ဒီ ပို့စ်ကို ဇွန်လတုန်းက ဇောင်းထနေတဲ့ PDF GZ လေးတွေ နဲ့ အနူတော လူချောလုပ်နေတဲ့ KNU တပ်မဟာ ၅ အတွက် သနားလို့ ကြိုရေးပြီး သတိပေးခဲ့ပါတယ် ။ ပြန်ဖတ်ကြည့်ပါ ။
.......2019 မှာ ဝယ်ယူထားတဲ့ အရေအတွက် အစီး ၂၀ လုံး လက်ခံရရှိခဲ့တာကနေ မြန်မာ့ လေတပ်သမိုင်းကို အဆင့်မြှင့်ပေးခဲ့တာ Mig 29 S /SE (4 th generation) တွေပါပဲ ။
အဆင့်တူ 4th တွေထဲမှာ ရုရှားထုတ် Mig 29 SE ဟာ ထိပ်တန်းအဆင့်ဖြစ်ပြီး ယနေ့တိုင် နိုင်ငံအများအပြား သုံးစွဲနေကြဆဲ ဖြစ်ပါတယ် ။
4th gen. .ဆိုပေမယ့် Mig 29 S /SE. တွေဟာ မြေပြင်တိုက်ခိုက်ရေးမှာ အကန့်အသတ်နဲ့သာ စွမ်းဆောင်နိုင်ပါတယ် ။ ဒါ့ကြောင့် မြန်မာ့တပ်မတော်အတွက် အသုံးတဲ့သော ဘက်စုံသုံးတိုက်လေယာဥ်အဆင့် Mig 29 SM အဖြစ် ရုရှားက အဆင့်မြှင့်ပေးလိုက်ပါတယ် ။ အီလက်ထရောနစ် စနစ် အနည်းငယ် နိမ့်ကျနေတာက လွဲပြီး လက်နက် နဲ့ အခြားစွမ်းရည်တွေက 4+gen. . အဆင့် Mig 29 SMT အဆင့်ရှိနေပါပြီ ။
Mig 29 SM တွေဟာ ပဲ့ထိမ်းဒုံး ၊ ရေဒါဖျက် ဒုံး ၊ တိကျသော Lasar and TV Guided ပဲ့ထိမ်းဗုံး ၊ မြေပြင်တိုက်ခိုက်ရေး Designation Pod ၊ ECM Pod တွေပါ တပ်ဆင်နိုင်ပါတယ် ။ ရေပြင်မှာလည်း တာဝန်ထမ်းဆောင်နိုင်ပါတယ် ။
ပစ်မှတ်ကို 100 km ကနေ RCS 5 sqm အရွယ်ရှိတဲ့ ပသ်မှတ်ကို 80+km ကနေ ပစ်နိုင်ပါတယ် ။ ပစ်မှတ် ဆယ်ခုကို တပြိုင်နက်ထဲ သတ်မှတ်နိုင်ပြီး တကြိမ်ကို ပစ်မှတ် နှစ်ခုနှုံးနဲ့ ပစ်ခတ်နိုင်ပါတယ် ။
နောက်ထပ်အဆင့်မြင့် လေယာဥ်ကတော့ ရုရှားရဲ့ နောက်ဆုံးပေါ် လေ့ကျင့်ရေးလေယာဥ် YAK 130 အစီး ၁၈ စီး နဲ့ ဂျာမဏီထုတ် Grob G1 20 TP. ၂ဝ စီး တို့က အသစ် တွေ ဖြစ်ပါတယ် ။
ဒီလေယာဥ်တွေက 4th+ gen.. နဲ့ 5 gen.. တို့လို နောက်ဆုံးပေါ်တိုက်လေယာဥ်တွေ မောင်းနှင်နိုင်ဖို့ ကြိုတင်လေ့ကျင့်ရမယ့် လေယာဥ်တွေပါ ။
ဒါတွေက မြန်မာ့ လေတပ်အတွက် Mig 29 SM နေရာမှာ SU 30 နဲ့ SU 57 တို့ကို ကျောရိုးထားတော့မယ် ဆိုတဲ့ လက္ခဏာပါပဲ ။
JF 17 လို ခေတ်မှီ ဘက်စုံသုံးလေယာဥ် တွေဟာလည်း သောင်းကျန်းသူ အဆင့်နဲ့တောင် မထိုက်တန်တဲ့ လေယာဥ်တွေ ဖြစ်ပါတယ် ။
ယနေ့ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေမှာ ဘာသံမှ မကြားရပဲ ပေါင် ၃၀၀ ဗုံးတွေ အကြဲခံရပြီး အများအပြား သေဆုံးခဲ့ရတယ်လို့ KIA က ပြောခဲ့ပါတယ် ။
ကျနော်ထင်တာကတော့ အသံတိတ်လေယာဥ်ဆိုတာ မကြားဖူးပါဘူး ။ အသံထက် မြန်လွန်းလို့ အသံက နောက်ကျရောက်လာတာ ဖြစ်ပါမယ် ။
တမျိုးဖြစ်နိုင်တာကတော့ ယနေ့ မြန်မာ့တပ်မတော်ရဲ့ အမြှောက်ကဏ္ဍကို ပြန်ကြည့်ရပါမယ် ။ နောက်ဆုံးပေါ် ၁၅၅ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေဟာ ပစ်မှတ်ကို ကွန်ပြူတာ နဲ့ တွဲဖက် ချိန်ရွယ်ပြီး ၃၃ မိုင် အကွာအဝေးကနေ တိကျစွာ ပစ်ခတ်နိုင်ပါတယ် ။
ယခင်က ပစ်မှတ်တွေကို ရှေ့တန်းကနေ လူနဲ့ အကဲခတ် မှတ်ပုံတင်ရပါတယ် ။ ယနေ့ဆိုရင် ရုရှားကနေ မကြာသေးမှီက ရယူထားခဲ့သော OL 10E လို ထောက်လှမ်းရေး ဒရုန်း နဲ့ ပစ်မှတ်လမ်းညွှန် ကိုသြဒီနိတ် ဖတ်မှတ်ပြီးတာ နဲ့ ၁၅၅ က ပစ်ခတ်နိုင်ပါပြီ ။
ကျည်ဆံတတောင့်ဟာ ပေ ၁၀၀ ပတ်လည်ရှိ လူအားလုံးကို သေစေနိုင်အောင် ပေါက်ကွဲအားပြင်းထန်ပါတယ် ။ ဒါကြောင့် KIA တွေက ပေါင် ၃၀၀ ဗုံး သုံးတယ်လို့ ယူဆဟန် ရှိပါတယ် ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ ဌာနချုပ်တွေကို ထိုင်ရာမထ ပစ်ခတ်ချေမှုံးနိုင်ပါတယ် လို့ ပြောသွားတာဟာ ကြွားတာမဟုတ်ဖူး ဗျ ။ လေ့လာသူတွေ သိကြပြီးဖြစ်မှာပါ ။
ကျနော်ပြောချင်တာက မြန်မာ့ တပ်မတော်ကို အထင်သေးပြီး သူပုန်ကို ဖအေခေါ်ချင်နေတဲ့ တိုင်းပြည်သစ္စာဖောက်တွေ အတွက် နှစ်ပေါင်း ၇၀ ကျော် တော်ထဲကနေ မြို့ပေါက်စတခု ၊ စခန်းကုန်းတခုကိုတောင် လပိုင်းအထိ မသိမ်းနိုင်ခဲ့တဲ့ သူပုန်တွေဆိုတာ သိဖို့ပါပဲ ။
ကျား သနားလို့ နွားချမ်းသာနေတာကို အထင်ကြီးနေတဲ့ G Z တွေ အတွက်တော့ ZERO ရလာဒ်နဲ့ ဘဝပျက်ရုံမှ တပါး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။
.....ကဲ သူပုန်ကို အားမကိုးရလို့ ပြည်ပတပ်တွေကို ပထွေးတော်ပြီး မျှော်ချင်နေပြီလား ။
လတ်တလော သတင်းလေးတွေ ဖတ်ကြအုံး ။
ရုရှားကြီးက သူတို့ရဲ့ နောက်ဆုံးပေါ် လေကာ S 500 လက်ထဲ ကိုင်ထားပြီ ။
.......S 400 ကို ထုတ်ရောင်းတော့မယ် ။
နိုင်ငံတိုင်းကိုတော့ ရောင်းပေးမှာ မဟုတ်ဖူး ။
အထူးဦးစားပေး အနေနဲ့ မြန်မာကို ရောင်းချပေးဖို့ စာရင်းသွင်းထားတယ် ။
......မြန်မာ့တပ်မတော်က ဝယ်မဝယ်တော့ မသိဖူး လောလောဆယ်တော့ S400 ထိမ်းချုပ်ပစ်ခတ်စနစ်ကို မြန်မာ့တပ်မတော်သားတွေ သွားပြီး သင်တန်းတက်နေလေရဲ့ ။
.....S 400 မပြောနဲ့ အခု မြန်မာ့တပ်မတော်ရဲ့ လက်ဝယ်ရှိ S 300 ကိုတောင် အမေရိကန်တွေ ပစ်ချလို့ မရသေးဖူးလို့ ဆိုကြပါတယ် ။
.....လာအို နိုင်ငံမှာ ရုရှားအခြေစိုက် လေတပ်စခန်းကြီး လာချထားတာ အလကားတော့ မဟုတ်ဖူးလောက်ပါဖူး ။
ဒါကြောင့် ပြည်ပအိပ်မက် ဂယောက်ဂယက်တွေလည်း နိုးထကြပါတော့။
.......ပြောချင်တာက နီပိန်းတွေအတွက် မျှော်လင့်ချက် ဆိုလို့ မြူတမှုံစာမျှတောင် မရှိတော့ဘူး ။ အခုဖြစ်နေတဲ့ အနေအထားဆိုတာ မီးလောင်ထားတဲ့ မြေပေါ်မှာ အပူငွေ့ ကျန်နေသေးတဲ့ အခြေအနေတခုပါပဲ ။
အဲဒီလို ကျကျနန ရေးထားတာကို လှောင်ပြောင်ခဲ့ကြသေးတာ မှတ်မိပါတယ် ၊ ဘာတဲ့ တူမီးတောင် မနိုင်ဘူးတို့ ၊ AA တောင် မနိုင်ဘူး တို့ နဲ့ ပြောခဲ့ကြပါတယ် ။
ယနေ့ အထက်ဖော်ပြပါ လက်နက်တွေထက် စွမ်းတာတွေထပ်မံ ရောက်ရှိနေပါပြီ ။
ရာသီဥတု ဘယ်လောက်ဆိုးဆိုး မြန်မာ့တပ်မတော် ထိုးစစ်ကို အနှောက်အယှက် မပေးနိုင် မတားဆီးနိုင် တော့ပါဘူး ။
ယခင်က တရုတ်မှ စက်ရုံလိုက် ဝယ်ယူထားတဲ့ ဒရုန်းတွေဟာ ရာသီဥတု နဲ့ တောတောင်ထူထပ်ရင် ထောက်လှမ်းဖို့ အခက်အခဲ ရှိခဲ့ပါတယ် ။
ယခု ရုရှားထုတ် OL 10 E ဒရုန်းတွေကတော့ PDF GZ လေးတွေ ငပိဖုတ် နဲ့ မသေထမင်း မသေဟင်း စားနေတာကိုတောင် ထောက်လှမ်းနိုင်ပါပြီ ။
ကရင်စစ်ဦးချုပ် စောဂျော်နီလည်း NCA လမ်းကြောင်းသွားမှာဖြစ်လို့
ယနေ့ မိုးထဲလေထဲ အကြိတ်ခံနေရတဲ့ တပ်မဟာ ၁ ၊ ၂ ၊ ၅ ၊ ၆ တို့အတွက် ကာကွယ်မပေးနိုင်ဖူးလို့ လေသံ ထွက်လာရပါပြီ ။
ကရင်မှာ ၁၅၅ ဟောင်ဝစ်ဇာ တွေနဲ့ ထယ်ထိုးပြီး လေယာဥ်သစ်တွေ နဲ့ ဗုံးမိုးရွာနေတော့ KIA တို့ လေသံပြောင်းလာရပါပြီ ။
နိုင်ငံရေးနည်းလမ်း နဲ့ ညှိနှိုင်းရမယ် ဘာညာ ဆိုပြီး လေပြေထိုးလာရပါပြီ ။
မနေ့တနေ့ကမှ စစ်ကောင်စီကို ချေမှုံးမယ် ဘာညာ နဲ့ မရှက်မကြောက် ကြုံးဝါးနေတဲ့ KIA တွေ အခုလို ဖင်တုန်သွားတာ မြန်မာ့တပ်မတော်ရဲ့ ထက်မြတ် တိုးတက်လာတဲ့ ချေမှုံးရေး စွမ်းရည်တွေကို သိသွားလို့ပါပဲ ။
အလွန်လုံခြုံတယ် ထင်ပြီး ဖက်ခွက်စားတွေ ခိုအောင်းနေတဲ့ လေးကေကော် ဆိုတာ မြဝတီကနေ ခပ်လှမ်းလှမ်း အကွာမှာပဲ ရှိတာပါ ။
NCA စည်းကမ်းအရ တပ်မတော်က မတို့မထိလို့ လုံခြုံနေတာ ဖက်ခွက်စားတွေ မသိပဲ လေကျယ်နေတာပါ ။
ယခုဆိုရင် KNU တပ်မဟာ ၁ ၊ ၂ ၊ ၅ ၊ ၆. တို့ရဲ့ ကာကင်းတွေ အတော်များများ တပ်မတော် နဲ့ BGF အဖွဲ့တွေ သိမ်းပြီးပါပြီ ။
မကြာမှီ PDF မွေးဖွားရာ ရေသောက်မြစ် ဖြတ်တောက်ခံရပြီး မြန်မာပြည် ငြိမ်းချမ်းသွားပါလိမ့်မယ် ။
ဒီတခါတော့ တသက်လုံးက ကောင်းကျိုးမပေးခဲ့တဲ့ ယုံကြည်ဖွယ်မရှိသော ကလိမ်ကကျစ် KIA ကို ချမ်းသာပေးဖို့ အစီအစဥ် မရှိဘူး ဆိုတဲ့သတင်း ကောင်းလည်း ကြားရပါတယ် ။
ကိုရွှေမျိုးဝင်း