Tuesday, August 31, 2021

မင်းတို့ရှင်းလေ နိုင်ငံရေးသေလေ နစ်မြုပ်လေပဲ


ဒီတိုင်းဆိုရင်တော့ တစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာနေလိုသော ပြည်သူတွေဟာ မင်းတို့အတွက်တော့ ဒလန်ပဲဖြစ်နေလိမ့်မယ်။ 

တကယ်တော့ nug လည်း အရူးခွေးမွေးသလို ဖြစ်နေပါပြီ။ 

ကို့ခွေးကို မနိုင်တော့တဲ့ အခြေအနေပါ။ 

လက်နက်ကိုင်အဖွဲ့အစည်း ဖွဲ့ပြီး
လူအတွက် ဥပဒေ မရှိ လက်နက်အတွက်
ဥပဒေ မရှိတော့ သူတို့ကိုယ်တိုင်
Pdfကို မကိုင်တွယ် နိုင် တော့တဲ့ အခြေအနေပါ။ 

ဒါ့ကြောင့် pdf ကို နိုင်ငံရေးအရ
အကာအကွယ်မပေးနိုင်ပဲ အာဆီယံ ရဲ့
အကြမ်းဖက်အဖွဲ့အစည်း ဖြစ်လာရတာပါ။ 

ဒီနိုင်ငံမှာ ဒီတပ်မတော်ကို ထောက်ခံတဲ့
လူတွေက တစ်နိုင်ငံလုံးမှာ
ရေတွက်လို့ မကုန်ပါဘူး။ 

မင်းတို့ အကုန်ရှင်းမှာလား။ 

လက်နက်ကိုင်အဖွဲ့အစည်း အဖြစ်ရပ်တည်
ဖို့ဆိုတာ စစ်ဘက်ပြစ်မှတ်တွေကို
တိုက်ခိုက်နိုင်သော စွမ်းရည်ရှိရပါတယ်။ 

လက်နက်မဲ့ ပြည်သူ ဆိုတာက သူထောက်ခံချင်တဲ့
အဖွဲ့အစည်းကို ထောက်ခံမှာပေါ့။ 

ဒါကို လက်နက်ကိုင်ပြီး လက်နက်မဲ့ ပြည်သူတွေကို
ဒလန် ဆိုပြီး လိုက်လံ အကြမ်းဖက်တော့
လုပ်လေ ပြည်သူ့ချဉ်ဘက်ဖြစ်လေ
နိုင်ငံရေးသေလေပဲ။ 

အိမ်စောင့်အစိုးရက မင်းတို့လုပ်ရပ်ကို
လက်ညိုးလေးညွှန်ပြရင်း ညွှန်ပြရင်းနဲ့
အပေါ်ကို ရောက်သွား ရတာကွ။ 

ဒါကို ဇဝေဇဝါကောင် အခုထိ သဘောမပေါက်
ရှာဘူး။ ဟိုက အဲ့လို မင်းတို့ လုပ်လာအောင်
နိုင်ငံရေးထောင်ချောက် လုပ်ပြီး ဟ ပေးထားတာဟ။ 

မင်းတို့ လုပ်နေတာ သူ့ကိုမှ မထိခိုက်တာ
နိုင်ငံရေးဆိုတာ အဲ့တာပဲ ကွ။ 

မင်းတို့ သည် သူတို့ပုလ္လင် ကို မထိခိုက်စေပဲ
ပိုမို ခိုင်မာအောင် လုပ်ပေးနေကြတာပါ။ 
ပြည်သူကို လက်နက်မဲ့ သူတွေကို မင်းတို့အကြမ်း
ဖက်လေလေ သူ့ပုလ္လင်က ပိုခိုင်မာလေလေပဲ။ 
အခုထိ ပိန်းကြတုံး။ 

မင်းတို့ရဲ့
ဒီလုပ်ရပ် ဒီစိတ်ဓာတ်တွေ နဲ့ ဒီမိုကရေစီနိုင်ငံကြီးမှာ
အစိုးရ ပြန်ဖြစ်ဖို့ 

မြို့ပေါ်က ကောင်ကော တောထဲကောင်တွေကိုကော
ပြောလိုက်မယ် ရူးနေကြလားလို့။ 

မင်းတို့ အစိုးရ ဖြစ်အုံး၁၉၆၀ ဝန်းကျင်က
ကမ်ဘောဒီးယားမှာ ခမာနီ အစိုးရလိုပဲ မင်းတို့ကို
မထောက်ခံတဲ့ ပြည်သူဆိုရင် မင်းတို့ အကုန်ရှင်း
ကြ အုံးမှာပါ။ 

အဲ့တာ မင်းတို့ပြောပြောနေတဲ့ ဒီမိုကရေစီတဲ့လား။ 

မဲကိစ္စ တုံးကလည်း ဒါမလုပ်နဲ့ ဒါတွေ လုပ်ပါ။ 

ဒါတွေ မလုပ်ရင်ကျရှုံးလိမ့်မယ်လို့ တိတိကျကျ သုံးသပ်
ရေး သားပေးခဲ့တယ်။ 

ရက်ပိုင်းပဲ ကြာတယ် ကျရှုံး တာပဲ။ 

မဲကိစ္စပြီး လို့ ဆန္ဒ ပြ ဆူပူကြတယ်။ အေးချမ်းစွာနဲ့
နိုင်ငံရေးနည်းနဲ့သွားကြပါ ဆိုတော့
စက်ရုံ အလုပ်ရုံ စာသင်ကျောင်းမီးရှို့ 
လမ်းတွေပိတ်ကြတယ်။ 

အဲ့ တာတွေကို အစိုးရ က နှိမ်နင်းတော့ 
နိုင်ငံရေးအရဝင်ဆန့်အောင် နိုင်ငံရေးအဖွဲ့အစည်း
တစ်ခု တည်ဆောက်ပါလို့ သုံးသပ်ပေးခဲ့တယ်။ 

ဖြစ်မလာပဲ လက်နက်ကိုင် လမ်းစဉ်ကို သွားကြတယ်။ 

ဟုတ်ပြီ Nld ပါတီအောက်မှာ လက်နက်ကိုင်
အဖွဲ့အစည်း တစ်ခု ရှိလာပြီ
ဘာတွေ လုပ်မလဲ ဆိုတော့  ပါတီ မတူကြတဲ့
ပြည်သူချင်းကို လက်နက်ကိုင် ပြီးအကြမ်းဖက်တယ်။ 

စစ်တပ်ကြတော့ လောက်လောက်လား မတိုက်နိုင်
ဘူး။ 

အဲ့တော့ Nldပါတီ တစ်ခုလုံး နိုင်ငံရေး မှာ မသေသေ
အောင် သတ်လိုက်တာ အိမ်စောင့်အစိုးရ မဟုတ်
ပါဘူး။ 

နိုင်ငံရေးကိုနားမလည်ပဲ စိတ်ခံစားချက်ကို ရှေ့တန်း
တင်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဦးတည်သွားအောင်
လှုံ့ဆော်ခဲ့ကြသူတွေပါ။ 

ဘာမှ ဖြစ်မလာတော့ဘူး။ ပွဲက ပြီးသွားပါပြီ။ 

ပြည်သူကို စစ်ကောင်စီ သတင်းပေး ဘာညာ
မင်းတို့မှမင်းတို့ခေါင်းစဉ်ပေးပြီးအကြမ်းဖက် အုံးမလား။ 

လုပ်ကြလေ အဘ တွေက မင်းတို့လုပ်နေတာကို
လက်ညိုးထိုးပြပြီး နိုင်ငံရေး နေရာ ခိုင်မာလာမှာပါပဲ။ 

လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ကို့သတင်း
မပေါက်အောင် ကိုယ်တိုင် တည်ဆောက်ရတယ်။  

သတင်းပေါက်တာကိုညံ့လို့  အဲ့တာကို နားမလည်ပဲ
လက်နက်မရှိသူတွေ ကို မင်းတို့ စွတ်စွဲ အကြမ်းဖက်
နေတာဟာ မင်းတို့ရဲ့ ကျရှုံးခန်းကို ပိုမိုမြန်ဆန်
စေမှာပဲ ဖြစ်တယ်။ 

Kyaw Swar


Related Posts:

  • PDF တွေ အကြမ်းဖက် လူသတ်နေကြလို့ လခရအတွက် အခြေအနေအချိန်အခါအရ ကိုမိုက်ကယ်လုပ်မယ့်တပ်မတော်ထောက်ခံပွဲ မလုပ်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့တယ် ့့့နိုင်ငံတကာဖိအားတွေ UN နဲ့ နိုင်ငံကြီးတချို့ရဲ့ဖိအားတွေကြောင့် အာဆီယံအဖွဲ့အစည်းကြီးက မူလကျင့်ဝတ်တွေကို ချိုးဖောက်လာနေတော့ အ… Read More
  • ကမ်းခြေ နဲ့ သဲဖြူတန်ဖိုး            ကျနော်က အညာသားစစ်စစ် ဖြစ်ပြီး ဧရာဝတီမြစ်ဘေး ကျင်လည်ခဲ့သူတယောက်ဖြစ်ပါတယ် ။ ရေကျချိန် နွေ နဲ့ ဆောင်းမှာ မြစ်ဘေးက ဖြူဖွေးနေတဲ့ သဲသောင်ပြင်ကြီးကို တပင်တပန်း ဖြတ်သန်းပြီးမှ ရေရှိတဲ့ မြစ်ထဲ အရောက်သွားကြရတာ မှတ်မိပါတယ် ။… Read More
  • တစ်ပင်ထဲ အတောင့် ၇၀၀ကျော် ပါသောမြေပဲပင်အတိတ်တဘောင် နိမိတ်ဆောင်လို့ ယနေ့ထူးခြားလွန်းလို မျှဝေပါတယ်။ တောင်သာမြို့နယ် ချောက်ခွရွာ တောင်သူဦးဖိုးဌေးယာခင်းမှ အတောင့် ၇၀၀ကျော် ပါသောမြေပဲပင် (တစ်ပင်ထဲကနော်)။ တစ်သက်တစ်ကိုယ် မကြားဘူးမမြင်ဘူးပါ။ အံ့ဘွယ်နိမိတ် မင်းကောင်းမင်းမ… Read More
  • အာဆီယံက နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားစစ်ကောင်စီဘက်ကစေလွှတ်ဖို့မသေချာမနက်ဖြန် အောက်တိုဘာ ၂၆ ရက်မှာ အာဆီယံထိပ်သီးအစည်းအဝေးတွေ စတင် ကျင်းပတော့မှာဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ ကိုယ်စားလှယ်စေလွှတ်ဖို့ မဆုံးဖြတ်ရသေးဘူး လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော… Read More
  • နေပြည်တော်တွင် တပ်မတော် ထောက်ခံပွဲ ကျင်းပ................နေပြည်တော်၊ အောက်တိုဘာ ၂၅နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်ကွင်းအတွင်းတွင် အင်အား ၁၅၀၀ ခန့်ဖြင့် တပ်မတော်ထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Photo #Than Wai Soe (MyanmaPlatform)… Read More