■ ကနဦးအစက ကယားပြည်နယ်မှာ ရှိတဲ့ PDF တွေကို ဝတ်စုံ၊ ငွေကြေး၊ ဆေးဝါးတွေ ထောက်ပံ့ပေးနေတဲ့ မျိုးပပကို ဩဂုတ်လ ၁၂ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ Star City အိမ်ရာ၊ အခန်းအမှတ် (A3/1023)မှာ ဖမ်းဆီးရမိခဲ့တာက စပါတယ်။
■ သူရဲ့ထွက်ဆိုချက်ကနေပဲ စင်ကာပူရောက်မြန်မာတွေက ထောက်ပံ့ပေးတဲ့ မြန်မာငွေ သိန်း ၂၀၀ ကျော်ကို အသုံးပြုပြီးတော့ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF(Karenni Nationalities Defense Force)အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်းဝယ်ယူဖို့ နဲ့ ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ဖို့ အကြမ် ၂၀ အထိ လုပ်ဆောင်ခဲ့တယ်။
■ ဆက်စပ် ကွင်းဆက်လိုက်ရာကနေ လင်းလင်းခိုင်(ခ)ထွေးခိုင်နဲ့ အကြမ်းဖက် PDF သင်တန်းဆင်း ရဲနိုင်ထွေး(ခ) ကိုရဲတို့ကို ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ လွိင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ အိမ်အမှတ်(၆၄)မှာ ဖမ်းဆီးရမိခဲ့တယ်။
■ သူတို့(၂)ဦးရဲ့ ထုတ်ဖော်ပြောကြားချက်တွေကနေပဲ ဘော်လခဲမြို့၊ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ M-16 ၄ လက်၊ MK-12 ၃ လက်၊ ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၉၀၆ တောင့်အပါအဝင် ဆက်စပ်ပစ္စည်းများနဲ့အတူ တရားခံ(၁၀)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်။
■ အဆိုးဆုံးကတော့ ဖမ်းမိတဲ့ အကြမ်းဖက် PDF အဖွဲဝင် ၁၀ ဦးစလုံးက ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ဒီးမော့ဆိုရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်အနီးက လုံခြုံရေးတပ်ဖွဲဝင်တွေကို တိုက်ခိုက်ခဲ့မှု၊ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ Church ကျောင်းအနီး ကတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ကြကြောင်း ဝန်ခံပြောဆိုခဲ့တယ်။
■ ထောက်ပံ့ပေးသူတွေ မရှိတော့သလို ပအိုဝ့်လက်နက်ကိုင်အဖွဲ့နဲ့လည်း အဆင်မပြေ တော့တဲ့ အတွက် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာသလို ဖမ်းဆီးရမိသူတွေရဲ့ ထုတ်ဖော် ပြောဆိုမှုတွေကြောင့် ရပ်တည်ဖို့ ခက်ခဲလာတာတွေ့ရတယ်။ လေးဘက်လေးတန် ပိတ်ဖို့ လွယ်တဲ့ ကယားလိုနေရာမျိုးမှာ စစ်ကိုခေါ်ခဲ့သူတွေ သေချာပေါက်ပြန်ပေးဆပ်ရပါလိမ့် မယ်။
#ဖိုးစီ