ရန်ကုန်၊ သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လျှပ်စစ်ရုံးအနီး၌ အထုပ်တစ်ထုပ်ကို ကောက်လိုက်တဲ့ ၁၃ နှစ်အရွယ်ရှိ ကလေးငယ်ဟာ အဆိုပါ အထုတ်အတွင်းမှ NLD အကြမ်းဖက်အုပ်စုက ထည့်သွင်းထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ဆေးရုံကို ပို့လိုက်ရတဲ့ ဖြစ်စဥ်တစ်ခု သြဂုတ် ၃၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ယခုအခါ အဆိုပါကလေးငယ်ဟာ ဆေးရုံမှာတက်ရောက်ကုသမှု ခံယူလျှက်ရှိကာ ဗုံးထိမှန်ခဲ့တဲ့ ယာဘက်လက်ကို လက်ကောက်ဝတ်ကနေ ဖြတ်ထုတ်လိုက်ရပြီး ဆေးဝါးကုသဖို့အတွက်လည်း ငွေကျေးအခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
#MHTnews