Sunday, August 29, 2021

ဖေ့စ်ဘွက်ခ်ကို နစက ကိုင်တွယ်နိုင်သလား


စကားလုံးတစ်လုံးဟာ ရိုင်းစိုင်းကြမ်းတမ်းတယ်။ 
လိင်ခွဲခြား၊ အသားအရောင်ခွဲခြား၊ လူမျိုးရေး
ခွဲခြားထားတယ်။ -တ်ဖြတ်မှုကို အားပေးထားတယ်။ အမုန်းစကားတွေကို အားပေးထားတယ်။ ဘာသာမတူ ခံယူချက်မတူသူတွေကို ဖိနှိပ်စော်ကားထားတယ် စတဲ့ 
အခြေအနေမျိုးဖြစ်လာရင် ဖေ့စ်ဘွက်ခ်က သူ့ရဲ့ AI(Artificial Intelligence) ထဲမှာ အဲဒီစကားလုံးကို 
ထည့်သွင်းလိုက်ပြီးတော့ အဲဒီစကားလုံးသုံးတဲ့ ပို့စ်တွေ 
မန့်တွေကို ချက်ခြင်းဖြုတ်ချတာ၊ အဲဒီအကောင့်ကို
ပိတ်တာ၊ အဲဒီအကောင့်ကို အပြီးသတ်
ဖျက်သိမ်းလိုက်တာမျိုး လုပ်ချတယ်။ အဲဒါကို 
f-b Algorithm လို့ခေါ်တယ်။ ခင်ဗျား f-b search မှာ နေကာမျက်မှန်ရှာမိရင် ခင်ဗျား wall တစ်ခုလုံး 
မျက်မှန်တွေချည်း တက်လာသလိုမျိုးပေါ့။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အာဏာပဋိပက္ခကြုံတယ်။ အဲဒီမွာ နှစ်ဖက်စလုံးက အမုန်းတရားကိုယ်စီနဲ့ အပြန်အလှန်ပျက်စီးခြင်းကို အားပေးတဲ့၊ ဖမ်းဆီး၊
 -တ်ဖြတ်၊ ထောင်ချ၊ မုဒိမ်းကျင့်၊ HD ဖြန့်၊ ဒလန်ဆိုပြီး အ-တ်ခံရအောင်ဖြန့် လုပ်လာတဲ့အခြေအနေမှာ F-b ရဲ့ 
AI နဲ့ Algorithm ဟာ ပို့စ်တင် မန့်တင်ရာမှာ အမုန်းစကားပါတယ်လို့ Alert ဖြစ်တာနဲ့ အဲဒီမန့်ကို ချက်ခြင်းဖျက်ချလိုက်တယ်။ AI အလုပ်မလုပ်နိုင်အောင် ရှောင်ရေးထားတယ်ဆိုရင် သိသွားချိန်မှာ အကောင့်ပိတ်တယ်။

NLD အစိုးရတက်တုန်းက SMMT ဖွဲ့ပြီး နိုင်ငံ့ဘဏ္ဏာက သန်း ၆၄၀၀ ကျော်သုံးချိန်မှာ F-b နဲ့ Deal လုပ်နိုင်ခဲ့တယ်။ F-b ရုံးက မြန်မာပြည်မှာ အေဂျင်စီတစ်ခုငှားပြီး အစိုးရနဲ့ တွဲအလုပ်လုပ်တဲ့အထိ အောင်မြင်ခဲ့တယ်။ အဲဒီကာလမှာ လိမ့်နေအောင် အကောင့်အဖျက်ခံရတာ စော်ကားခံရတာဗုဒ္ဓဘာသာ၊ NLD အစိုးရကို ဝေဖန်ထောက်ပြသူတွေနဲ့ ရဟန်းသံဃာတွေဖြစ်တယ်။ အနီးစပ်ဆုံးသက်သေပြရရင် ဗုဒ္ဓရုပ်ပုံကို ဘာသာခြားတွေ စော်ကားရင် Report ဘယ်လောက်ထုထု ဖျက်မပစ်တာမျိုး၊ NLD ထောက်ခံသူတွေ ဘယ်လောက်ဆဲဆဲ ဘယ်လိုအောက်တန်းကျကျ Blue Mark ရတာမျိုး၊ သီတဂူဆရာတော်ကို Photoshop နဲ့ စော်ကားတာမျိုး၊ mbt- weyathu ရေးမိရင် အကောင့်အပိတ်ခံရတာမျိုး၊ သာသနာ့အလံတင်မိရင် အကောင့်အပိတ်ခံရတာမျိုး၊ ကျွန်တော်တို့လို Data အချက်အလက်မှန်မှန် ဝေဖန်ကလိသူတွေ အကောင့်အပိတ်ခံရ 
အဖျက်ခံရသလိုမျိုး။ ဒါမျိုးတွေဟာ NLD အစိုးရ
လုပ်ခဲ့တဲ့ SMMTရဲ့ စွမ်းပကားတွေဖြစ်တယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် NLD အစိုးရဟောင်း သက်တမ်းမကုန်ခင်မှာ တပ်မတော်က ရုတ်တရက် အာဏာသုံးရပ်ယူတယ်။ အဲဒီအတွက် အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေက အာဏာသိမ်းတယ်သတ်မှတ်ပြီး စစ္တပ္ကို ဒဏ်ခတ်တယ်။ အဲဒီမှာ အမေရိကန်ကုမ္ပဏီလည်းဖြစ် NLD အစိုးရဟောင်း သန်း ၆၄၀၀ ကျော်သုံးခဲ့တဲ့ SMMT နဲ့ AI အသစ်တွေ ရေးခဲ့တဲ့ 
အရှိန်လည်း မကုန်သေးတဲ့ F-b က စစ်တပ်နဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာန Page တွေ၊ သတင်းဌာန Page တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အကောင့်တွေ အမြဲလိုက်ဖျက်တယ်။ တစ်ဖက်မှာ NLD နဲ့ ပတ်သက်တဲ့ NUG Page တွေ တော်လှန်ရေး Page တွေ၊ အကောင့်တွေကို သေးသေးမွှားမွှားကအစ  Blue Mark ပေးပြစ်တယ်။ (မနေ့ကတောင် 
သေနဂ် Page နဲ့ ကိုနိုင်ဆွေဦးအကောင့်ကျသွားသေးတယ် 😅 )။ SAC ဟာ F-b ကို NLD လို Deal  ဘယ်တော့မှ လုပ်ရမှာ မဟုတ်သလို ရုရှားလိုလည်း မလုပ်တတ်။(အကြံပြုထားတာတောင်မှ)။

ပြောရမယ်ဆို လက်ရှိ F-b ဟာ SAC ကို တော်လှန်ပုန်ကန်နေတာဖြစ်ပြီး NLD ရဲ့ SMMT flow အတိုင်း SMMT AI အတိုင်း ဆက်သွားနေတဲ့ အခြေအနေဖြစ်တယ်။ 
လက်ရှိမှာ နီပေါရော ဘောမရော အကောင့်တွေ ပို့စ်တွေ အပိတ်ခံနေရတာကတော့ F-b ဟာ သူက -တ်ဖြတ်အကြမ်းဖက်မှု အားပေးနေပါတယ်လို့ စွပ်စွဲခံရမှာ 
တရားစွဲခံရမှာစိုးလို့သာ NLD အစိုးရဟောင်းနဲ့ လုပ်ခဲ့တဲ့ AI ကို  Upgrade မြှင့် ကိုင်တွယ်နေတာဖြစ်တယ်။

ဒါတွေကြောင့် ဖေ့စ်ဘွက်ခ်ကို နစက ကိုင်တွယ်နိုင်သလား
ဆိုရင် No လို့ပဲ ပြောရမှာ ဖြစ်တယ်။

မှတ်ချက်။ ။ နားလည်သလောက်ရေးပြတဲ့ ဒီပို့စ်က ကြာကြာထားလို့ရမဲ့ ပို့စ်တော့မဟုတ်ဘူး။ Share တာထက် Copy ယူပါ။ ကျွန်တော်လည်း ပြန်ဖျက်ချင် ဖျက်မှာ။ အကောင့်အပိတ်ခံရနိုင်လို့ ကြာကြာမထားရဲပါ။

#

#crd

Related Posts:

  • တာ၀န်ယူတာ (၆)လကြာပြီ☆ကျွန်​တော့်ရဲ့ လက်​တွေ့ဘ၀ အ​တွေ့အကြုံအရ တပ်မ​တော်   အား နိုင်ငံ​တော်အာဏာကို တာ၀န်ယူ​  ဆောင်ရွက်​စေ ခြင်းသည် လွန်စွာပင်မှားယွင်း​သော ကိစ္စရပ်ဖြစ်သည်ဟု ယူဆမိ၊☆အဘယ့်​ကြောင့်ဆို​သော် နိုင်ငံ​တော် အာဏာ အား တပ်မ​တော်အ​နေဖြင့် ၁၉၆၂… Read More
  • အရီးဒေါ်ပုံ ဖာဖြစ်ပြီ လေးသိန်းနဲ့ ဈေးခေါ် ကြွေးကြော်တဲ့ လိင်များ...။ အရီးဒေါ်ပုံ Aအကိုက်မှာ သေလိုက်ပါလား...။ ပြည်သူကို ကာကွယ် ဖာသယ်ဖြစ်တွေ ဖြစ်သွား...။ ရန်ပုံငွေ အရှာထူးတယ် နှာဘူးမ သား...။ နန်နတ်နေနွယ်နိုင် 27 - 7 - 2021… Read More
  • #လိုင်ဇာထိုးစစ်အခြေအနေ29-7-2021အထွေထွေထိုးစစ်ဝင်မယ့်အကြောင်း မကြေညာခင် အချိန်ကတည်းက နစကတပ်တွေဟာ လိုင်ဇာရှေ့တည့်တည့် ခယော့ဘွမ်တောင်စခန်းမှာ အခိုင်အမာတပ်ဆွဲပြီး ဖြစ်ပါတယ်။ ဒေါ့ဖုန်းယန်ကနေ ခယော့ဘွမ်အထိ ရိက္ခာထောက်လမ်းကြောင်း ဖွင့်ပြီးနောက်မှာ ယခင် စစ… Read More
  • နတ်စင်ပေါ်က ဓားအတိတ် (၁)        ကျနော် ဆယ်နှစ်သားလောက်တုန်းက အဖော်တွေနဲ့ ထင်းခွေထွက်ကြပါတယ် ။ ထင်းက ပဲစင်းငုံရိတ်ပြီးသားအခင်းထဲက အပင်စိုတွေ ခုတ်ပြီးယူခဲ့ကြတာပေါ့ ။        အိမ်ရောက်တော့ တတောင်လောက်ရှိတဲ့ မီးဆိုပ်ဖို့ အရွယ် ပိုင်းဖြတ်ပါတယ် ၊ … Read More
  • နိုင်ငံအပေါ် သဘောထား ပြောင်းလဲသွားတဲ့"အောင်လ""အောင်လ"နိုင်လို့ ပျော်နေသူများကိုမေးချင်ပါတယ်-¥  "အောင်လ"ဘာကြောင့်မြန်မာနိုင်ငံအလံ မခြုံတာလဲ????¥  အောင်လက ဒီပွဲမှာ မုတ်ဆိတ်နဲ့ဆိုတာသတိထားမိပါသလဲ?¥ အောင်လက အမေရိကန်နိုင်ငံသားခံယူထားပြီဆိုတာ သိကြပါသလား?မိမိကတော့ မိမိတို့တိုင်… Read More