Friday, August 27, 2021

ဗုဒ္ဓသာသနံ🙏 စိရံ တိဋ္ဌတု🙏လို့ ပါးစပ်ကအော်နေရုံနဲ့ မပြီးဘူး ။

စာသင်/စာချ ၊ တရားဟော/တရားပြ လုပ်နေရုံနဲ့လည်း ကာလရှည်ကြာ မတည်ဘူး ။

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး သာသနာ့တက္ကသိုလ်ကြီး နာလန္ဒာမှာ စာသင်သားသောင်းကျော် စာသင် / စာချ ၊ တရားဟော / တရားပြလုပ်နေကြတုန်း ဘာသာခြားမြင်းစီးတပ်ဖွဲ့ကြီးဝင်လာပြီး လည်ပင်းတွေဖြတ်သတ် မီးလောင်တိုက်သွင်းခဲ့လို့ တစ်ဦးမကျန်သေခဲ့ရပြီး သာသနာလည်း ကွယ်ခဲ့ဖူးတယ် ။

BC (၃)ရာစုခန့်က တည်ထားခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး လှောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးက ပါကစ္စတန်နိုင်ငံ ၊ ဟာပူရီခရိုင်မှာ တည်ရှိတယ် ။
ဒါပေမယ့် ပါကစ္စတန်မှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပြီ ။

AD (၆)ရာစုခန့်က ထုလုပ်ထားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မတ်ရပ်ရုပ်ပွားတော်မြတ်ကြီးဟာ အာဖဂန်နစ္စတန်နိုင်ငံ ၊ ဘာမီယန်တောင်တန်းဒေသမှာ တည်ရှိခဲ့ဖူးတယ် ။ ဒါပေမယ့် အာဖဂန်နစ္စတန်မှာလည်း ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပြီ ။
ရုပ်ပွားတော်မြတ်ကြီးဟာလည်း သိပ်မကြာသေးခင် လွန်ခဲ့တဲ့ ၂၀၀၁ခုနှစ် မတ်လ ၁၁ ရက်နေ့က တစ်စစီဖြစ်အောင် ဗုံးခွဲဖျက်စီးပစ်တာကို ခံခဲ့ရလို့ ခုတော့ မရှိတော့ဘူး ။

AD (၈)ရာစုခန့်က တည်ထားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဗောရောဗုဓ စေတီတော်မြတ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ တည်ရှိတယ် ။
ဒါပေမယ့် အင်ဒိုနီးရှားမှာလည်း ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရပြီ ။

အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရတာ ရဟန်းသံဃာတော်တွေ စာသင်/စာချ ၊ တရားဟော/တရားပြ မလုပ်ခဲ့လို့ မဟုတ်ဘူး ။ ဗုဒ္ဓဘာသာဝင်ပြည်သူတွေ ဘာသာ သာသနာကို မကြည်ညိုခဲ့လို့ မဟုတ်ဘူး ။ 

#အစိုးရကဘာသာခြားဖြစ်သွားလို့ ။

#အစိုးရကဗုဒ္ဓသာသနာကိုမကာကွယ်လို့ ။

#အစိုးရကဗုဒ္ဓသာသနာကိုမချီးမြှောက်တော့လို့ ။

#အစိုးရကဗုဒ္ဓသာသနာကိုဖိနှိပ်ခဲ့လို့ ။

#အစိုးရကဗုဒ္ဓသာသနာဖျက်စီးပစ်လိုက်လို့ ။

သာသနံနာမ ရာဇပဓာနံ တဲ့ ။
သာသနာဆိုတာ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အစိုးရပေါ်မှာ မူတည်တယ် ။
တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်သူတွေက ဗုဒ္ဓသာသနာကို မချီးမြှောက်တော့ဘူး ၊ ဖိနှိပ်လာပြီဆိုပြီဆိုရင် ဗုဒ္ဓသာသနာ ကွယ်သွားမှာပဲ ။

ဒါကြောင့် ဗုဒ္ဓသာသနာကို တကယ်မြတ်နိုးရင် ၊ ဗုဒ္ဓသာသနာကို တကယ်ကာကွယ်ချင်ရင် ဗုဒ္ဓသာသနာကို ချီးမြှောက်ထောက်ပံ့မယ့် ၊ ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးမယ့် ၊ ဗုဒ္ဓသာသနာကို အကာအကွယ်ပေးမယ့် သူတွေကို အစိုးရအဖြစ် တင်မြှောက်နိုင်ဖို့လိုတယ် ။

ကမ္ဘာ့သာသနာ့သမိုင်းလည်း သေချာလေ့လာကြ ။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု လို့ အော်နေရုံနဲ့ မရဘူး ။
ရဟန်းသံဃာတွေက
စာသင်/စာချ ၊ တရားဟော/တရားပြ လုပ်နေရုံနဲ့လည်း မရဘူး ။
ဒကာ ဒကာမတွေဘက်ကလည်း
ဘုရားသွား ကျောင်းတက် ရိပ်သာဝင် လုပ်နေရုံနဲ့လည်း မရဘူး ။
#ဖိုတို  ထိုင်းတောင်ပိုင်းက ဆရာတော်တွေ ဆွမ်းခံထွက်ရင် စစ်တပ်ကလုံခြုံရေးယူပေးမှ ထွက်ရဲတဲ့ပုံ။

#သိရိန္ဒ(ဆားအိုးကြီး)👍👍👍👍👍