆုံး ၊ ဘာသာသွေးအကောင်းဆုံး ဆိုတဲ့ အတော်ဆုံးသောသူများကိုသာ ရွေးချယ်ခန့်ထားဖို့ ပြန်လည်သုံးသပ်သင့်ပါပြီ ။ 

        ယနေ့ ပညာရေးလောကရဲ့ ဦးဆောင် ပုဂ္ဂိုလ်ကြီးတွေဟာ ကျက်မှတ်ပြန်ရေး အဆင့် ထူးချွန်သူတွေပဲ များလှပါတယ် ။ ဒီအချက်ကို ပြောရမယ်ဆိုရင်ကိုယ်ပိုင်ထိုးထွင်းဥာဏ် နဲ့ တိုင်းပြည်အကျိုး သယ်ပိုးနိုင်တဲ့ ကဏ္ဍများ မှတ်မှတ်ထင်ထင် ပြသနိုင်ခြင်း မရှိသေးတာ သက်သေပါပဲ ။ 

      ယင်း ပညာတတ်ကြီးများ ပြုစုပေးလိုက်သော သင်ရိုးညွှန်းတန်းများ ၊ သင်ကြားရေး စနစ်များရဲ့ အသီးအပွင့်ရလာဒ်များကို အများစု အကျိုးပြု ရာခိုင်နှုံးဖြင့် တွက်ဆပြပါမယ် ။ 

      ဆယ်တန်းအဆင့်ထိ ပညာသင်ကြားခဲ့သော ကျောင်းသားတယောက်ရဲ့ ပညာသင်နှစ်သည်ကား အနည်းဆုံး ဆယ်နှစ်သက်တန်း ရှိပြီး တက္ကသိုလ် ဘွဲ့ရအထိ ဆယ့်လေးနှစ် သင်ကြားခဲ့ရပါတယ် ။ 

      ယင်း ဆယ် နှစ် မှ ဆယ့်လေးနှစ်အထိ သင်ကြားခဲ့ရသော အဂ်လိပ်စာ ပညာရပ်သည် သုံးစားမရသော ပညာရပ်အဆင့်နဲ့ လမ်းဆုံးသွားကြရပါတယ် ။ 

         မယုံကြည်လျှင် အရပ်ထဲရှိ ဘွဲ့ရကျောင်းသားအများစုအား အဂ်လိပ်လို ပြောကြည့်ပါ နားလည်း မလည်သလို ပြန်လည်း မပြောတတ်ပါဖူး ။ 

      ပုဂံညောင်ဦးမှာ နှစ် နှစ်လောက် ပုန်းရည်ကြီးရောင်းဖူးရင် အဲဒီ ဘွဲ့ရ ကျောင်းသားထက် ပုန်းရည်သည်က ပိုပြောတတ်ပါတယ် ။ 

      အခြားသော ပညာရပ်များတွင်လည်း ထိုနည်းလည်းကောင်း ဖြစ်နေပါတယ် ။ သီအိုရီ ဖင်ထောင်ကျက်လာပြီး ဘွဲ့ရလာသူတွေ အများစုဟာ ပြင်ပလက်တွေ့လောကမှာ မလုပ်တတ် မကိုင်တတ်တာ စိတ်ပျက်စရာပါပဲ ။ 

       အဲဒါတွေဟာ စနစ်မကောင်းခြင်း နဲ့ ဆရာတွေ ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပါတယ် ။ နည်းပညာတက္ကသိုလ်တွေမှာ ကား ဆိုင်ကယ် လေယာဉ် အင်ဂျင်တွေ အလုံးလိုက် ချပြသင်ကြားရပါမယ် ။ 
(နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ပူလီ ဆိုတာ မမြင်ဖူးလို့ လက်တွေ့ လိုက်ပြဖူးပါတယ်)

      ဘလက်ဘုတ်ပေါ်မှာ သင်ကြားပြီး လက်တွေ့မပါတဲ့ စနစ်နဲ့ ပညာရေး အဟောသိကံ ဖြစ်ကုန်တာ နှမျှောစရာ ကောင်းပါတယ် ။ 

     ကျယ်ပြန့်စွာ ဆွေးနွေးရမယ့် ကိစ္စတွေမို့ အကျဉ်းမျှပဲ တင်ပြထားပါမယ် ။ ပြောချင်တာက မျိုးချစ်စိတ် နဲ့ ပတ်သက်တာ ဖြစ်ပါတယ် ။ 

    မူလတန်း အရွယ်မှာ မျိုးချစ်စိတ် နဲ့ တိုင်းပြည်အတွက် ပြည်သူအတွက် လုပ်ပေးချင်စိတ်တွေ ၊ အများသူငှာနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ၊ လူ့ကျင့်ဝတ်တွေကို သင်ကြားချိန် ရာခိုင်နှုံး 80 % လောက် သင်ကြားပျိုးထောင်ရပါမယ် ။ 

      သင်ကြားပေးရမယ့် ဆရာရဲ့ စိတ်ဓာတ်အခံက အင်မတန် အရေးကြီးပါပြီ ။ ယခု CDM ဆရာတွေ အကြောင်းအမျိုးမျိုး ကြောင့် ပြန်လာပြီး သင်ကြပါပြီတဲ့ ၊ ကလေးတွေကို ဘာတွေ သင်ကြားပေးမယ် ထင်ကြပါသလဲ ။

      တခွန်းရ တခွန်း တပ်မတော် မကောင်းကြောင်း ၊ အမျိုးဘာသာ သာသနာ မျိုးချစ်စိတ် ဆိုတာ မထားသင့်ကြောင်း ဒါတွေ သင်ပေးမှာ စိတ်သာချပါ ။ 

       ဘာကြောင့်လဲ ဆိုတော့ CDM ဆရာအများစုဆိုတာ သူ့စိတ်ခံကိုက အနှစ်မရှိတဲ့ ဒေါ်စုကြည်ကို အကြည်ညိုလွန်နေခြင်း ၊ မျိုးချစ်စိတ်ဆိုတဲ့ စကားလုံးကို တစ္ဆေ သရဲ မကောင်းဆိုးဝါးတွေ ဘုရားစာ ကြောက်သလို ကြောက်နေခြင်းတို့ကြောင့် ဖြစ်ပါတယ် ။ 

     အနာဂါတ် အတွက် ယနေ့လို ပြဿနာပေါင်း သောင်းခြောက်ထောင် မတက်စေချင်ရင် CDM ဆရာတွေကို အလုပ်ထုတ်ပစ်တာ စိတ်အချရဆုံးပါပဲ ။ ပညာရေး လောက ဖရဲသီးတွေ အကုန်ခွဲပစ်ရပါမယ် ။

       ဆရာတွေ ရှားသွားပြီလား ၊ အထက်တန်း အဆင့်အထိ အသစ်ခန့်ဖို့ သိပ်မခက်လှပါဘူး ။ တက္ကသိုလ်တွေအတွက်လည်း နည်းလမ်းရှာလို့ ရပါတယ် ။ တက္ကသိုလ်တွေ ဖောင်းဖွနေတာ အားလုံးအသိပါပဲ ။ 

     တိုင်း နဲ့ ပြည်နယ် ၁၄ ခု တက္ကသိုလ် ၁၄ ခု သို့မဟုတ် ၂၈ ခု ပဲ ထားလိုက်ပါ ။ အရေးကြီးတာ ကျောင်းသားတွေ အတွက် နေဖို့ စားဖို့ ယခင် မဆလခေတ်ကလို အဆောင်တွေ လုံလောက်အောင် တည်ဆောက်ပေးရင် ရပါပြီ ။ 

      သင်ထောက်ကူပြည့်စုံအောင် စီမံဖို့ လွယ်သွားမယ် ၊ စီမံအုပ်ချုပ်မှု သိပ်သည်းကျစ်လစ်သွားမယ် ၊ ဒေသ အသီးသီးက ကျောင်းသူ ကျောင်းသားတွေ အပြန်အလှန် ရင်းနှီးချစ်ခင်လာကြမယ် ၊ တိုင်းရင်းသား လူငယ်တွေ အတွက် ပြည်ထောင်စု စိတ်ဓာတ် နဲ့ နားလည်စည်းလုံးလာကြမယ် ။ 

       လိုရင်ကြံဆ နည်းလမ်းရဆိုသလို လုပ်ချင်ရင် ဖြစ်ပါတယ် ။ ပညာလိုချင်သူတွေဟာ ပြည်ပထိ သွားသင်နေကြသေးတာ အားလုံးအသိပါပဲ ၊ ကိုယ့်နိုင်ငံထဲ သွားသင်ရတာ အပန်းမကြီးလှပါဘူး ။ 

        နိုင်ငံရဲ့ အနာဂါတ်အတွက် မျိုးချစ်စိတ်ဟာ အင်မတန် အရေးကြီးပါတယ် ။ မျိုးချစ်စိတ်ကို ရင်ထဲရောက်အောင် ထည့်ပေးနိုင်တာလည်း ပညာရေးဆိုတဲ့ ဝင်ပေါက်တပေါက်ပဲ ရှိပါတယ် ။ 
NLD ဟာ ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့တာ နမူနာကြည့်ပါ ။ 

      ထို့ကြောင့် အရေးကြီးသော ပညာရေးကဏ္ဍအတွက် မျိုးချစ်စိတ် မွေးမြူပေးရမယ့် ဆရာများရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးလှပါတယ် ။ 

      အနှစ်ချုပ်ပြောရလျှင် အနာဂါတ် နိုင်ငံတော် ပျက်ဆီးစေမယ့် အမုန်းမျိုးစေ့ ပျိုးပေးမယ့် CDM ဆရာတွေကို ပြတ်ပြတ်သားသား ရှင်းပစ်ဖို့ အချိန်ကောင်းဖြစ်ပါကြောင်း ထပ်လောင်း ပြောချင်ပါတယ် ။ 

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
20210825:Thuya'Crd;MyoWin
#ကိုရွှေမျိုးဝင်း