Tuesday, August 31, 2021

“သိက္ခာမဲ့သော နိုင်ငံရေးပြည့်တန်ဆာ” (၂)


12-8-2021ရက်နေ့ထုတ် အတွဲ(၂)အမှတ်(၃၄) GoldenHandဂျာနယ်
*********************
“သိက္ခာမဲ့သော နိုင်ငံရေးပြည့်တန်ဆာ” (၂)
==================

ဂုဏ်နှင့် ဒြပ် မလိုက်ဖက်သော် 
(၁) အမှန်အားဖြင့် သူသည် လူထုခေါင်းဆောင်ဟု အမွှမ်းတင်ခံရသော်လည်း ခေါင်းဆောင်ကောင်း မပီသ ပါ။ ခေါင်းရှောင်သူတစ်ဦးသာ 
ဖြစ်ပါသည်။ ခေါင်းဆောင်လက္ခဏာနှင့် မညီသည့်အရာများတွင် No Rohingya ဟူသော စကားတစ်လုံးကို ယခုထိမပြောသေးဘဲ 
ဆင်ခြေပေးကာ ရှောင်လွှဲနေခြင်း၊ အမျိုးစောင့်ဥပဒေ မဲခွဲဆုံး ဖြတ်မည့်အရေး၌ ပါတီ၀င်များကို ကန့်ကွက်ခိုင်းပြီး သူက လွှတ်တော်မတက်ဘဲ ခွင့်ယူသွားခြင်း စသည်တို့ ကြောင့် သူ့ကို စာရေးသူက လူထုခေါင်းရှောင်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ 
 
(၂) သူသည် “တာ၀န်ယူမှု၊ တာ၀န်ခံမှု”ကို အမြဲပြောလေ့ရှိပါသည်။ သို့သော် သူကိုယ်တိုင် တာ၀န်ယူ ဆောင်ရွက်ခြင်း၊ တာ၀န်ခံဖြေရှင်းခြင်း လုံး၀မရှိခဲ့ပါ။ သူကိုယ်တိုင် တာ၀န်ယူ၍ ပြည်သူ့အရေး ဆောင်ရွက်သည် ဟူ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတစ်ခုသာ တွေ့ဖူးပါသည်။ မြစ်ဆုံရေကာတာအရေး၌ သူ ဦးမဆောင်ပါ။ အလုပ်သမား၊ လယ်သမားအရေးတွင် သူလုံး၀မပါ၀င်ပါ။ ရခိုင်အရေးဆိုလျှင် ယခုအချိန်အထိ ရေငုံနှုတ်ပိတ်နေဆဲပင် ဖြစ်ပါသည်။ ယခုအာဏာသိမ်းပွဲ တရားခံဆိုသည်မှာလည်း သူပင်ဖြစ်ပါသည်။ တာ၀န် ယူထားသည့်သူက တာ၀န်ခံ မဖြေရှင်းသောကြောင့် အာဏာအသိမ်းခံရခြင်း ဖြစ်ပါသည်။ 
 
(၃) “ပွင့်လင်းမြင်သာမှု”သည် သူ၏လက်သုံးစကားများ ဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ လေဆိပ် အမှောင်ချခံရသည်အထိ ပိတ်လှောင်မှောင်မည်းခဲ့ရပါသည်။ တိုင်းပြည်အချုပ်အခြာအာဏာအတွက် အရေး အကြီးဆုံးကဏ္ဍများ၌ပင် သူ မပွင့်လင်းခဲ့ပါ။ ဝါကာအူဒင်၊ အိုအိုင်စီအတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံခြားသား များနှင့် နှစ်ကိုယ်တည်း တံခါးပိတ်ဆွေးနွေးသည်များက အန္တရာယ်အကြီးဆုံး ဖြစ်ပါသည်။ 
 
(၄) သူ့ကို “တရားဥပဒေစိုးမိုးရေးနတ်သမီး”ဟု အမွှမ်းတင်ခဲ့ကြပါသည်။ သူကိုယ်တိုင်ကလည်း မျက်စိကို အ၀တ်စည်း၍ ချိန်ခွင်ကိုင်တွယ်နေပုံကို ပုံစံပြကာ ဘက်မလိုက် အမှန်တရားအဖြစ် အမြဲဟောပြောလေ့ရှိပါ သည်။ သူ့လက်ထက်ရောက်မှ ဥပဒေကို ငယ်ကျွန်ကဲ့သို့ သဘောထားကာ တရားရေးကို သွန်လိုသွန်၊ မှောက် လိုမှောက် လုပ်နေပါတော့သည်။ 
 
(၅) သူသည် “လူ့အခွင့်အရေးမယ်တော်”ဘွဲ့ ရရှိထားသူဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ မြန်မာပြည်သူ များသည် ဖေ့စ်ဘုတ်လွတ်လပ်ခွင့်လေးကိုပင် မရရှိကြတော့ပါ။ 
 
(၆) သူသည် “မြန်မာ့ဒီမိုကရေစီခေါင်းဆောင်”အဖြစ် ထင်ရှားသူဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ မြန်မာ ပြည်၌ ဒီမိုကရေစီများ ပျောက်ဆုံးသွားခဲ့ရပါသည်။ သူ့ပါတီတွင်း၌လည်း ဒီမိုကရေစီမရှိပါ။ သူ့အစိုးရအဖွဲ့ အတွင်း၌လည်း ဒီမိုကရေစီမရှိပါ။ ပြည်သူများထံတွင်လည်း ဒီမိုကရေစီမရှိပါ။ သူတစ်ဦးတည်း ဒီမိုကရေစီကို မယ်ပိုင်စီးကာ ထည်လဲသုံးနေသူ ဖြစ်ပါသည်။ 
 
(၇) သူသည် “ဒုတိယဘုရားသခင်”အဖြစ် အားထားခံရသူ ဖြစ်ပါသည်။ အမှန်အားဖြင့် သူသည် “စေတန်” နတ်ဆိုးတစ်ပါးသာ ဖြစ်ပါသည်။ သူသည် တိုင်းပြည်ကို ကောင်းကျိုးမပြုသည့်အပြင် ဒုက္ခအထွေထွေကိုသာ ဖန် ဆင်းပေးသနားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။ 
 
(၈) သူသည် “ငြိမ်းချမ်းရေးမိခင်” ဘွဲ့ထူးကို ရရှိခဲ့သူဖြစ်ပါသည်။ သူသည် သူပုန်မိခင်သာ ဖြစ်ပါသည်။ သူ့ လက်ထက် ငြိမ်းချမ်းရေးမရသည့်အပြင် ဘယ်ခေတ်၊ ဘယ်အခါနှင့်မျှမတူသော ICJ တရားစွဲခံရခြင်း၊ ယခုထိ သူ့သားသမီးများ အရောင်အသွေးစုံလင်စွာ ရောင်စုံသူပုန်အသွင်ဆောင်ကာ သောင်းကျန်းနေကြဆဲဖြစ်ပါသည်။ ထို့ကြောင့် မြို့တွင်း ဆူပူသောင်းကျန်းသူတို့၏ မိခင်ကြီးအစစ် ဖြစ်ပါသည်။ 
 
(၉) သူ့ကို “ပြည်ထောင်စုမိခင်”ဟူ၍လည်း လော်ဘီလုပ်ပေးသူတို့က လော်ခဲ့ကြပါသည်။ အမှန်တွင်မူ သူ သည် ပြည်ထောင်စုပွဲစားမ အကြီးစားကြီး ဖြစ်ပါသည်။ မှန်ပါသည်။ သူသည် ၂၀၁၅ ရွေးကောက်ပွဲအကြို ကာလ၌ ရခိုင်ပြည်ကို ရောင်းစားရန် စရန်သတ်ကာ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သူ အစိုးရခေါင်းဆောင်ဖြစ်သည့် အခါ ရခိုင်ပြည်ကို အပြီးသတ်ရောင်းစားပစ်ကာ မြန်မာတစ်ပြည်လုံးကို ရောင်းစားရန် စာချုပ်အသစ်ချုပ်ဆိုကာ စရန်သတ်ထားခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ယူပြီးလျှင် မြန်မာပြည်ကို အပြီးအပိုင် ရောင်းစားရန် ပြင်ဆင်ထားပါသည်။ ထို့ကြောင့် သူ့ကို ပြည်ထောင်စုပွဲစားမ အကြီးစားကြီးဟု ခေါ်ဆိုရခြင်း
 ဖြစ်ပါသည်။

အပြောင်းအလဲလား၊ ဗလောင်းဗလဲလား 
 စာရေးသူသည် ယခင်က သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံထားခဲ့ဖူးပါသည်။ ယခုမူ ခေါင်း ဆောင်တစ်ဦးအဖြစ် ဆရာတင်ရန်ဝေးစွ၊ ၀န်းရံခြင်း၊ ထောက်ခံအားပေးခြင်း၊ သဘောတူလက်ခံခြင်းပင် မပြု လုပ်ဝံ့တော့ပါ။ သူသည် တိုင်းပြည်ကို ရောင်းစားနေသူကြီး ဖြစ်သည့်အပြင် ရှေ့စကားနှင့် နောက်စကား မညီ ညွတ်မှုများ၊ အပြောနှင့် အလုပ် မညီညွတ်မှုများက ပြည့်တန်ဆာအသွင် ဆောင်နေသောကြောင့် ဖြစ်ပါသည်။ မှန်ပါသည်။ သူနှင့်အတူ NLD ပါတီ၊ NLD အစိုးရလူကြီးများသည် စကားကို ဗလောင်းဗလဲပြောတတ်ကြပါ သည်။ လုပ်ကိုင်ဆောင်ရွက်ရာ၌လည်း ပရမ်းပတာ အလွန်နိုင်သူများ ဖြစ်ကြပါသည်။ 
 
 သူ၏ ဗလောင်းဗလဲစကားများနှင့် ပရမ်းပတာသဘောထားများကို အနည်းအကျဉ်းမျှသာ ပြဆိုပါမည်။ 
(၁) “ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီးစီးရမှာ ကျွန်မရှက်တယ်”ဟု ပြောခဲ့ဖူးသောသူ သည် “ကျွန်တော်တို့ ထမင်းငတ်နေပါပြီ အမေ”ဟူသောစကားကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရသည့်အပြင် စီးပွားရေးကျပ်တည်းမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် တစ်တိုင်းပြည်လုံး ချွတ်ခြုံကျ နေချိန်တွင် သူသည် ကားအကောင်းစားကြီးနှင့် လမ်းသလားနေခဲ့၏။ သူသာမက သူ့အဖွဲ့သားများကပါ ကျည် ကာကားအပါအ၀င် ကားအကောင်းစားကြီးများနှင့် မင်းမူနေကြ၏။ သူသည် ကားအကောင်းစားစီးရသည်ကိုပင် အားရကျေနပ်တော်မမူသေးဘဲ ပြည်သူ့ဘဏ္ဍာ ချွေးနှဲစာများဖြင့် ရဟတ်ယာဉ်ကြီး ၀ယ်စီးတော်မူခဲ့၏။ 
 
(၂) “ပွင့်လင်းမြင်သာစွာချမပြဘဲ လျှပ်စစ်မီတာခတွေ တက်မယ်လုပ်တာ အာဏာရှင်အငွေ့အသက် မကုန် သေးလို့ပဲ”။ ဤစကားဖြင့် ဦးသိန်းစိန်ခေတ်၌ မီတာခတိုးမြှင့်ကောက်ခံမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သောသူသည် သူ့လက်ထက်၌မူ လျှပ်စစ်မီတာခကို ဆင်းရဲသားပါမချန် အဆမတန် တိုးမြှင့်ကောက်ပစ်လိုက်လေ၏။ ဦးသိန်း စိန်လက်ထက်က မီတာခတိုးဖို့လုပ်ရာ၌ ဆင်းရဲသားပြည်သူများ မပါ၀င်ပါ။ အသေးစား၊ အလတ်စား လုပ်ငန်း ရှင်များမှ အကြီးစားလုပ်ငန်းရှင်များထံမှ အခွန်တိုးကောက်ပြီး ဆင်းရဲသားပြည်သူများကို အလုပ်အကျွေးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ 
 
(၃) “တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် NCA ဆွေးနွေးရာ၌ အလျင်စလို လက်မှတ်မထိုးကြ ပါနှင့်”။ သူသည် နိုင်ငံရေးဣဿာ ကြီးမားပုံရပါသည်။ အပစ်အခတ် ရပ်စဲသည်ပင်ဖြစ်စေ၊ ထာ၀ရငြိမ်းချမ်းရေး ရယူသည်ပင်ဖြစ်စေ မြန်လေ၊ ကောင်းလေ၊ ယခုရလေ၊ ယခုအကျိုးရှိလေဖြစ်ရမည်ကို လျစ်လျူရှုကာ ဦးသိန်း စိန်လက်ထက် ငြိမ်းချမ်းရေးရသွားမည်ကို မနာလိုတိုရှည်ဖြစ်သည့် စကားများကို ပြောဆိုခဲ့သော်လည်း သူ့လက် ထက်၌ ငြိမ်းချမ်းအောင်မလုပ်နိုင်သည့်အပြင် ဆိုးရွားစွာပင် ပြည်တွင်း၊ ပြည်ပ အန္တရာယ်ကျရောက်လာခဲ့ပေ သည်။ 
 
(၄) “နိုင်ငံတကာအသိုက်အ၀န်းအနေနှင့် အတိုက်အခံထက် အာဏာရအစိုးရနှင့် ပိုပြီးထိတွေ့ဆက်ဆံနေ တာ မဖြစ်သင့်ဘူး”။ ဤစကားသည်လည်း နိုင်ငံရေးမနာလို တိုရှည်ဖြစ်မှုပင်။ ဦးသိန်းစိန်လက်ထက်၌ ကမ္ဘာ့ ခေါင်းဆောင်များသည် ဦးသိန်းစိန်အစိုးရနှင့် လက်တွဲဆောင်ရွက်လျက်ရှိနေသည်ကို ကြည့်မရသောသူသည် မောင်တော်ကို အဆောင်တော်ခေါ်ကာ အနမ်းဖြင့်ကြိုဆိုသည့် နိုင်ငံရေးကြေးစားမအဆင့်ထိ ရောက်ရှိကာ အောက်ကြေးနှင့် ပေါက်စျေးပေးခဲ့ရသကဲ့သို့ ဖြစ်ခဲ့ဖူးပါသည်။ 
 
(၅) “ပြည်သူလက်မခံဘဲ ကပ်တွယ်နေမည့်သူတွေ မဟုတ်ဘူး”။ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးကာလ တွင် ပြောခဲ့သောသူ၊ ၂၀၂၀ ရွေးကောက်ပွဲသို့ရောက်သောအခါ သူကိုယ်တိုင် ဥပဒေကို ဗြောင်ကျကျကျူးလွန် ကာ မဲဆွယ်ခဲ့ပါသည်။ UEC က ပွဲစီစဉ်ပေးသူ ဒိုင်လူကြီးမလုပ်တော့ဘဲ မဲပွဲစားလုပ်ကာ သူအာဏာတည်မြဲရေး အတွက် မဲအရောင်းအ၀ယ်လုပ်နေမှန်းသိလျက် မဲတု၊ မဲလိမ်၊ မဲခိုး၊ မဲလှည့်၊ မဲပွားဖြင့် သူ မရိုးမသားအနိုင်ရခဲ့ မှန်းသိလျက် လွှတ်တော်ဇွတ်ခေါ်၍ အာဏာထပ်ယူရန်သာ အပတ်တကုတ် အားထုတ်ခဲ့ပါသည်။ 
 
(၆) “ဘယ်နိုင်ငံခြား (သား) တိုင်းပြည်ကိုမှ အားမကိုးဘူး။ ပြည်သူကိုပဲ အားကိုးတယ်”။ သူပြောခဲ့ဖူးသည် ကို မှတ်မိနေပါသည်။ ဒေါနှင့်မောနှင့် စိတ်ဆိုးလေဟန်၊ အမျက်ထွက်နေဟန် ရွှေသံတွဲတွင် ပြောခဲ့ခြင်းဖြစ်ပါ သည်။ အာနန်ကော်မရှင်ဖွဲ့သည်ကား အားကိုးခြင်းလော၊ ခိုင်းစားခြင်းလော။ နိုင်ငံခြားသားအကြံပေး သုံးရာ ကျော်ခန့်ထားသည်ကား မွေးစားခြင်းလော၊ အားထားခြင်းလော။ သူမဖြေဆိုဝံ့သော မေးခွန်းများသာ ဖြစ်ပါ မည်။ 
 
(၇) “အစိုးရက ကာကွယ်ပေးရမှာပေါ့။ အစိုးရက မကာကွယ်လို့ ဘယ်သူက ကာကွယ်ပေးရမှာလဲ” (နိုင်ငံ ခြားခရီးစဉ်) 
 “အစိုးရမှာ တာ၀န်ရှိတယ်” (ပြည်တွင်းမိန့်ခွန်း)။ ပြည်သူများအန္တရာယ်ကျရောက်လာသည့်အခါ အစိုးရ တွင်သာ တာ၀န်အပြည့်ရှိကြောင်း ပါတီခေါင်းဆောင်ဘ၀၌ ယုံကြည်ခဲ့သောသူသည် အစိုးရခေါင်းဆောင်ဖြစ် သောအခါ၌ကား “အစိုးရကိုပဲ အားမကိုးနဲ့။ ပြည်သူတွေမှာ အဓိက တာ၀န်ရှိတယ်”ဟု ပြောင်းလဲသွားကာ ဗလောင်းဗလဲစကား ဆိုခဲ့ပါလေတော့၏။ ပြည်သူတွေ ကပ်ဘေးသင့်၍ အငတ်ဘေးဆင့်ကာ သေကျေပျက်စီး နေချိန်၌မူ သူသည် အခန်းအပြင်သို့ လုံး၀မထွက်တော့ဘဲ ဗီဒီယိုတော့ရှိုးများဖြင့် ဆုံလည်လေးလှည့်၊ ခေါင်း လေးယမ်းကာ ပြုံးပန်းဝေဆာ ဆရာမကြီးဘ၀ကို ပျော်ပျော်ကြီး လုပ်နေလေတော့၏။ 
 
(၈) သူ အာဏာမရမီက ဦးသိန်းစိန်အစိုးရအား “အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့”ဟု ပြတ်သားစွာ သတိ ပေးခဲ့၏။ အစိုးရအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ အစိုးရ၏အခြေအနေကိုကြည့်ကာ ထပ်မံသတိပေးသည့် စကားဖြစ်၏။ အစိုးရဆိုသည်မှာ အဝေဖန်ခံနိုင်ရမည်ဟု ဆိုလို၏။ သို့သော် သူအာဏာရလာသည့်အခါ သူ့ အစိုးရကို ဝေဖန်သူများအား ၆၆၊ ၅၀၅၊ ၁၀၊ ၁၂၄ တို့ဖြင့် ပုဒ်မစုံလင်စွာတပ်ကာ ဖမ်းဆီးအရေးယူနေလေတော့ ၏။ ပုဒ်မ ၁၂၄ ဆိုလျှင် အင်္ဂလိပ်ခေတ်၌ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ အမှူးပြုသော မျိုးချစ်မြန်မာ့တော်လှန် ရေးသမားများကို နှိပ်ကွပ်ခဲ့သော ဥပဒေဖြစ်၏။ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း မည်သူမျှ မသုံးတော့ပေ။ အင်္ဂလိပ်မယားဖြစ်သော သူ့လက်ထက်တွင်မှ ပြန်လည်အသက်သွင်းခြင်းဖြစ်၏။ သူကား ကိုလိုနီခေတ်က ဥပဒေကို ပြန်လည်အသက်သွင်းခဲ့သော တစ်ကျော့ပြန် ကိုလိုနီမယားသာတည်း။

(၉) “ကျောင်းသားတွေ နိုင်ငံရေးလုပ်ခွင့်မပေးတာ ဒီမိုကရေစီမကျဘူး”ဟု သူကိုယ်တိုင် ရပ်တည်ပေးခဲ့ဖူး သော်လည်း သူ့လက်ထက်တွင် ကျောင်းသားနိုင်ငံရေးကို သူ မည်သို့ပြောင်းလဲပစ်လိုက်လေသနည်း။ သူသည် ကျောင်းသားနိုင်ငံရေးကို အားပေးသေးသလော။ နိုင်ငံရေးကျောင်းသားများကို ကြည့်၍ရပါသေးသလော။ 
 
(၁၀) “ဆရာတော်ဘုရားက တပည့်တော်မရဲ့ ဆရာတော်ဘုရားပါဘုရား”ဟု ယခင်က သီတဂူဆရာတော် ကြီးအပေါ် အားထားခဲ့ဖူးသောသူသည် ယခုအခါ သူ့အပေါ်ကျေးဇူးကြီးလှသော သီတဂူဆရာတော်ဘုရားကြီး ကို ပစ်ပယ်ထားကာ ကျေးဇူးကန်းသွားသည်မှာ အဘယ့်ကြောင့်ပါနည်း။ 
 
 စသည် စသည် အပုံအပင် အစုံအလင်ရှိသော်လည်း ပရိသတ်ငြီးငွေ့မည်စိုး၍ အမြည်းမျှသာ ရေးသား လိုက်ရပေ၏။ စာရေးသူတို့နယ်ပယ်တွင် စကားကို ဗလောင်းဗလဲပြောသူ၊ အပြောတခြား အလုပ်တခြား လုပ်သူ များကို “မင်း ယောက်ျားလေးဖြစ်နေလို့ တော်သေးတာ။ မိန်းကလေးသာဆို လင်ကောင်မပေါ်ဘဲ ကလေးတစ် ဒါဇင်လောက် ရမဲ့ကောင်”ဟု ရှုတ်ချစကား ပြောစမှတ်ပြုလေ့ရှိပါသည်။ ဗလောင်းဗလဲနှင့် ပရမ်းပတာ အမြဲဆန် သော သူနှင့် အဖွဲ့သားများစကား ကြားရတိုင်း ထိုစကားကိုကြားယောင်ကာ အမြဲပြုံးနေမိတတ်ပေသည်။ 
 
တောင်ပို့မယ်လော ဘုရားလော 
 “ဗလောင်းဗလဲ ပရမ်းပတာ ပြည့်တန်ဆာ။ 
 အင်း ... လူ့သိက္ခာကင်းမဲ့တော့ လူ့ပြည့်တန်ဆာ။ 
 နိုင်ငံရေးသိက္ခာ ကင်းမဲ့တော့ နိုင်ငံရေးပြည့်တန်ဆာ။ 
 ကိုးကွယ်ကြပေါ့လေ” ဘုရားအဖျက်ခံရ၍ ဒေါသထွက်နေကြသည့် လူအုပ်ကြီးက တိုင်းဖျက်၊ ပြည် ဖျက်၊ သာသနာဖျက်လုပ်ငန်း အကြီးအကျယ်လုပ်နေကြသည်ဟူ၍လည်း ဖြေဆည်တွေးလေး တွေးနေမိပေ သည်။ နိုင်ငံရေးကိုးကွယ်မှု၌လည်း ဝိပလ္လာသဟူသည် ရှိတတ်သည်ပင်။ 
 
 နိုင်ငံရေးဝိပလ္လာသ ပယ်ခွာနိုင်မှ မိမိကိုးကွယ်ရာကို အစစ်အမှန် ဟုတ်-မဟုတ် ခွဲခြားနိုင်ပေမည်။ 
 အင်္ဂလိပ်စကား ပြောတတ်ခြင်း၊ နိုဘယ်ဆုရရှိခြင်း၊ နိုင်ငံတကာက ချီးမြှင့်မြှောက်စားခြင်း ဤပေတံမျှ ဖြင့် တိုင်းတာတတ်ရုံကား နိုင်ငံရေးစစ်တမ်း မပီပြင်သေးပေ။ 
 
 “ဗိုလ်ချုပ်သမီး၊ နေအိမ်အကျယ်ချုပ် နှစ်ပေါင်းများစွာကျခဲ့သူ၊ သားပစ် လင်ပစ် ပြည်သူ့အတွက် လုပ် နေသူ”။ သံယောဇဉ်များ၊ စာနာမှုများကလည်း နိုင်ငံရေးအမြင်ကို ဖုံးလွှမ်းစေမှုတိုးပွားကာ ပုဂ္ဂိုလ်စွဲကိုသာ မြှင့် တင်ပေးနိုင်သည့် မီးလောင်ရာပင့်တတ်သည့် “ပင့်လေ”မျှသာ။ 
 
 “သူတော်စင်ပဲ၊ အရိယာပဲ၊ ဘယ်လိုတရားတွေထိုင်ကာ ဘယ်လိုပရိတ်ရွတ်တာ၊ ဘယ်လိုမေတ္တာကြီး မားတာ တွေကရော” ညာ၍ကျော်သည့် ကြော်ငြာကဲ့သို့ လော်၍ကျော်သည့် “လော်ကျော်”အဆင့်သာ ရှိပေ၏။ အမှန်အားဖြင့် လက်တွေ့ဘ၀နှင့် မိုးနှင့် မြေပမာ တခြားစီသာ ဖြစ်လေ၏။ ကုန်ပစ္စည်းကောင်းလျှင် ကြော်ငြာ အားကောင်းစရာ များစွာမလိုအပ်သကဲ့သို့ တော်လျှင် အလိုလိုကျော်မည့် “တော်ကျော်” မဟုတ်သည်ကား အမှန်။ 
 
 စာရေးသူအား လူရော၊ ရဟန်းပါ မေးမြန်းလေ့ရှိသည့် မေးခွန်းတစ်ခု ရှိပေသည်။ 
 “အရှင်ဘုရားက အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တာပါ။ အခု ဘယ်လိုဖြစ်သွားတာ လဲ” 
 “ကျုပ်လည်း အရင်တုန်းက ဘုရားမှတ်ပြီး ကိုးကွယ်ခဲ့တာပဲ။ တောင်ပို့ကြီးမှန်းသိခဲ့ရလို့ ဆက်မကိုး ကွယ်တော့တာ။ ခင်ဗျားတို့က ဘုရားထင်နေရင်လည်း ဆက်ကိုးကွယ်ကြပေါ့” 
 စာရေးသူသည် နိုင်ငံရေးကိုးကွယ်မှု မှားခဲ့၏။ ထိုအမှားနှင့်အတူ နောင်တများစွာရခဲ့၏။ မှားမှန်းမသိ သေးသော ဆရာတော်များ၊ ဒါယကာ-ဒါယိကာမများကို တွေ့လျှင်လည်း သနားနေတတ်၏။ သူတို့က မိမိ အပေါ် နှာခေါင်းရှုံ့လျှင် သူတို့ကို ပို၍သနား၏။ စော်ကားမော်ကားပြုလျှင် အသနားဆုံးပင်။ “ဘုရားက သတ္တဝါ တွေအ