Monday, August 23, 2021

လုပ်ရပ် နဲ့ စေတနာ


        မြန်မာပြည်မှာ အလွန်ဂွင်တဲ့ ဌာနကြီး တခုရှိပါတယ် ။ အဲဒါကတော့ ပြန်ကြားရေးဌာနပါပဲ ။ ဘယ်ကနေ ဂွင် ဖန်လို့ ရနေတုန်း ဆိုတော့ ပညာရေးဝန်ကြီး ဌာနနဲ့ လက်ဝါးခြင်း ရိုက် ပေါင်းစားကြတာပါ ပဲ ။ 

      စစ်အစိုးရ တလျှောက် ပြန်ကြားရေးဌာနပိုင် ပုံနှိပ်စက်တွေကနေ ပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းသုံးစာအုပ်တွေကို စာမျက်နှာ တဖက် ၃ိ - ၃၀ါး နဲ့ တနှစ် တနှစ်ကို စာမျက်နှာပေါင်း သန်းပေါင်းများစွာ ရိုက်ခဲ့ကြပါတယ် ။ 

      ဦးသိန်းစိန် လက်ထက်မှာ ပညာရေးဝန်ကြီး ဒေါက်တာမြအေး ဖြစ်လာတော့ ပြင်ပ ပုဂ္ဂိလိက ပုံနှိပ်သမားတွေက စာမျက်နှာတခုကို ၂ိ - ၁၀ါး နှုံးနဲ့ ရိုက်ပေးပါ့မယ်လို့ တင်ပြလာတယ် ။ 

    မယုံကြည်နိုင်တဲ့ ဝန်ကြီးသစ်က ရိုက်ခိုင်းလိုက်တယ် ၊ အဆင်ပြေတယ် ပိုငွေ ဘီလီယံပေါင်း ၆၀ လောက် ထွက်လာတယ် ။ ကျောင်းဆောင်အသစ်တွေ တသောင်းကျော် တည်ဆောက်ပေးနိုင်ခဲ့တာ တသက်လုံးက ပြန်ကြားရေးပုံနှိပ်တိုက်ရဲ့ အမြတ်ကြီးစား ငွေကနေ ပြန်ရလိုက်တဲ့ ငွေကြေးပဲ ဖြစ်ပါတယ် ။ 

     ဒေါက်တာမြအေး တာဝန်ထမ်းဆောင်ဆဲကာလ သေသွားတဲ့ အခါ စားနေကြကြောင်ဖား ပြန်ကြားရေးဌာနက ပုံနှိပ်လုပ်ငန်းကို သူ့လက်ထဲပြန်ယူပြီး ဘဏ္ဍာငွေ ပိုကုန်အောင် လုပ်ပြန်ပါတယ် ။ ဝန်ကြီး အသစ် ဒေါ်ခင်စန်းရီ ကို ပြန်လည်တင်ပြပါတယ် ။ ဝန်ကြီးအသစ်ကလည်း ဘဏ္ဍာငွေ သက်သာမယ့် ပုဂ္ဂိလိက ကိုပဲ ပြန်ချပေးလို့ ပြန်ကြားရေး ပုံနှိပ်လုပ်ငန်း နှာတင်းခဲ့ပါတယ် ။ 

       အစိုးရ အပြောင်းအလဲ ဖြစ်တော့ လုပ်လက်စ ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းတွေ လက်စသပ်ပြီးတာ နဲ့  NLD ပညာရေး ဝန်ကြီး သူခိုးမျိုးသိန်းကြီး နဲ့ ပြန်ဝန် ဖေမြင့်တို့ လက်ဝါးချင်းရိုက်ပြီး ပုံနှိပ်လုပ်ငန်းကို မောင်ပိုင်စီးပါတယ် ။

      တင်ဒါ စနစ် နဲ့ လုပ်ရမယ်ဆိုတဲ့ ဥပဒေအရ တင်ဒါခေါ်ပါတယ် ။ ပုဂ္ဂလိက လုပ်ငန်းရှင်က စာရွက်အကောင်းစား (မစေးမကပ် ရေစိုခံ မှင်ဖျက်ခံ) မှင် အကောင်းစား (အရောင်မမှိန် ၊ ပါးစပ်ထဲဝင်လည်း အန္တရာယ် မရှိ ) စာရွက်ဆိုဒ်လည်း အင်တာနေရှယ်နယ် အဆင့် လုပ်ပေးပါတယ် ။ စျေးနှုံးလည်း ချိုပါတယ် ။

      သို့သော် NLD ပညာရေးဌာန ဝန်ကြီးသည် စာရွက်အမျိုးအစား စေးကပ်အညံ့ ၊ စာရွက်ဆိုဒ် ဆိုဒ်ဆုံ ၊ မှင် အညံ့စား အရောင်မွဲ အဲဒီ အဆင့်ပဲ ရှိတဲ့ ၁၉၅၄ ခုနှစ် သုံး ပုံနှိပ်စက် အဟောင်း နဲ့ ရိုက်နှိပ်ထုတ်ဝေတဲ့ ပြန်ကြားရေး စာအုပ်တွေကို စျေးတူပေးပြီး လုပ်စေခဲ့ပါတယ် ။ 

       ဦးသိန်စိန်လက်ထက်က လက်ကျန် ပုဂ္ဂလိက အကောင်းစား စာအုပ်များ နှင့် နှိုင်းယှဉ်ကြည့်လျှင် အရည်အသွေး များစွာ ကွာဟနေကြောင်း ထင်ရှားသဖြင့် အကောင်းစား ပုံနှိပ်လက်ကျန်များအား ယနေ့တိုင် ပညာရေးဝန်ကြီး ဌာန ဂိုဒေါင်တွေထဲမှာ သိမ်းဆည်းထားကြောင်း စစ်ဆေးနိုင်ပါတယ် ။ 

        ပုဂ္ဂလိက လုပ်ငန်းရှင်က သဘာဝမကျတဲ့ တင်ဒါရွေးချယ်မှု အတွက် စောဒက တက်ရာတွင် NLD ပညာရေးဝန်ကြီး မျိုးတုံးကြီးက 

"ခင်ဗျား မှန်တယ် အရည်အသွေးကောင်းတယ် စျေးချိုတယ် ဒါပေမယ့် ကျုပ်မလုပ်ဖူး ဗျာ ခင်ဗျားနဲ့ ဘယ်တော့မှ မလုပ်နိုင်ဖူး ''

     ဆိုပြီး မောက်မာရိုင်းစိုင်းစွာ ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနပိုင် ပုံနှိပ်လုပ်ငန်းဖြင့်သာ အရည်အသွေး ဘက်စုံညံ့ဖျင်းသော စာအုပ်များအား စျေးကြီးပေးကာ နိုင်ငံဘဏ္ဍာကို ပူးပေါင်းခိုးယူခဲ့ကြပါတယ် ။ 

      အဲဒါကြောင့် NLD လက်ထက်မှာ ပညာရေး ဘက်ဂျက်အား ဦးသိန်းစိန်ထက် နှစ်ဆ သုံးသည်ဟု ကြွေးကြော်သော်လည်း ထင်ရှားသည့် တည်ဆောက်မှု မယ်မယ်ရရ မပြနိုင်ပဲ ပြည်သူ့ဘဏ္ဍာများအား ခိုးယူနိုင်ခဲ့ကြပါတယ် ။ 

        ဒီဖြစ်ရပ် နှစ်ခုကို နှိုင်းယှဉ်ပြီး ဘယ်မူ ဘယ်ဝါဒ ၊ ဘယ်လူက တိုင်းပြည်အတွက် ကြည့်ခဲ့သလဲ အကျိုးများခဲ့သလဲ ဆိုတာ ယခု အိမ်စောင့်အစိုးရ သတိထားမိစေရန် တင်ပြလိုက်ပါတယ် ။ 

         ကိုရွှေမျိုးဝင်း 

(အထက်က ကောင်းမွန်တဲ့ ညွှန်ကြားချက် ပေးထားပေမယ့် လက်တွေ့လုပ်သူက ဥာဏ်နည်းပြီး ကိုယ်ကျိုးရှာ ထင်ရာလုပ်ခဲ့ရင် ဒီလို တလွဲဖြစ်တတ်ပါတယ်)