Tuesday, August 24, 2021

PDF တို့ နေဝင်ချိန်


        NLD ပြုတ်သွားတော့ မဲသူခိုး အမတ်တွေရဲ့  CRPH ပေါ်လာတယ် ။ CRPH ကနေတဆင့် NUG ဆိုတဲ့ ဇော်ဝေစိုးတို့ မွေးဖွားလာတယ် ။ NUG လေပေါ် အစိုးရက တဆင့် PDF ဆိုတဲ့ လူယုတ်မာ GZ တွေ မွေးဖွားလာတယ် ။ 

        CDM မလုပ်တဲ့ အပြစ်မဲ့ ဝန်ထမ်းတွေကို သတ်ဖြတ်ကြတယ် ၊ ကြံ့ခိုင်ပါတီဝင်တွေ သတ်ကြတယ် ၊ အရပ်သားတွေကို ဒလံဆိုပြီး သတ်ကြတယ် ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို သတ်ကြတယ် ၊ ဘုန်းကြီးတွေလည်း သတ်ကြတယ် ။

     စျေးမီးရှို့တယ် ၊ ကျောင်းဗုံးခွဲတယ် ၊ ရွာမီးရှို့တယ် ၊ အောက်ဆီဂျင်ကား မီးရှို့တယ် ၊ Q စင်တာ ဗုံးခွဲတယ် ၊ ဆေးရုံဗုံးခွဲတယ် ၊ နောက်ဆုံး ပဌာန်းရွတ်နေတဲ့ ဓမ္မာရုံ အထိ ဗုံးခွဲလာကြတယ် ။ 

     အင်မတန် လူမဆန်သော ကမ္ဘာ့ အယုတ်မာဆုံး PDF GZ တွေကို ညှာတာနေတဲ့ နစက ကိုလည်း ပြည်သူတွေ အပြင်းအထန် ဝေဖန် ရှုံ့ချလာကြပြီး တပ်မတော်ကိုပါ လေးစားအားကိုးရခြင်း မထိုက်တဲ့ အဖွဲ့အစည်း အဖြစ် ရှုမြင်လာကြတယ် ။ 

        ဒီအချိန်ကြမှ တပ်မတော်လည်း ထကြွလုံ့လ ထားပြီး အကြမ်းဖက် လူယုတ်မာ PDF သုတ်သင်ရေး စီမံချက် စတင်ဆောင်ရွက်လာကြပါတယ် ။ 

     စကထမှူး ၆ ယောက်လုံး မိမိတို့ ဆိုင်ရာ စစ်ဒေသများသို့ အနီးကပ် ကြီးကြပ် နှိမ်နင်းလာကြပါပြီ ။ 

     ရေသောက်မြစ်တွေ ဖြစ်တဲ့ KIA. KNU KNPP နဲ့  ချင်းသူပုန်ပါ မကျန် PDF ကို လက်ခံထားသူ မှန်သမျှ ချေမှုံးရေး ပြုလုပ်ခဲ့ပါတယ် ။ 

        PDF နဲ့  NUG တို့  အရမ်းအထင်ကြီးနေတဲ့ KIA ဘာတွေ လုပ်ပြနိုင်ပြီလဲ ။ အလော့ဘွမ် ၊ လဂျားယမ် ၊ ခရောဘွမ် တောင်ကြား အားလုံးကို တပ်မတော်က သိမ်းပိုက်ပြီး လိုင်ဇာကို ပိတ်ဆို့ထားပြီးပြီ ၊ ကျားငနားလို့ နွားချမ်းသာနေရတဲ့ အခြေအနေ ပဲ ။ 

      KIA အတွက် ဟိုနား တကွက် ၊ ဒီနားတကွက် မစို့မပို့ တိုက်ကွက်ဖော် အာရုံပြောင်း အဆင့်ပဲ လုပ်နိုင်တော့တာ အရှိတရားပါပဲ ။

      နောက် ဆရာကြီး လုပ်နေတဲ့ KNU ကြည့်ပါ ။ တပ်မဟာ ၅ ဆိုပြီး ထင်ရာစိုင်းနေတဲ့ ဘောကျော်ဟဲ ဘယ်အခြေအနေ ဖြစ်နေပြီလဲ ။ သူအလွန် မက်မောလှတဲ့ ရွှေတွင်းတွေ နဲ့ ရွာကြီး ၉ ရွာ တပ်နတော် နဲ့ BGF ထိုးစစ်ကြောင့် ပြောင်သလင်းခါသွားပြီ ။ ဖာပွန်ဌာနချုပ်တောင် ကျသွားလို့ ကော်သူလေးထိ ပြေးရပြီဆိုတာ မြေပြင်သတင်းမှန်တွေ ဖြစ်ပါတယ် ။ 

      တပ်မဟာ ၆ ဒူပလာယာ ခရိုင်မှာ ဖက်ခွက်စား သူတောင်းစားအကြီးစားတွေ ထားပြီး လုပ်စားနေကြတယ် ။ ယောင်တောင်တောင် GZ လေးတွေ တပတ် သင်တန်းဆင်းပြီး တိုက်ကွက်ဖော်ဖို့ အန်ဖလေး ရွာဖက် ဆင်းလာတုန်း တပ်မတော် နဲ့ BGF က ဆုံးမ လိုက်တာ ၃၂ လောင်း မကောက်နိုင်ပဲ ထားခဲ့ရတယ် ။ 

          အခု KNU အတွက် ဒုချုပ် ကိုယ်တိုင် တပ်မ ၄၄ ကို ရောက်နေပြီလို့ သိထားရပါတယ် ။ 

       နောက်ထပ် PDF တို့ရဲ့ ဆရာ KNPP အကြောင်း ဆက်ပါအုံးမယ် ။ 

    KNPP ကိုယ်တိုင် ကြေးကြီးပေးပြီးခေါ်ထားရတဲ့   Free Burma Rangers ပြည်ပကြေးစား အဖွဲ့တွေပါ ကျကုန်တဲ့အထိ ဆော်ပစ်တာ မြန်မာ့တပ်မတော်ပါ ။
ဒီမောဆို၊ ကုန်းသာ၊ စံပြ၊ ငွေတောင် ဒေသတွေက GZ စခန်းတွေ အကုန်သိမ်းကျုံး တိုက်ပစ်တယ် ။  ဌာနချုပ်ရင်းညာမိုကုန်း ပဲ ယဲ့ယဲ့လေး ကျန်တော့တယ် ။ 

      နောက် ချင်းတွေလည်း ငရုတ်နဲ့ပေါင်းလို့ ဘဝပျက်နေတာ မြင်မကောင်းတော့ဘူး ။ 

       တပ်မတော်ဟာ EAOs တွေ အပေါ် သူ့နယ် ကိုယ့်နယ် စည်းကမ်းတကျ စောင့်စည်းထိမ်းချုပ်ထားခဲ့တာ ကြာပါပြီ ။ 

     သို့သော် PDF နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးပြီး ဖြစ်လို့ ယခုလို EAOs တွေရဲ့ အတွင်းသည်းအထိ ထိုးဖောက်စစ်ဆင် သိမ်းပိုက်ပစ်တာ မလွန်ပါဘူး ။ 

       မြို့ပေါ် ရောက်နေတဲ့ PDF တွေလည်း စစ်ကြောစခန်း မဆန့်မပြဲ ဖြစ်ရတဲ့ အထိ ဖမ်းဆီးစစ်ဆေးနေရလို့ ယာယီ စစ်ကြောရေး စခန်း အသစ် နှစ်ခု ထပ်မံ တိုးချဲ့ထားရတဲ့ အထိ ဘဝ ပျက်နေကြပါပြီ ။ 

          EAOs တွေ အတွက် အင်မတန် ထူးဆန်းတဲ့ စစ်ရေးသမိုင်း နဲ့ ကြုံတွေ့နေရတာပါ ။ မြန်မာ့တပ်မတော်ဟာ တသက်လုံးက မိုးရာသီဆိုရင် ထိုးစသ်မဆင်ခဲ့ကြပါဖူး ။ 

      လေကြောင်း ပစ်ကူ အခက်အခဲ ၊ လက်နက်ကြီး ပစ်ကူ အခက်အခဲ နဲ့ ချီတက်ရာ အခက်အခဲတွေကြောင့် ဖြစ်ပါတယ် ။

     ယခုတကြိမ်မှာတော့ ပြည်သူတွေကို လူမဆန်စွာ ယုတ်မာရက်စက်နေတဲ့ PDF နဲ့ ပတ်သက်နေကြခြင်း အပြင်း တပ်မတော်သုံး နည်းပညာများ အဆင့်မြင့်လာခြင်းကြောင့် လေကြောင်းပစ်ကူ နဲ့ လက်နက်ကြီးပစ်ကူ အတွက် မိုးရာသီ အခက်အခဲကို သာသာယာယာ ကျော်လွှား ထိုးစစ်ဆင်နိုင်ပြီဖြစ်လို့ ယခုလို စီမံပုံ ရပါတယ် ။ 

        မြန်မာ့ တပ်မတော် ရဲ့ လူယုတ်မာ PDF GZ မျိုးဖြုတ် စစ်ဆင်ရေး နဲ့ EAOs အမြစ်ဖြတ် စစ်ဆင်ရေး အောင်မြင်မယ့် သတင်းကောင်းကို စောင့်မျှော်လျှက်.......

        ကိုရွှေမျိုးဝင်း













Related Posts:

  • အကယ်၍ ဤသို့ဖြစ်လာသော် (What if ?)ဒလန်ရှင်းလင်းရေးဟူသော ခေါင်းစဉ်နှင့် သတ်ဖြတ်နေခြင်းများကို မေးရမည်ဖြစ်သည်။ ဒလန်ရှင်းလင်းရာတွင် PDF များမှ အရပ်သားများကိုသတ်ဖြတ်ခြင်းသာမက ၎င်းတို့အချင်းချင်း ပြန်လည်သတ်ဖြတ်ခြင်းများလည်း ရှိလေသည်။ ယခုသေဆုံးခဲ့သောသူများထဲတွင် ဒလ… Read More
  • နိုင်ရင် စည်းစိမ်နဲ့အာဏာကို ငါတို့ယူမယ် ။ရှုံးရင်မင်းတို့အသက်တွေကို ပေးဆပ်လိုက် ။ဘာမှမရေရာသေးခင်မင်းတို့က မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်ငါတို့က လိုင်းပေါ်က လေနဲ့တိုက်ပွဲဝင်မယ် ။မင်းတို့ကလူသနားအောင် တောထဲမှာနေပြီး ဒုက္ခမျိုးစုံ ခံကြငါတို့ကလူကြားကောင်းအောင်အဲကွန်းခန်းထ… Read More
  • သေနတ်နဲ့ ကျည်ကာတွေ ယူနီဖောင်းအချို့ကို စုဆောင်းကာ ကြိုတင်ရိုက်ကူးထားတဲ့ပုံတွေနဲ့ ဂျင်းထည့်နေပြန်ပီ.သူတို့မသိတဲ့ ဟာကွက်က- ဦးထုတ်အမဲလေးက အသက်?- လွယ်အိတ်လေးက အသက်?- တစ်ဦးက ပြောက်ကျား၊ တစ်ဦးက စစ်စိမ်းအကျီလေးက အသက်?( စစ်တပ်မှာ အစိမ်းဆိုအစိမ်း၊ ပြောက်ကျားဆို ပြောက်ကျားဝတ်ရတာ.. တိုင်းမှူးတောင် ချွန်ထွက်ပြီးကြိုက်တာ ဝတ်လို့မရ… Read More
  • "ကြန့်ကြာနေသောစီမံကိန်းများကိုစတင်..."ဒီရက်ပိုင်းအချို့သောသူတွေကလိုင်းပေါ်မှာရုရှားကမြန်မာပြည်မှာနူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ပေးမယ်ဆိုပြီးသတင်းတွေတက်လာတာတွေ့နေရလို့.....အမှန်တစ်ကယ်ကဘရွှေကြီးလက် ထက်၂၀၀၇ကတည်းကရုရှားတို့နဲ့နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့စ… Read More
  • " အမြင်မတူ၊ ဖြတ်သန်းပုံမတူ "                           မမျှော်လင့်ပဲ ကျောင်းဆရာတစိတ်တပိုင်းဖြစ်လာတော့     ဘမောင်အပါအဝင် မြန်မာတွေမတိုးတက်ရခြင်းအကြောင်း     သုတေသနလုပ်ဖြစ်သွားတယ်၊     ပုံကိုကြည့်ရင် ....     တခြားတဖက်ကဘာလို့ကွဲပြားနေရတာလဲဆိုတဲ့ အသိဝင်တာန… Read More