Monday, August 23, 2021

ဘယ်သူ့ သူငယ်ချင်းလဲ...?


       သူငယ်ချင်း နှစ်ယောက် လမ်းလျှောက်လာရင်း စကားပြောနေပြတယ် ။

"ဟေ့ကောင် မင်းက သဲကန္တရကြီးထဲမှာ ကျန်းမာရေးအတွက် လမ်းလျှောက်သွားရင်း ခြသေ့် နဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ ကွ ''

"သေနတ် နဲ့ ပစ်မယ် ကွာ ''

"လမ်းလျှောက်ပါဆို သေနတ်ဘယ်ပါမလဲ ကွ ''

"ထွက်ပြေးမယ် ကွာ ''

"ခြသေ့်က မင်းထက် အပြေး မြန်တယ် ဘယ်လွတ်မလဲ ''

"သစ်ပင်ပေါ် တက်ပြေးမယ် ကွာ''

"သဲကန္တရထဲ အပင်ကြီး မရှိဖူးလေကွာ ''

"ရေကူးပြေးမယ် ကွာ ''

"အိုအေစစ်နဲ့လည်း အဝေးကြီး ဟ ''

"နေပါအုံး မင်းက ငါ့ သူငယ်ချင်းလား ၊ ခြသေ့် သူငယ်ချင်းလား ''
-----------------------------

        ၅၀၅ တွေ မိတယ် OK ပြန်လွှတ်ပေးတယ် ။ 

      CDM တွေ လုပ်ကြ တပ်ချုပ်ကြီးကို ရစရာမရှိအောင် တပ်မတော်ကို အပုပ်ချကြတယ် OK ခွင့်လွတ်တယ် လုပ်ငန်းခွင် ပြန်ဝင်ကြ ။ 

     ပုဒ်မ ၁၄၄ ထုတ်ထားတယ် ဂရုမရိုက်ဖူး  တပ်မတော်ကို ဆူပူဆန္ဒပြတယ် ဖမ်းတယ် မိတယ် ၊ OK ခွင့်လွှတ်တယ် မိဘတွေခေါ်ပြီး ပြန်ထည့်ပေးတယ် ။ 

     နစက ရဲ့ ဆန့်ကျင်ဖက်တွေ အပေါ် သဘောထားကြီးမှုများအား ဝေဖန်ရန် အကြောင်းမရှိပါဖူး ။ 

          သို့သော်..........

        မနေ့က ဖတ်လိုက်ရတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်မိတယ် ။ တပ်တွင်းမှာ ကုသိုလ်လုပ်ဖို့ နေပြည်တော် ပျဉ်းမနား ပေါင်းလောင်း ၄ လမ်းထိပ် ဥယျာဉ်စု ရှိ မိုးပျံ ဒန်ပေါက် ဆိုင်ကို အော်ဒါ သွားမှာတော့ စစ်တပ်ကမို့ မရောင်းပေးဖူးလို့ ပြောလိုက်သတဲ့ ။ 

      ကဲ နေပြည်တော်လို အရပ်က ဒန်ပေါက်သည်ကတောင် တပ်မတော်ကို ဗြောင်စော်ကား ပြနေတာ အထက်က ဖြေလျှော့မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲ ။ 

      အရပ်ထဲမှာ PDF ကို မဆက်ဆံဖူးလို့ ပြောကြည့်ပါ မနက် မျက်နှာသစ်စရာ ခေါင်းရှိမှာ မဟုတ်တော့ဖူး ။ 

      ပြောချင်တာက တပ်မတော်ကို လူမလေး ခွေးမခန့် ဖြစ်အောင် မလုပ်ပါနဲ့တော့ ။ ပြီးခဲ့တာတွေ ပြီးပါစေ ရှေ့ဆက် စော်ကားမခံရစေရန် အတွက် အမောက်ထောင်ပြသင့်ပါပြီ ။ 

     နေပြည်တော်မှာနေပြီး တပ်မတော်ရဲ့ ကာကွယ်ပေးမှု အရိပ်အောက်ကနေ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေခွင့်ရနေတာကို ကျေးဇူးမသိပဲ စော်ကားပြနေတဲ့ မိုးပျံဒန်ပေါက်ဆိုင်ကို ပါးနားရိုက်ပြီး (တပ်မတော် တခုလုံးကို ပုဆိုးလှန်ပြတာနော် ဥပဒေစကားလာမပြောနဲ့ ကြိုက်တဲ့ ပုဒ်မ တပ်လို့ရတယ်) လုပ်ငန်းလိုင်စင် စစ်ဆေး ပိတ်သိမ်းပစ်ရပါမယ် ။ 

       ဗိုလ်ချုပ်ကြီးတဦးကို စော်ကားတာနဲ့ သာမန် ရဲဘော်ကို စော်ကားတာ အတူတူ ဆိုတဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ အဲဒီ ဆိုင်ကို အရေးယူသင့်ပါတယ် ။ 

    ငါတို့ ခေါင်းကြီးပိုင်း ဗိုလ်ချုပ်ကြီးတွေ မှ မထိတာ ထားလိုက်ပါဆိုပြီး ဥပေက္ခာ ပြုထားရင်တော့ အထက်က ပုံပြင်ထဲကလို အိမ်စောင့်အစိုးရကို ပြန်မေးဖို့ လိုနေပါပြီ ။ 

 "ဘယ်သူ့ သူငယ်ချင်း လဲ '' လို့ မေးရပါတော့မယ် ။ 

        ကိုရွှေမျိုးဝင်း

https://m.facebook.com/story.php?story_fbid=126200146402957&id=100070389154891