''အကျွန်ုပ် သတ္တိရှိပါတယ်
ဒီမှာကြည့်''
ဆိုပြီး သူဗိုက်ကိုဓါးနဲ့ ထိုး ခွဲ
အူကို ဆွဲထုတ် သူကိုယ်တိုင်ဖြတ်ကာ
''အရှင် ဒီတစ်စကို ကိုင်ထားပါ''
ဆိုပြီး
နောက်ကိုဆုတ်ရင်း ဆုတ်ရင်း
အူအထွေးလိုက်ကို ဆွဲဆန့်ရင်း
သူ့သတ္တိကိုပြရှာတယ်
ဘုရားရင်ပြင်တော်ပေါ်မှာဘဲ
သွေးထွက်လွန်လဲကျပြီး
အသက်ထွက်သွားရှာတာပေါ့.....။
အဲ့ဒီအချိန်မှာ
ဘုရင်နောင်က
ဘာပြောလည်းဆိုတော့
''ဒါဟာသတ္တိ မဟုတ်ဘူး မိုက်ရူးရဲတာ''တဲ့
''ဒီလိုမိုက်ရူးရဲတဲ့သူမျိုးနဲ့ နိုင်ငံတော်ကို
တည်ဆောက်လို့ မရဘူး''
လို့မှတ်ချက်ချခဲ့တယ်.....။
တစ်ချို့
တိုက်ပေါ်ကခုန်ချလိုက်တာနဲ့
သတ္တိဖြစ်သွားရောလား.....။
သူရဲကောင်းဖြစ်သွားရောလား.....။
တချို့
ထမီခြုံလိုက်တာနဲ
သတ္တိဖြစ်သွားရောလား.....။
သူရဲကောင်းဖြစ်သွားရောလား.....။
မြို့ပေါ်မနေရဲလို့ထွက်ပြေးရတဲ့သူက
တောထဲရောက်မှ သေနတ်ကိုင်ပြနေတာနဲ့
သတ္တိဖြစ်သွားရောလား.....။
သူရဲကောင်းဖြစ်သွားရောလား.....။
မိုက်ရူးရဲခြင်းနဲ့
သတ္တိရှိခြင်းက
အဓိပ္ပါယ်မတူသလို
အဆုံးသက်တွေလည်း မတူပါဘူး...။
#Credit