Tuesday, August 31, 2021

ဘာသာလူမျိုး စည်ပင်ဖြိုးအောင်


အရိုးစည်းလို  ထိုးမည်ဆိုလည်း

ထိုးတိုင်းမရ. ကျင့်ပျက်လှ၍

ဓနဥစ္စာ  မက်မောတာကြောင့်

အသိအားနည်း  ပညာမွဲ၍

ဘာသာခြားနောက်  ကောက်ကောက်ပါအောင်

လိုက်သူရှိက. ငါတို့အရိုး

စည်းရိုးထိုးလည်း  စည်းရိုးသာလျှင်

အဖတ်တင်လိမ့်

ဘာသာအသွင်  မပျက်ချင်က

ကိုယ့်ဘာသာတွက်  အားရုန်တက်၍

ဘာသာအသိ  ရင်ထဲထိအောင်

သိအောင်သင်ပေး  ပညာရေးဖြင့်

အနှစ်သိအောင်  အရင်ဆောင်ခါ

သင်ပေးနိုင်မှ  တော်ကာကြလိမ့်

ငါတို့နေရာ  ဤကမ္ဘာ၌

ဘာသာပေါင်းစုံ  ရှိပါတုံလည်း

သစ္စာအနက်  ဤလေးချက်ကို

တို့ဘုရားသာ  ဟောနိုင်ပါ၏

သိပ္ပံနည်းကျ  တွက်ချက်ကလည်း

ရုပ်နာမ်အတွင်း  ဖြစ်တည်ခြင်းနှင့်

ပျက်ချုပ်မရဏာ  သဘောကျခါ

သိပ္ပံဆရာ  လက်ဖျားခါ၏

အကြမ်းအနု  နှစ်ခြမ်းပြု၍

ဗုဒ္ဓဘာသာ  ကိုယ့်ဘာသာကို

ကာကွယ်သောသူ  ရဟန်းလူကို

ဆဲဆိုကြမ်းတမ်း  နှုတ်သရမ်းက

သင်ဟာလူလား  တခြားလားလို့

စာပြုဆရာ  ငါမေးပါပြီ

ဖြည်းဖြည်းစဉ်းစား  ဖြေကြည့်လော့။

#လောကသရဖူမှန်ကင်း