Tuesday, August 31, 2021

ဝါဒဖြန့်တိုက်ပွဲ


▪ ဩဂုတ်လ၂၈ ရက်နေ့မှာ တပ်မတော်လှုပ်ရှားစစ်ကြောင်းနဲ့ MNDAA အဖွဲ့တို့က မုံးကိုးမြို့ရဲ့ အရှေ့တောင်ဘက် မီတာ ၅၀၀၀ အကွာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိပါတယ်။ စုစုပေါင်း (၂)ကြိမ်ဖြစ်ပွားပါတယ်။ အဲဒီတိုက်ပွဲမှာ အရာရှိ(၁)ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သလို စစ်သည်အချို့ ကျဆုံးခဲ့တာ ရှိခဲ့ပါ တယ်။ 

▪ တိုက်ပွဲတွေအကြောင်းမသိတဲ့ ပြည်သူတွေ တချို့နဲ့ တပ်တည် တပ်လှုပ် မသိတဲ့ ပြည်သူတချို့  အပေါ်မှာ ဒီဖြစ်ရပ်ကို အခြေခံပြီးတော့ ပြည်ပရောက် မီဒီယာတွေက ပုံဟောင်းတွေနဲ့ ဝါဒ ဖြန့်ချိတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ဥပမာ ဧရာဝတီနဲ့ ခေတ်သစ် မှာတင်တဲ့  ခမရ (၅၇၅) တပ်အလံပါတံဆိပ်တွေနဲ့ လက်နက်ခဲယမ်းတွေဟာ  တနေ့က ဖြစ်စဉ်တွေ မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲ ဆို တော့ ခမရ(၅၇၅)ဆိုတာ စကခ(၁၇)လက် အောက်ခံ တပ်ဖြစ်ပြီးတော့ သူ့ရဲ့ စစ်ဆင်ရေးနယ်မြေက  မုံးကိုးမှာ ရှိမနေတာပါပဲ။ ဒါကို စစ်ပွဲနဲ့ မယဉ်ပါးတဲ့ ပြည်သူတွေလည်းမသိသလို  ဂျင်းထည့်တဲ့ မီဒီယာကိုယ်တိုင် သူတို့ သုံး လိုက် တဲ့  တပ် ရဲ့တည်နေရာကိုတောင် မသိတဲ့သဘောပါပဲ။ 

▪တကယ်တော့ မုံးကိုးမှာ အခြေချနေတဲ့ တပ်တွေက စကခ (၁၂)လက် အောက်ခံ တပ်တွေ ဖြစ်ပါတယ်။ ဒီတပ်တွေက မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်း၊ တာရွှေထန်နဲ့ ကုန်ကြမ်းဆိုတဲ့နယ်မြေတွေကို ခု မှရောက်နေ တဲ့ သူငယ်နှပ်စား တပ်တွေမဟုတ်ပါဘူး။ တိုင်းမှူး  ဗိုလ်ချုပ်စောသန်းလှိုင် လက်ထက်ကတည်း က ရောက်နေတဲ့ တပ်တွေဖြစ်လို့ ဒီနယ်မြေနဲ့ မစိမ်းတဲ့သူတွေဖြစ်ပါ တယ်။ အဲဒီ စကခ(၁၂)အနေနဲ့ မုံးကိုးမှာ စစ်ဆင်ရေး ဆောင်ရွက်နေတာဟာ (၄)နှစ် ကျော် ကာလ ပတ်ဝန်းကျင်အထိ ရှိနေပြီလည်းဖြစ်လို့ နယ်မြေအတွေ့အကြုံ ရင့်နေတဲ့ တပ်တွေ လည်းဖြစ်ပါတယ်။ ခုဖြစ်စဉ်မှာလည်း နယ်မြေကျော်ပြီး စခန်းဆောက်နေတဲ့ MNDAA တပ် စခန်းတွေကို တိုက်ဖို့အသွားမှာတင် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။  

▪တကယ်တော့  လက်ရှိမြေပြင်မှာ PDF စခန်းတွေ အများအပြား အတိုက်ခံ ရတာ၊ ဖမ်းဆီးခံရတာ၊ လက်နက်ခဲယမ်းတွေ အများကြီး သိမ်းဆည်းခံရတာ တွေ ကြောင့်  အတော်လေးလည်း အထိနာနေပြီလည်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရန်သူစခန်းကုန်းတိုက်ရင်တောင် အဲလောက်များတဲ့ လက်နက်/ခဲယမ်းတွေရဖို့ မလွယ်ပါဘူး။ ဒီကြားထဲ  တောတွင်းရောက် GZ တွေ ရဲ့   ဘဝပျက်နေတဲ့ အခြေအနေတွေနဲ့ EAOs တွေရဲ့ အကြပ်ကိုင် ထိန်းသိမ်းမှုတွေအောက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်လေးလည်း ပြိုကွဲ နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ခုလို တိုက်ပွဲအသေးစားလေးကိုမှ တခမ်း တနား ဖော်ပြပြီး ဖြစ်စဉ်အဟောင်းပုံတွေနဲ့ တန်ပြန်ဝါဒဖြန့် တိုက်ပွဲဖော်ပြမှု သပ်သပ်ကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 
▪ ပြန်ချုပ်ရရင်  ဧရာဝတီနဲ့ခေတ်သစ်တို့မှာ တင်တဲ့ပုံတွေက မုံးကိုးမှာ စစ်ဆင် ရေးထိုး နေတဲ့ တပ်မဟုတ်ဘူး။လုပ်ကြံသတင်းဖော်ပြမှုသာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲလုံးဝမဖြစ်ခဲ့တာမျိုး မဟုတ်ဘူး။ ဩဂုတ်လ 
၂၈ ရက်နေ့မှာ ထိတွေ့မှုဖြစ်တယ်။ စစ်သည်တချို့ကျဆုံးခဲ့တာရှိတယ်။ အဲ့ဒီအတွက်လည်း ကုန်ကြမ်းအပေါ်မှာ ထိုင်နေတဲ့ ရှေ့တန်းတပ်မက ဖိဖိ စီးစီး လုပ်ကိုင် နေတာ ရှိတယ်။ ကျန်တာတော့ စစ်ဆင်ရေးကိစ္စမို့ ဒီထက်ပိုရှင်းပြလို့ မရတော့ဘူး။ အဓိက ကတော့ ပြည်သူတွေ ချင့်ယုံကြဖို့ပဲဖြစ်ပါတယ်။ 

#ဖိုးစီ
(ရှေ့တန်းစစ်ဆင်ရေးရောက် သူငယ်ချင်းကိုလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းထားတဲ့  အသံဖိုင်ပါ ထည့်ပေးထားပါတယ်)